သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအစည်းအဝေးတွေ မြန်မာမှာ မလုပ်ဖို့ တောင်းဆို


လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) (ဩဂုတ် ၁၊ ၂၀၂၄)
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) (ဩဂုတ် ၁၊ ၂၀၂၄)

အောက်တိုဘာလထဲ မြန်မာနိုင်ငံမှာ အာဆီယံ အရှေ့တောင် အာရှနိုင်ငံများ အသင်းရဲ့ ဆက်စပ် အစည်းအဝေး ၁၉ ခုကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်နေတာကို ကန့်ကွက်တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Defend Myanmar Democracy အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ ထုတ်ပြန်ချက်အရ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ တယ်လီဆက်သွယ်ရေး ဥပဒေ၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်း စတဲ့ အကြောင်းအရာမျိုးစုံနဲ့ သက်ဆိုင်တဲ့ အစည်းအဝေးတွေ မြန်မာနိုင်ငံမှာ ကျင်းပဖို့ အာဆီယံအဖွဲ့ကြီးက စီစဉ်နေတာပါ။ ဒါနဲ့ ပတ်သက်ပြီးအာဆီယံအဖွဲ့အတွင်း စစ်ကောင်စီရဲ့ ကိုယ်စားပြု ပါဝင်မှုကို ရုတ်သိမ်းဖို့နဲ့ NUG အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့တွေကို အသိအမှတ်ပြုဖို့ လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်းတခုဖြစ်တဲ့ Defend Myanmar Democracy အဖွဲ့က တောင်းဆိုတာပါ။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၆ ရက်မှာ စတင်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦး စေလွှတ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ လာအိုနိုင်ငံက အာဆီယံအလှည့်ကျ တာဝန်ယူဆဲအချိန်မှာ မြန်မာစစ်ကောင်စီကို ပိုမို အသိမှတ်ပြုတဲ့ ချဉ်းကပ်တဲ့မူ ကျင့်သုံးလာသလို စစ်ကောင်စီဘက်ကလည်း စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကြား ဒေသတွင်းနိုင်ငံတွေရဲ့ အားကို ယူပြီး အဆင်ပြေအောင်ပေါင်းလာတဲ့အကြောင်း ဒေသတွင်းအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တချိန်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံမှာတော့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ မြန်မာ့အတိုက်အခံအင်အားစုတွေပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို ဂျာကာတာမြို့တော်မှာ ဒီနေ့ အောက်တိုဘာ ၄ ရက်မှာ ကျင်းပနေပါတယ်။ ၂ ရက်ကျင်းပမယ့် ဆွေးနွေးပွဲမှာ NUG နဲ့ တိုင်းရင်းသားအဖွဲ့တချို့ တက်ရောက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG