သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်၊ အမေရိကန်ဒီမိုကရေစီအရေး ငြင်းခုံခဲ့တဲ့ စကားစစ်ထိုးပွဲ


ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ CNN ရုပ်သံဌာနချုပ်မှာကျင်းပတဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲမှာအတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ယာ)နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့် (ဝဲ) တို့ကို တွေ့ရစဉ် (ဇွန် ၂၇၊ ၂၀၂၄)
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ CNN ရုပ်သံဌာနချုပ်မှာကျင်းပတဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲမှာအတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ယာ)နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့် (ဝဲ) တို့ကို တွေ့ရစဉ် (ဇွန် ၂၇၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်ကျင်းပမယ့် ရွေးကောက်ပွဲကျ သူအနိုင်ရခဲ့မယ်ဆိုရင် သမ္မတတာဝန် စမယူခင်မှာထဲက ယူကရိန်းကိုကျူးကျော်တိုက်နေတဲ့ ရုရှားစစ်ပွဲ အဆုံးသတ်တာ တွေ့ရမယ်လို့ ဒေါ်နယ်ထရမ့်က သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ပြောပါတယ်။ စစ်ပွဲအဆုံးသတ်အောင် ဘယ်လိုလုပ်မှာလဲဆိုတာကိုတော့ သူက ပြောဆိုခဲ့ခြင်း မရှိပါဘူး။

သမ္မတဂျိုးဘိုင်ဒန်ကတော့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) ဟာ စစ်ရာဇဝတ်ကောင်တယောက်ဖြစ်တယ်လို့ ပြောဆိုပြီး ယူကရိန်းနိုင်ငံကို သိမ်းပိုက်ချင်တဲ့ ပူတင်အနေနဲ့ အဲဒီမှာတင် ရပ်နေမယ်ထင်လို့လားဆိုပြီး ထရမ့်ကို မေးခွန်းထုတ်သွားပါတယ်။ ထရမ့်ဟာ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ကနေ အမေရိကန်ထွက်တာကို တွေ့ချင်နေတဲ့သူ၊ သူ့ဘာသာ ဘာပြောလို့ပြောမှန်း မသိတဲ့သူဆိုပြီးတော့လည်း ဝေဖန်သွားပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ရလဒ်ကို လွှတ်တော်မှာ တရားဝင်အတည်မပြုနိုင်အောင် ထရမ့်ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးကို ဝင်စီးတိုက်ခိုက်အောင် ထရမ့်က ကြံစည်ပုံဖေါ်ခဲ့တာလို့ သမ္မတဘိုင်ဒန်က စွပ်စွဲပါတယ်။ ထရမ့်ကတော့ ဆန္ဒပြ အဓိကရုဏ်းဖန်တီးခဲ့သူတွေကို ဟန့်တားဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံလုံလောက်လောက် ကြိုပြီးခေါ်မထားလို့ ဖြစ်တယ်လို့ဆိုပြီး ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ (Nancy Pelosi) ကို အပြစ်ဖို့ သွားပါတယ်။ လာမယ့်ရွေးကောက်ပွဲကျရင်ရော ရလဒ်ကို လက်ခံမှာလားဆိုတဲ့အမေး စကားစစ်ထိုးပွဲ Moderator လုပ်သူက အကြိမ်ကြိမ် မေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လွတ်လပ်မျှတတဲ့ ရလဒ်ဆိုရင် လက်ခံမယ်လို့ ထရမ့်က တုံ့ပြန်သွားပါတယ်။

ထရမ့်ဟာ စီးပွားရေးလုပ်ငန်းတွေမှာ လိမ်လည်ခဲ့တာ၊ လိင်ဖျော်ဖြေရေးသရုပ်ဆောင်ကို ငွေသိန်းချီပေးပြီး နှုတ်ပိတ်ခဲ့တာတွေအတွက် ရာဇဝတ်မှု ၃၄ မှုမှာ အပြစ်ရှိတယ်လို့ နယူးယောက်မြို့တရားရုံးက ဆုံးဖြတ်ခဲ့တာတွေကို သမ္မတဘိုင်ဒန်က ထောက်ပြပြီး ထရမ့်ဟာ ကိုယ်ကျင့်တရားမကောင်းသူအဖြစ် သမ္မတဘိုင်ဒန်က ပြောဆိုပါတယ်။ ထရမ့်ဘက်ကလည်း ဒါကို ငြင်းဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ လေးလကျော်လိုသေးချိန် ကြာသပတေးညက လုပ်ခဲ့တဲ့ မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲဟာ အမေရိကန် ရွေးကောက်ပွဲသမိုင်းမှာ အစောဆုံးကျင်းပတဲ့ စကားစစ်ထိုးပွဲ ဖြစ်ပါတယ်။

ယူကရိန်းစစ်၊ အမေရိကန်ဒီမိုကရေစီအရေး ငြင်းခုံခဲ့တဲ့ စကားစစ်ထိုးပွဲ
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG