သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်သမ္မတလောင်းဟဲရစ်အနိုင်ရဖို့ အားပေးကြောင်း ရုရှားသမ္မတပြော


နယူးဟမ်ရှိုင်းယားပြည်နယ် မဲဆွယ်စည်းရုံးရေးပွဲမှာတွေ့ရတဲ့ ဒီမိုကရက်သမ္မတလောင်း လက်ရှိဒုသမ္မတ ကမ်မလာဟဲရစ် (Kamala Harris) (စက်တင်ဘာ ၄၊ ၂၀၂၄)
နယူးဟမ်ရှိုင်းယားပြည်နယ် မဲဆွယ်စည်းရုံးရေးပွဲမှာတွေ့ရတဲ့ ဒီမိုကရက်သမ္မတလောင်း လက်ရှိဒုသမ္မတ ကမ်မလာဟဲရစ် (Kamala Harris) (စက်တင်ဘာ ၄၊ ၂၀၂၄)

လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ကမ်မလာဟဲရစ် (Kamala Harris) ကို သမ္မတအနိုင်ရဖို့ အားပေးတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) ကဒီနေ့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ သူ့အနေနဲ့ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကို အရင်က ပြန်အနိုင်ရစေချင်ခဲ့ပေမဲ့ အခုတော့ ကမ်မလာဟဲရစ်ကိုထောက်ခံတယ်လို့ သမ္မတပူတင်က ပြောခဲ့တာပါ။ အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်နှောင့်ဖို့ ရုရှားက ကြိုးစားနေတယ်လို့ စွပ်စွဲပြီး အမေရိကန် တရားရေးဌာနက အရေးယူဒဏ်ခတ်မှုတွေ လုပ်လိုက်ပြီး နောက်တရက်မှာပဲ ရုရှားသမ္မတက အရှေ့ဖျား စီးပွားရေးဖိုရမ် (Eastern Economic Forum) ဆွေးနွေးပွဲမှာ ခုလိုပြောခဲ့တာပါ။

သမ္မတဟောင်းဒေါ်နယ်ထရမ့်လက်ထက်က ရုရှားအပေါ် ကန့်သတ်ချက်တွေ၊ အရေးယူဒဏ်ခတ်မှုတွေ အများအပြားလုပ်ခဲ့တယ်လို့လည်း သမ္မတပူတင်ကဆိုပါတယ်။ အမေရိကန်ပြည်သူတွေကသာ သူတို့သမ္မတကို ရွေးချယ်ရမှာဖြစ်ပြီး ရုရှားအနေနဲ့ ရွေးချယ်မှုရလာဒ်ကို လေးစားမှာဖြစ်တယ်လို့ သမ္မတ Putin က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်သမ္မတရွေးကောက်ပွဲမှာထဲက အမေရိကန် မဲဆန္ဒရှင်တွေ ထရမ့်ကိုမဲပေးအောင် မဲဆန္ဒရှင်တွေသဘောထားကို လွှမ်းမိုးနိုင်ဖို့ ရုရှားက ကြိုးစားနှောင့်ယှက်ခဲ့တာကို အမေရိကန်တာဝန်ရှိသူတွေက ထောက်ပြပြီး အခုလာမယ့်ရွေးကောက်ပွဲမှာလည်း ဝင်နှောင့်နေတယ်လို့ အကြိမ်ကြိမ် သတိပေးနေပါတယ်။ နိုဝင်ဘာကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ရုရှားက သတင်းမှားတွေဖြန့်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ထောက်လှမ်းမှုတွေအရ ရုရှားအစိုးရဝဘ်ဆိုဒ်တွေနဲ့ ရုရှားအစိုးရပိုင် RT သတင်းမီဒီယာဝန်ထမ်း ၂ ယောက်ကို ကြာသပတေးနေ့က တရားစွဲလိုက်ပါတယ်။

Tennessee မြို့မှာ အခြေစိုက်တဲ့ အွန်လိုင်း ဗွီဒီယိုဖန်တီးတဲ့ ကုမ္ပဏီကို RT ဝန်ထမ်း ၂ ယောက်က ဒေါ်လာ ၁၀ သန်းနီးပါးပေးပြီး ရုရှားအစိုးရအကျိုးနဲ့ ဖြစ်စေချင်တာမျိုးတွေကို အင်္ဂလိပ်ဘာသာနဲ့ TikTok, YouTube စတဲ့ လူမှုကွန်ရက်တွေပေါ်မှာ ဖြန့်ဖို့ ဗွီဒီယိုတွေဖန်တီးခိုင်းခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။ ယူကရိန်းစစ်ပွဲ အကြောင်းနဲ့ဆိုင်တဲ့ ဗွီဒီယိုတွေလည်း ပါဝင်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အစိုးရအပေါ် အာဏာရှင်အစိုးရက အမြတ်ထုတ်ဖို့ ကြိုးစားမှုမှန်သမျှ လက်ခံမှာ မဟုတ်ဘူးလို့ အမေရိကန် ရှေ့နေချုပ် Merrick Garland က မနေ့က ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်သမ္မတလောင်းဟဲရစ်အနိုင်ရဖို့ အားပေးကြောင်း ရုရှားသမ္မတပြော
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG