သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး သံတမန်များဆွေးနွေးပွဲ အင်ဒိုနီးရှားမှာ ကျင်းပ


အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကျင်းပနေချိန်။ (ဇူလိုင် ၁၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကျင်းပနေချိန်။ (ဇူလိုင် ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အပြင်းအထန်ဖြစ်ပွားနေတပြည်တွင်းစစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာခေါင်းဆောင်တွေနဲ့ မြန်မာ့အတိုက်အခံအင်အားစုတွေပါဝင်တဲ့ဆွေးနွေးပွဲတရပ်ကို ဒီကနေ့ သောကြာနေ့မှာစတင်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပမယ်လို့ အင်ဒိုနီးရှား သံတမန်တဦးက AFP သတင်းဌာနကို မနေ့က တည်ပြုပြောဆိုခဲ့ပါတယ်။

ဒီမြန်မာဆိုင်ရာဆွေးနွေးပွဲဟာ လာအိုနိုင်ငံမှာ အောက်တိုဘာလ ၆ ရက်နေ့စတင်ကျင်းပမယ့် အာစီယံထိပ်သီးအစည်း အဝေးမတိုင်မီ ကြိုတင်ဆွေးနွေးတာလည်းဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေတက်ရောက်မှာဖြစ်သလို ASEAN အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေလည်း တက်ရောက် ဆွေးနွေးကြမှာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့တော့ တက်ရောက်လိမ့်မယ်မထင်ဘူးလို့ အဲဒိအင်ဒိုနီးရှားသံတမန်က ပြောပါတယ်။

ဒါပေမယ့် စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အတိုက်အခံအင်အားစုတွေဘက်ကကိုယ်စားလှယ်တွေတော့ တက်ရောက်မယ်လို့သူကပြောဆိုခဲ့ပါတယ်။ အခုပြုလုပ်မယ့် မြန်မာ့ပြည်တွင်းစစ်အဆုံးသတ်နိုင်ရေး သံတမန်ဆွေးနွေးပွဲကို သောကြာနဲ့ စနေ ၂ ရက်ကျင်းပမှာဖြစ်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေပြေလည်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေး အကူညီပေးဖို့အတွက် ဘုံ သဘောတူညီချက် ၅ ခုချမှတ်ထားပြီး သံတမန်ရေးနည်းအရကြိုးပမ်းတာတွေရှိပေမယ့် ထူးခြားတဲ့တိုးတက်မှုတွေတော့မရှိခဲ့ပါဘူး။ လာမယ့် အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ အာဆီယံထိပ်သီးအစည်းဝေးကျင်းပတဲ့အခါမှာလည်း မြန်မာ့ရေးဟာ အဓိကဆွေးနွေးရမယ့် အကြောင်းအရာတခုအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG