သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကိစ္စ ကန်နဲ့ ဆွေးနွေးရာမှာ ယူကရိန်းပါဝင်စေဖို့ ရုရှားတောင်းဆို


ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ။
ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ။

ရုရှားဘက်က အမေရိကန်နဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေလုပ်ဖို့ အသင့်ရှိကြောင်း ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က သောကြာနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ ဘယ်ဆွေးနွေးပွဲမှာမဆို ယူကရိန်းမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခ၊ အထူးသဖြင့် အမေရိကန်ရဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နေမှုကို ထည့်သွင်းဆွေးနွေးရမှာ ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံကြား အခုလိုမျိုး ဆွေးနွေးပြောဆိုမှုတွေလုပ်ဖို့ အထူး လိုအပ်နေကြောင်း၊ ဒါဟာ လက်ရှိမှာ ပြဿနာတွေ စုပုံဖြစ်ပွါးလာနေပြီး၊ ကမ္ဘာ့လုံခြုံရေး တည်ဆောက်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေ အများအပြား ရှိနေတာကြောင့် ဖြစ်ကြောင်း Peskov က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov။
ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov။

ယူကရိန်းစစ်ပွဲအပြင်၊ နျူကလီယားစစ်ပွဲ ဖြစ်ပွါးလာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးဖို့ ရှိမရှိ မေးမြန်းချက်ကို Peskov က တုံ့ပြန်ဖြေကြားရင်း ခုလို ပြောဆိုခဲ့တာပါ။

ယူကရိန်းမှာ အမေရိကန်ရဲ့ တိုက်ရိုက် ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး Peskov ရဲ့ ပြောကြားချက်အတွက် အမေရိကန်ကရော၊ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg ကပါ လက်မခံကြပါဘူး။ ရုရှားကျူးကျော်မှုကြောင့် ယူကရိန်းရဲ့ သူ့နိုင်ငံအတွက် သူခုခံကာကွယ်နိုင်ရေးမှာ အကူအညီအဖြစ် လက်နက်ပေးတာကို တိုက်ရိုက်ပတ်သက်မှု အဖြစ် ပြောကြားချက်ကို ပယ်ချကြတာ ဖြစ်ပါတယ်။

ရုရှားက ကြာသပတေးနေ့မှာ ယူကရိန်းရဲ့ လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကို မစ်ဇိုင်းဒုံးတွေ၊ ဒရုန်းတွေနဲ့ ညတွင်းချင်း အဆက်မပြတ် တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့နောက် အမေရိကန်က ယူကရိန်း ခုခံကာကွယ်ရေးအတွက် အားပြင်းတဲ့ လေကြောင်းကာကွယ်ရေး မစ်ဇိုင်းဒုံးတွေ ပေးပို့မှာဖြစ်ကြောင်း ကြေညာခဲ့ပြီး နောက်တနေ့မှာပဲ Petrov က ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတအိမ်ဖြူပြောခွင့်ရ John Kirby က ယူကရိန်းကို မြေပြင်ကနေ ဝေဟင်ပစ် နောက်ဆုံးထုတ် Patriot နဲ့ NASAMS မစ်ဇိုင်းတွေ ပေးပို့မှာဖြစ်ကြောင်း ကြာသပတေးနေ့က ပြောခဲ့တာပါ။ တချိန်ထဲမှာပဲ တောင်ကိုရီးယားက ယူကရိန်းကို လက်နက်တွေပေးပို့ဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့တာကြောင့် အာရှဒေသ ခရီးသွားနေတဲ့ ရုရှားသမ္မတ Vladimir Putin က မပေးဖို့ သတိပေး လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG