သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hajj ဘုရားဖူး သန်းနဲ့ချီ လာရောက်ဖို့ ဆော်ဒီခန့်မှန်း

Muslim pilgrims circumambulate around the Kaaba, the cubic building at the Grand Mosque, during the annual Hajj pilgrimage in Mecca, Saudi Arabia, June 22, 2023.

ဆော်ဒီအာရေဗီးယားနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Hajj ဘုရားဖူးပွဲတော်ကို ဒီနှစ်အတွက် လာရောက်တဲ့ နိုင်ငံခြားသား ဘုရားဖူးဧည့်သည် အခုအချိန်ထိ တသန်းခွဲနီးပါး ရှိနေပြီလို့ ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။

ဒီနှစ် ဘုရားဖူးပွဲတော်ဟာ ကိုဗစ်ဆိုင်ရာ တားမြစ်ကန့်သတ်ချက်တွေ လုံးဝမရှိပဲနဲ့ ကျင်းပတဲ့ ပထမဆုံး ပွဲလည်းဖြစ်ပါတယ်။

တနင်္လာနေ့ ကျင်းပမယ့် Hajj ဘုရားဖူးပွဲတော် မတိုင်ခင် နောက်ထပ် ဘုရားဖူးတွေ ရောက်လာကြလိမ့်ဦးမယ်လို့ မျှော်လင့်ထားကြပါတယ်။ အစ္စလမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားတဲ့ အရာ(၅)ခုထဲမှာ မက္ကာမြို့မှာရှိတဲ့ Hajj ရင်ပြင်ကို သွားရောက် ဝတ်ပြုခြင်းကလည်း တခု အပါအဝင် ဖြစ်ပါတယ်။

ဒီ ၂၀၂၃ ခုနှစ် Hajj ဘုရားပွဲတော်ကိုလာမယ့် ဘုရားဖူး အရေအတွက်ဟာ ကိုဗစ် မတိုင်ခင်ကာလတုန်းက လာရောက်ခဲ့တဲ့ လူအရေအတွက်လောက် ရှိနိုင်မယ်လို့ ဆော်ဒီအာဏာပိုင်တွေက မျှော်လင့်ထားပြီး ၊ ၂၀၁၉ ခုနှစ်တုန်းက မွတ်ဆလင်ဘုရားဖူး (၂.၄) သန်း လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG