သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ထိုင်းက အဓမ္မလုပ်အားခိုင်းစေမှု နီပေါအစိုးရ သတိပေးချက်ထုတ်ပြန်


Imageof cyber crime
Imageof cyber crime

မြန်မာနဲ့ ထိုင်းနိုင်ငံတွေက အိုင်တီ နည်းပညာကဏ္ဍတွေမှာ အလုပ်ရရှိမယ်ဆိုပြီး လိမ်လည်လှည့်ဖြား သွေးဆောင် ခေါ်ယူတာတွေကို အလုပ်ရှာသူတွေအနေနဲ့ အယုံမလွယ်ကြဖို့ နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က သတိပေးလိုက်ပါတယ်။

နီပေါနိုင်ငံသားတွေကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ပြီး မြန်မာနိုင်ငံထဲမှာ လစာမဲ့ တရားမဝင် အလုပ်တွေခိုင်းစေခံရကြောင်း နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ခရီးသွားအကြံပေးချက်ထဲမှာ ဖော်ပြထားကြောင်း ခတ္တမန္ဒူပို့စ် သတင်းစာက ပြောပါတယ်။

နီပေါနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကတဆင့် ကုန်းလမ်းနဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်ထဲကို ခေါ်ဆောင်သွားခံရတယ် ဆိုပါတယ်။ အဲဒီနောက် အလုပ်ရှင်တွေက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းယူကာ အွန်လိုင်း လိမ်လည်မှု အပါအဝင် တရားမဝင် အလုပ်တွေမှာ တနေ့ကို နာရီပေါင်း ၁၂ နာရီကနေ ၁၃ နာရီအထိ အဓမ္မ အလုပ်ခိုင်းစေခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာ အဲဒီလို ဖမ်းဆီးခံရပြီး မတရား အလုပ်ခိုင်းစေခံနေရတဲ့ နီပေါနိုင်ငံသားတွေက သူတို့ကို ကယ်တင်ဖို့အတွက် မိသားစုတွေနဲ့၊ ဘန်ကောက်နဲ့ ရန်ကုန်မြို့က နီပေါသံရုံးတွေကို ဆက်သွယ်ခဲ့ကြောင်း နီပေါ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နီပေါသံရုံးက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး တချို့ကို ပြန်လွတ်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းနဲ့ နောက်ထပ် လည်း ထပ်မံ ကယ်တင်နိုင်ရေး ကြိုးပမ်းနေတယ် ဆိုပါတယ်။

ဒါပေမယ့် ကရင်ပြည်နယ်ထဲမှာ ပဋိပက္ခတွေ ဖြစ်နေတာက ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်ကြောင်းလည်း နီပေါ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ပအလုပ်အကိုင်အတွက် နီပေါဥပဒေနဲ့ အညီ အလုပ်ပါမစ်ရယူဖို့၊ အလုပ်ရှင်နဲ့ လုပ်ငန်း ကုမ္ပဏီတွေ အကြောင်း အသေးစိတ်အချက်အလက်တွေ ရယူဖို့နဲ့ ခရီးသွား၊ အလည်အပတ်ဗီဇာတွေနဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ကာ အလုပ် လုပ်ကိုင်တာတွေ ရှောင်ကြဉ်ဖို့လည်း နီပေါ နိုင်ငံခြားရေး ဝန်ကြီးဌာနက

တိုက်ရိုက် လင့်ခ်

အကြံပြုထားပါတယ်။

XS
SM
MD
LG