သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်သူတွေအတွက် စစ်ဘက်လျှို့ဝှက်လုံခြုံရေး‌ ချထားမည်


A Secret Service sniper team
A Secret Service sniper team

ရွေးကောက်ပွဲ ကာလအတွင်း နေရာ အတော်များများမှာ Secret Service ကို အကူညီပေးရေး အစီစဉ်တွေချမှတ်ဖို့နဲ့ ပံ့ပိုးကူညီဖို့ အမေရိကန် မြောက်ပိုင်းဒေသ စစ်ဌာနချုပ်ကို ကာကွယ်ရေးဝန်ကြီး Austin က ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။

နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သမ္မတလောင်းတွေနဲ့ ဒုသမ္မတလောင်းတွေ အတွက် လုံခြုံရေးဆိုင်ရာ အထူးတပ်ဖွဲ့ Secret Service ချထားပေးပြီး စစ်ဘက်ကပါ ပံ့ပိုးကူညီမှုပေးဖို့ ပန်ကြားချက်ကို ကာကွယ်ရေးဝန်ကြီး Lloyd Austin ကအတည်ပြုပေးခဲ့ပါတယ်။

ပင်တာဂွန်စစ်ဌာနချုပ်ကရော Secret Service ကပါ ကြာသပတေးနေ့မှာ သီးခြား အတည်ပြုချက်တွေ ထုတ်ပြန်ပေးခဲ့တာပါ။ ပင်တာဂွန်ပြောခွင့်ရ Sabrina Singh ကတော့ ဘယ်လို ပံ့ပိုးမှုပေးမယ်ဆိုတာကို အသေးစိတ်ထုတ်မပြောပါဘူး။

ဒါပေမယ့် ရွေးကောက်ပွဲ ကာလအတွင်း နေရာ အတော်များများမှာ Secret Service ကို အကူညီပေးရေး အစီစဉ်တွေချမှတ်ဖို့နဲ့ ပံ့ပိုးကူညီဖို့ အမေရိကန် မြောက်ပိုင်းဒေသ စစ်ဌာနချုပ်ကို ကာကွယ်ရေးဝန်ကြီး Austin က ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။

Secret Service ပြောခွင့်ရကလည်း ဇူလိုင်လ ၁၃ ရက် Pennsylvania ပြည်နယ် မဲဆွယ်ပွဲ ဖြစ်ရပ် နောက်ပိုင်းမှာ သူတို့ရဲ့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေကို ပိုအားကောင်းဖို့ လုပ်ဆောင်ခဲ့ တယ်လို့ ပြောပါတယ်။ အဲဒီနေ့က လူထုစုဝေးပွဲမှာ ရီပတ်ဘလစ်ကင်ပါတီက သမ္မတလောင်း ဒေါ်နယ်ထရမ့်ကိုလုပ်ကြံဖို့ ကြိုးစားမှု ဖြစ်ပွါးခဲ့တာပါ။

အခုလို ကြိုတင်ကာကွယ်ရေး စီမံချက်ကို အားဖြည့်ရာမှာ ၂၀၂၄ သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလ တလျှောက်လုံး အမေရိကန် Secret Service ကို ကာကွယ်ရေး ဝန်ကြီးဌာနက ထောက်ပံ့မှု၊ ပို့ဆောင်မှုနဲ့ ဆက်သွယ်ရေး ဆိုင်ရာ အပါအဝင်အားဖြည့် အကူအညီတွေပေးဖို့ ဖြစ်ကြောင်းလည်း ပြောခွင့်ရက ပြောပါတယ်။

Pennsylvania ပြည်နယ် Butler မြို့ မဲဆွယ်ပွဲမှာသမ္မတလောင်း ထရမ့် မိန့်ခွန်းပြောတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ နေရာက အိမ်ခေါင်မိုးပေါ်မှာ သေနတ်သမား ရောက်နေတာကြောင့် ဒီလူထုမဲဆွယ်ပွဲရဲ့ လုံခြုံရေး အခြေနေက စိုးရိမ်စရာ ဖြစ်ခဲ့ရတာပါ။ ဒါ့အပြင် မဲဆွယ်ပွဲတက်ရောက်လာသူ တဦးပါ သေဆုံးခဲ့ရပါတယ်။ အခုလို လုံခြုံရေးကောင်းကောင်း မပေးနိုင်ခဲ့တာ အတွက် Secret Service အကြီးအကဲလည်း နှုတ်ထွက်ပေးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG