သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါ(လ်)နိုင်ငံမှာ ခရီးသည်တင် ဘတ်(စ)ကား ၂ စီး တောင်ကျရေနဲ့ မြစ်ထဲမျော


နီပေါ(လ်)နိုင်ငံမှာ တောင်ကျရေ ကြမ်းတမ်းစွာ စီးဆင်းမှုကြောင့် ရေထဲမျောပါမသွားရအောင် ခရီးသွားတွေကို ကယ်ဆယ်နေကြစဥ်။
နီပေါ(လ်)နိုင်ငံမှာ တောင်ကျရေ ကြမ်းတမ်းစွာ စီးဆင်းမှုကြောင့် ရေထဲမျောပါမသွားရအောင် ခရီးသွားတွေကို ကယ်ဆယ်နေကြစဥ်။

နီပေါ(လ်)နိုင်ငံ အလယ်ပိုင်းမှာ သောကြာနေ့ မနက်အစောပိုင်း မြေပြိုမှုကြောင့် လူ ၅၀ ကျော်လိုက်ပါလာတဲ့ ဘတ်စကား ၂ စီး ထရီရှုလီ မြစ်ရေထဲ မျောပါသွားခဲ့ပါတယ်။

မိုးက အဆက်မပြတ် ရွာသွန်းနေသလို ထပ်ပြီးမြေပြိုတာနဲ့ ကြုံနေရတဲ့အတွက် ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။ ခရီးသည် ၃ ဦးကတော့ ရေကူးပြီး အသက်မသေပဲ ကျန်ခဲ့ပေမယ့် မျောပါသွားတဲ့ ဘတ်စ်ကား ရဲ့ အရိပ်အယောင်ကိုတော့ ကယ်ဆယ်ရေးသမားတွေ နေ့လည်လောက်အထိ ရှာမတွေ့ကြသေးပါဘူး။ တောင်ကြား ဒေသဖြစ်တဲ့အတွက် မြစ်ရေစီးဆင်းတဲ့ အရှိန်အဟုန်က သိပ် မြန်ပါတယ်။ မုတ်သုန်မိုးက ရက်ဆက်ပြီး ရွာနေတဲ့အတွက် မြစ်ရေကလည်းကြီးနေသလို ရေတွေက နောက်ကျိနေတာကြောင့် အပျက်အစီးတွေကိုလည်း ကောင်းကောင်း မမြင်ရပါဘူး။

ပြည်ထဲရေးဝန်ကြီး Rabi Lamichhane ကတော့ ခရီးသည် ၅၁ ဦး ပျောက်ဆုံးနေပြီး သူတို့ကို ရှာဖွေဖို့ ကယ်ဆယ်ရေးလုပ်သား ၅၀၀ ကျော် ချထားတယ်လို့ လွှတ်တော်မှာ ပြောပါတယ်။ နိုင်ငံတလွှား မြေပြိုမှုတွေ ဖြစ်ပွါးနေပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးရသူ ၁၇ ဦးနဲ့ ဒဏ်ရာရသူက ၃ ဦး ရှိနေတယ်လို့လည်း ပြောပါတယ်။

အခု ရေနဲ့မျောသွားတဲ့ ဘတ်စ်ကားတွေဟာ နီပေါ(လ်)မြို့တော် Kathmandu ကနေ တောင်ပိုင်းဒေသကို ပေါက်တဲ့ အဝေးပြေးလမ်းမကြီးပေါ်က စီမယ်လ်တာ မြို့နားအရောက် မနက် ၃ နာရီလောက်မှာ မြေပြိုမှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

နီပေါ(လ်)နိုင်ငံတလွှား နေရာအများအပြားမှာ မြေပြိုမှုကြောင့် လမ်းတွေ ပိတ်နေတယ်လို့လည်း နီပေါ(လ်)အစိုးရက ပြောပါတယ်။ ကယ်ဆယ်ကူညီရေးအဖွဲ့တွေ၊ စစ်သားတွေ၊ ရဲတွေကိုလည်း မြေပြိုတဲ့နေရာတွေမှာ ကယ်ဆယ်ကူညီဖို့ စေလွှတ်ထားတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရာသီဥတုဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ ညဘက် ခရီးသွား ဘတ်စ်ကားတွေ ပြေးဆွဲမှုကို တားမြစ် ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG