သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးအဖွဲ့ ယူကရိန်းကို ထပ်တိုး ကူညီပေးမည်

နေတို့အဖွဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ် အစည်းအဝေးအကြို ပိုလန်နိုင်ငံ ဝါဆောမြို့တော်မှာ ပိုလန်သမ္မတနဲ့တွေ့ဆုံတဲ့ အစည်းအဝေးတခုအတွင်း ယူကရိန်းသမ္မတ ဗလော်ဒိုမှာ ဇလန်းစကီးကိုတွေ့ရစဉ် (ဇူလိုင် ၈၊ ၂၀၂၄)
နေတို့အဖွဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ် အစည်းအဝေးအကြို ပိုလန်နိုင်ငံ ဝါဆောမြို့တော်မှာ ပိုလန်သမ္မတနဲ့တွေ့ဆုံတဲ့ အစည်းအဝေးတခုအတွင်း ယူကရိန်းသမ္မတ ဗလော်ဒိုမှာ ဇလန်းစကီးကိုတွေ့ရစဉ် (ဇူလိုင် ၈၊ ၂၀၂၄)

နေတိုးမဟာမိတ်အဖွဲ့တည်ထောင်တဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စု၊​ ဝါရှင်တန် ဒီစီမြို့မှာ မနက်ဖြန် ဇူလိုင်လ ၉ ရက်နေ့မှာ ထိပ်သီးစည်းဝေးပွဲ​ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာဘဲ နေတိုးခေါင်းဆောင်တွေက ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံ တော်လှန်နေတဲ့ ယူကရိန်းကို ထပ်ဆင့် ပံ့ပိုး ကူညီပေးဖို့ ဆောင်ရွက်နေကြပါတယ်။​

နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးက ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ တကယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ဒီစစ်ပွဲကို မနိုင်နိုင်ဘူးဆိုတာကို နားလည် လက်ခံခဲ့ရင် ငြိမ်းချမ်းရေးကို ရရှိနိုင်ကြောင်း ထိပ်သီးစည်းဝေးပွဲ မကျင်းပခင် မနေ့ တနင်္ဂေနွေနေ့က သတင်းထောက်တချို့နဲ့ ကြိုတင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားလိုက်ပါတယ်။​

"စစ်ပွဲကို အမြန်ဆုံး ပြီးဆုံးတဲ့နည်းက အရှုံးပေးလိုက်ခြင်းပါဘဲ၊ ဒါပေမယ့် အဲဒီလို အရှုံးပေးလိုက်ခြင်းက ငြိမ်းချမ်းရေး မရနိုင်ပါဘူး၊ ကျူးကျော် သိမ်းပိုက်ခြင်းဘဲ ဖြစ်ပါလိမ့်မယ်" လို့ Jens Stoltenberg က ပြောပါတယ်။​

ယူကရိန်းအတွက် နေတိုးမဟာမိတ်အဖွဲ့ဘက်က လုပ်ဆောင်ပေးမယ့် အရေးပါတဲ့အချက်တချို့ကို Jens Stoltenberg က ပြောကြားတာမှာ ဂျာမနီနိုင်ငံမှာ စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးဌာနချုပ် ဖွင့်လှစ်တာ၊ ဘဏ္ဍာရေးနဲ့ စစ်ရေးဆိုင်ရာ အကူအညီတွေ တိုးမြင့်ပေးတာ၊ ယူကရိန်းနဲ့ လုံခြုံရေးဆိုင်ရာ အပြန်အလှန် သဘောတူစာချုပ် ချုပ်ဆိုတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။​ ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာရေးနဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ ဆက်လက် ဆွေးနွေးနေကြဆဲဘဲလို့လည်း Jens Stoltenberg က ပြောကြားခဲ့ပါတယ်။​

နေတိုးအဖွဲ့ ယူကရိန်းကို ထပ်တိုး ကူညီပေးမည်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG