သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက် စာနာမှုအကူ မရောက်အောင် ဟန့်တားဖျက်ဆီးတဲ့ အစ္စရေးလ်အုပ်စု ကန် ဒဏ်ခတ်အရေးယူ


အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Matthew Miller
အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Matthew Miller

ဂါဇာဒေသခံတွေအတွက် သေရေးရှင်ရေးတမျှ အရေးပါတဲ့ လူသားစာနာမှုအကူညီတွေ မရောက်အောင် ထပ်တလဲလဲ ပိတ်ဆို့ တားဆီးခဲ့တဲ့ အစ္စရေးဇာဗ် (Tzav 9) အဖွဲ့ဝင်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။

ဒီအဖွ့ဲဝင်တွေဟာ ဂျော်ဒန်ကနေ ဂါဇာကို အကူအညီပစ္စည်း ပေးပို့တဲ့လမ်းကြောင်းမှာ လမ်းတွေကို ပိတ်ဆို့ပြီး ပစ္စည်းတွေ မပို့နိုင်အောင် လုပ်ခဲ့ကြောင်းနဲ့ သူတို့ကြောင့် ထရပ်ကားတွေ ပျက်စီးခဲ့ရသလို ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း လမ်းတွေပေါ် လွှင့်ပစ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒါ့အပြင် ဂါဇာမှာ အငတ်ဘေး လျော့ပါးအောင်နဲ့ ဂါဇာက လူသားစာနာမှ အခြေအနေ ပိုဆိုးမသွားအောင် ကာကွယ်ဖို့ ဒီအထောက်အကူတွေ ပေးပို့နိုင်ရေးဟာ သိပ်အရေးပါကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရ Matthew Miller ကပြောပါတယ်။

အခု အရေးယူမှုဟာ ဖေဖေါ်ဝါရီလတုန်းက သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတ အမိန့်အာဏာအရ အနောက်ဘက်ကမ်းဒေသ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အစွန်းရောက် အစ္စရေးအခြေချသူတွေအပေါ် အရေးယူခွင့်အရ ဒဏ်ခတ်တာ ဖြစ်ပါတယ်။

Tzav 9 အဖွဲ့ဝင်တွေဟာ အနောက်ဘက်ကမ်းဒေသမှာ မေလ ၁၃ ရက်နေ့က ဂါဇာကို ဦးတည်သွားတဲ့ ထရပ်ကား ၂ စီးကို လုယက်ပြီး မီးရှို့ခဲ့တယ်လို့လည်း Miller က ပြောပါတယ်။ အခုလို လူသားစားနာမှု အထောက်အပံ့တွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တာနဲ့ နှောက်ယှက်ဖျက်ဆီးတာအတွက် အမေရိကန်က သည်းခံမှာ မဟုတ်ကြောင်းနဲ့ ဂါဇာကို လူသားစာနာမှုအကူအညီတွေ မရောက်အောင် လုပ်သူတွေကို အမေရိကန်က ဆက်လက် အရေးယူမှာဖြစ်သလို အစ္စရေးအစိုးရကလည်း အလားတူ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG