သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးအဖွဲ့ ခေါင်းဆောင်သစ်အဖြစ် နယ်သာလန်ဝန်ကြီးချုပ်ကိုရွေးချယ်

မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO အကြီးအကဲသစ်အဖြစ်ရွေးချယ်ခံရတဲ့ နယ်သာလန် ဝန်ကြီးချုပ် Mark Rutte
မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO အကြီးအကဲသစ်အဖြစ်ရွေးချယ်ခံရတဲ့ နယ်သာလန် ဝန်ကြီးချုပ် Mark Rutte

မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO အကြီးအကဲသစ်အဖြစ် နယ်သာလန် ဝန်ကြီးချုပ် Mark Rutte ကို မဟာမိတ်အဖွဲ့ဝင်တွေ ဒီနေ့ပဲ ရွေးချယ်လိုက်ပါတယ်။ ယူကရိန်းစစ်ပွဲအရှိန်မြင့်လာသလို၊ အနာဂတ်မှာ နေတိုးအဖွဲ့အပေါ် အမေရိကန်ရဲ့ မရေရာတဲ့ သဘောထားတွေ ရှိနေချိန်မှာ ခေါင်းဆောင်သစ် ရွေးချယ်လိုက်တာပါ။

နေတိုးအကြီးအကဲ နေရာအတွက် ယှဉ်ပြိုင်ရာမှာ ပြိုင်ဖက် ရိုမေးနီးယားသမ္မတ Klaus Iohannis အလားအလာ မကောင်းတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ နုတ်ထွက်ခဲ့ပြီး အခုနောက်ဆုံး နယ်သာလန် ဝန်ကြီးချုပ်ကို တရားဝင်ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ် Jens Stoltenberg နေရာမှာ နယ်သာလန် ဝန်ကြီးချုပ်ကို ခန့်အပ်ဖို့ ရွေးချယ်လိုက်ကြောင်း နေတိုးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ လက်ရှိအကြီးအကဲ Stoltenberg တာဝန်သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ဒီနှစ်‌ အောက်တိုဘာ ၁ရက်နေ့ကနေစပြီး နယ်သာလန်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

သူ့ကို နေတိုး အကြီးအကဲသစ်အဖြစ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ အပါအဝင် အဓိက မဟာမိတ်အဖွဲ့ဝင်တွေက အစောပိုင်းကတည်းက ထောက်ခံခဲ့ကြတာပါ။ လက်ရှိအတွင်းရေးမှူးချုပ် Stoltenberg ကလည်း နယ်သာလန် ဝန်ကြီးချုပ် အခုလိုရွေးချယ်ခံခဲ့ရတဲ့အတွက် လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း ပြောပါတယ်။

နေတိုးအဖွဲ့ ခေါင်းဆောင်သစ်အဖြစ် နယ်သာလန်ဝန်ကြီးချုပ်ကိုရွေးချယ်
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG