သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ငြိမ်းချမ်းရေး နိုင်ငံတကာဆွေးနွေးပွဲ ဆွစ်ဇာလန်မှာ ဒုတိယနေ့ကျင်းပ


ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး နိုင်ငံတကာညီလာခံမှာ ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် နိုင်ငံတကာခေါင်းဆောင်များ (ဇွန်လ ၁၅၊ ၂၀၂၄) ဓါတ်ပုံ - AFP
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး နိုင်ငံတကာညီလာခံမှာ ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် နိုင်ငံတကာခေါင်းဆောင်များ (ဇွန်လ ၁၅၊ ၂၀၂၄) ဓါတ်ပုံ - AFP

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး နိုင်ငံတကာညီလာခံရဲ့ ဒီကနေ့ တနင်္ဂနွေနေ့ ဆွေးနွေးမှုတွေမှာ စားနပ်ရိက္ခာ ဖူလုံရေး၊ နျူကလီးယား ကပ်ဘေးကို ရှောင်ရှားနိုင်ရေး၊ ယူကရိန်းကနေ ခေါ်သွားတဲ့ ကလေးတွေ ရုရှားထံက ပြန်လည်ရရှိရေး ကိစ္စတွေကို အဓိက ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

၂ နှစ်ကျော်ကြာ ရုရှားကျုးကျော်မှုကြောင့် စတင်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေး နိုင်ငံပေါင်း ၉၀ ကျော်က ခေါင်းဆောင်တွေ၊ ထိပ်တန်းတာဝန်ရှိသူတွေ ဆွစ်ဇာလန်နိုင်ငံ အပမ်းဖြေတောင်ပေါ်မြို့ Burgenstock မှာ မနေ့ကစ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးနေကြတာပါ။ ယူကရိန်းသမ္မတ Volodymyr Zelensky ကတော့ သူ့ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ညီလာခံတက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ ထောက်ခံခဲ့တာကြောင့် စစ်ပွဲအဆုံးသတ်နိုင်မယ့် အဆိုပြုချက်ကို ရုရှားထံတင်ပြနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးဟာ ဘယ်လောက်အဓိပ္ပါယ်ရှိတယ်၊ ရေရှည်တည်တံ့အောင် ဘယ်လိုလုပ်နိုင်တယ် ဆိုတာကို ဝိုင်းဝန်းစဉ်းစား ဆုံးဖြတ်ကြရလိမ့်မယ်လို့လည်း ယူကရိန်းသမ္မတက မနေ့တုန်းက ညီလာခံမိန့်ခွန်းမှာ ပြောခဲ့တာပါ။ ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ စစ်ပွဲမှာ ယူကရိန်းက လက်နက်နဲ့ လူအင်အား လျော့ပါးလာနေချိန်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံကိုတော့ ရုရှားနဲ့ မဟာမိတ် တရုတ်နိုင်ငံတွေကတော့ ပါဝင်တက်ရောက်တာ မရှိပါဘူး။

Forum

XS
SM
MD
LG