သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ပြည်ပဝင်နှောက်နိုင်ခြေ သတိပေး


ရုရှား၊ တရုတ်နဲ့ အီရန်နိုင်ငံတွေက လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲရရှိနိုင်မှုနဲ့ ရွေးကောက်ပွဲ ရလဒ်တွေ အပေါ်သြဇာ သက်ရောက်နိုင်ဖို့ အမေရိကန် မဲဆန္ဒရှင်တွေကို ပစ်မှတ်ထားပြီး ခေတ်မီ နည်းပညာတွေနဲ့ တိုးချဲ့လုပ်ဆောင် နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာနက သောကြာနေ့မှာ ပြောပါတယ်။ ဓာတ်ပုံ - AFP
ရွေးကောက်ပွဲ ပြည်ပဝင်နှောက်နိုင်ခြေ သတိပေချက်ကို ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးက ငြင်းဆိုထား။ ဓာတ်ပုံ - AFP

ရုရှား၊ တရုတ်နဲ့ အီရန်နိုင်ငံတွေက လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲရရှိနိုင်မှုနဲ့ ရွေးကောက်ပွဲ ရလဒ်တွေ အပေါ်သြဇာ သက်ရောက်နိုင်ဖို့ အမေရိကန် မဲဆန္ဒရှင်တွေကို ပစ်မှတ်ထားပြီး ခေတ်မီ နည်းပညာတွေနဲ့ တိုးချဲ့လုပ်ဆောင် နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာနက သောကြာနေ့မှာ ပြောပါတယ်။

အထူးသဖြင့်တော့ ရုရှားဖြစ်ပြီး ရစ်ပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့် အနိုင်ရ ရေးအတွက်အထောက်ပံ့ ဖြစ်စေမယ့်လှုံဆော်မှုတွေ လုပ်နိုင်တဲ့ အန္တရယ်ရှိတယ်လို့ ထောက်လှမ်းရေးဌာနက ပြောပါတယ်။

ရုရှားအစိုးရ ကျေထောက်နောက်ခံပေးထားတဲ့ RT သတင်းဌာနဟာ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကိုပေါ်လွင်စေပြီး၊ ဒုသမ္မတ ကာကလာဟဲရစ်ကို မှေးမှိန်အောင်လုပ်လိုတဲ့ ရုရှားအစိုးရ သဘောထားကို ဖော်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

RT သတင်းဌာနက အမေရိကန်နဲ့ အနောက်တိုင်း လူပုဂ္ဂိုလ်တွေ သဏ္ဍန်ဖန်တီးထားတဲ့ သတင်းကွန်ရက်တွေကိုတည် ဆောက်ပြီး ရုရှားကိုလိုလားတဲ့ ပြောဆို ဝါဒဖြန့်တာတွေကိုလည်း လုပ်နေတယ်လို့ ပြောပါတယ်။

တရုတ် အနေနဲ့ကတော့ သမ္မတလောင်း ထရမ့်နဲ့ ဟဲရစ်တို့အကြား သိပ်မကွာလှဘူးလို့ အမြင်ရှိပေမယ့် အခြား နိုင်ငံရေး နယ်ပယ်တွေမှာ သြဇာ သက်ရောက်မှု ရှိအောင် လုပ်တာတာတွေ ရှိတယ်လို့ ထောက်လှမ်းရေး တာဝန်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

လူမှုကွန်ရက်တွေကနေတဆင့် အစ္စရေး-ပါလက်စတိုင်း ဆန္ဒပြပွဲတွေအပါအဝင် အမေရိကန်နိုင်ငံရေးမှာ ကွဲပြားစေတဲ့ အကြောင်းအရာတွေကိုလှုံ့ဆော်တာတွေနဲ့ နိုင်ငံရေးပါတီတွေကိုအကောင်းမမြင်အောင်လုပ်တာတွေ ရှိတယ်လို့ဆိုပါတယ်။ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကတော့ သောကြာနေ့မှာပဲ ဒီစွပ်စွဲချက်ကိုငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG