သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာ့ဂျ် ဘုရားဖူးခရီးစဉ်လာရောက်သူ ၂ သန်းနီးပါးရှိ


ဆော်ဒီအာရေဗီးယားနိုင်ငံက 'ကရုဏာတောင်တော်' လို့အမည်ရတဲ့ အာရာဖတ်တောင်ပေါ်မှာ ကမ္ဘာတဝန်းက မွတ်စလင် ၁.၈၃ သန်းကျော် စုဝေးခဲ့ကြ။
ဆော်ဒီအာရေဗီးယားနိုင်ငံက 'ကရုဏာတောင်တော်' လို့အမည်ရတဲ့ အာရာဖတ်တောင်ပေါ်မှာ ကမ္ဘာတဝန်းက မွတ်စလင် ၁.၈၃ သန်းကျော် စုဝေးခဲ့ကြ။

အစ္စာလာမ် ဘာသာဝင်တွေရဲ့ တမန်တော် မိုဟာမက်ဟာ 'ကရုဏာတောင်တော်' လို့အမည်ရတဲ့ အာရာဖတ်တောင်ပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၃၅ က “နှုတ်ဆက်ခြင်း တရားဒေသနာ” လို့ လူသိများတဲ့ နောက်ဆုံး တရားတော်ကို ဟောကြားခဲ့တယ်လို့ ယုံကြည်ထားကြတာပါ။

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ စနေနေ့က အစ္စာလာမ်ဘာသာဝင်တွေရဲ့ ဟာ့ဂ်ျ ဘုရားဖူးခရီးစဉ် ဒုတိယနေ့မှာ မက္ကာမြို့တော်ရဲ့ အရှေ့တောင် ၁၂ မိုင်အကွာက 'ကရုဏာတောင်တော်' လို့အမည်ရတဲ့ အာရာဖတ်တောင်ပေါ်မှာ ကမ္ဘာတဝန်းက မွတ်စလင် ၁.၈၃ သန်းကျော် စုဝေးခဲ့ပြီး ဝတ်ပြုဆုတောင်းပွဲနဲ့ ဘာသာရေးဆိုင်ရာ ဆင်ခြင်သုံးသပ်မှုတွေ လုပ်ခဲ့ကြပါတယ်။

အစ္စာလာမ် ဘာသာဝင်တွေရဲ့ တမန်တော် မိုဟာမက်ဟာ ဒီတောင်ပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၃၅ က “နှုတ်ဆက်ခြင်း တရားဒေသနာ” လို့ လူသိများတဲ့ နောက်ဆုံး တရားတော်ကို ဟောကြားခဲ့တယ်လို့ ယုံကြည်ထားကြတာပါ။

ဒီတရားထဲမှာ တမန်တော်မိုဟာမက်က မွတ်စလင်တွေကြား တန်းတူညီမျှနဲ့ စည်းလုံးညီညွတ်မှုရှိရေး တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီ အာရာဖတ်တောင်တော်ပေါ်မှာ စုဝေးခြင်းက ထုံးတမ်းစဉ်လာအရ ဟာ့ဂ်ျဘုရားဖူး ခရီးစဉ်ရဲ့ အထွတ်အထိပ်နေ့အဖြစ် သတ်မှတ်ကြပါတယ်။

“နှုတ်ဆက်ခြင်း တရားဒေသနာ”လို့ လူသိများတဲ့ နောက်ဆုံးတရားတော်ကို တမန်တော်မိုဟာမက် ဟောကြားခဲ့တယ်လို့ ယုံကြည်ရတဲ့ 'ကရုဏာတောင်တော်' လို့အမည်ရတဲ့ အာရာဖတ်တောင်မှာ အရုဏ်တက် ဝတ်ပြနေသူများ။ June 15, 2024
“နှုတ်ဆက်ခြင်း တရားဒေသနာ”လို့ လူသိများတဲ့ နောက်ဆုံးတရားတော်ကို တမန်တော်မိုဟာမက် ဟောကြားခဲ့တယ်လို့ ယုံကြည်ရတဲ့ 'ကရုဏာတောင်တော်' လို့အမည်ရတဲ့ အာရာဖတ်တောင်မှာ အရုဏ်တက် ဝတ်ပြနေသူများ။ June 15, 2024


မွတ်ဆလင်တွေ ကိုးကွယ်ယုံကြည်တဲ့ ထာဝရ ဘုရားသခင်ရဲ့ ကရုဏာ၊ ကောင်းချီး မင်္ဂလာနဲ့ ကျန်းမာချမ်းသာခြင်း ဆုလာဘ်အတွက် အတူတကွ ပေါင်းစု ဆုတောင်းကြတဲ့ပွဲဟာ ဘုရားဖူးတွေအတွက် အမှတ်တရ အဖြစ်ဆုံးလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး ဘာသာရေးပွဲတွေထဲက တခုဖြစ်တဲ့ ဟာ့ဂ်ျဘုရားဖူးခရီးစဉ်ကို သောကြာနေ့က တရားဝင် စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ဘုရားဖူးအရေအတွက် ၁.၈၃ သန်းကျော် ရှိကြောင်း ဆော်ဒီအာရေဗျ နိုင်ငံ ဟာ့ဂ်ျနှင့် အူမရာ (Umrah) ဆိုင်ရာဝန်ကြီး Tawfiq bin Fawzan al-Rabiah က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီအရေအတွက်က မနှစ်ကလာတဲ့ အရေအတွက် ၁.၈၄ သန်း ထက် ကိန်းဂဏန်းအရေအတွက် အနည်းငယ် လျော့နည်းပါတယ်။

ဒီနှစ် ဟာ့ဂ်ျဘုရားဖူးခရီးစဉ်ဟာ အရှေ့အလယ်ပိုင်းဒေသတွင်း အစ္စရေး-ဟားမတ်စ်စစ်ပွဲ ပဋိပက္ခ အရှိန်မြှင့်နေချိန်လည်း ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်တောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာနယ်စပ် ဖြတ်ကျော်စခန်းကို မေလကတည်းက ပိတ်ထားလို့ မေလတွင်း အခုနှစ်မှာ ဟာ့ဂ်ျခရီးစဥ်ကို ဂါဇာက ပါလက်စတိုင်းတွေ သွားနိုင်ခြင်း မရှိခဲ့ပါဘူး။

Forum

XS
SM
MD
LG