သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်သမ္မတ နှုတ်ထွက်ဖို့ ကျောင်းသားတွေ ဆန္ဒပြတောင်းဆို


ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟမ်မက် ရှဟာဘူဒင်
ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟမ်မက် ရှဟာဘူဒင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အနားယူသွားတာနဲ့ ပတ်သက်တဲ့ စကားတခွန်းကြောင့် သမ္မတကို နှုတ်ထွက်ပေးဖို့ ဦးဆောင်ကျောင်းသားအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

သောကြာနေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ဖို့၊ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုက သမ္မတကို အချိန် ၂ ရက် ပေးလိုက်တာပါ။ ဒီကိစ္စကို ဆွေးနွေးဖို့အတွက် အစိုးရအဖွဲ့အစည်းအဝေးကို ကြာသပတေးနေ့မှာ ခေါ်ဆိုထားပါတယ်။

ရာချီနေတဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ဒက္ကားမှာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြပြီး တချို့က သမ္မတအိမ်တော်ကို ဝင်စီးဖို့ ကြိုးစားခဲ့ကြပါတယ်။

ရှိတ်ဟာစီနာ နှုတ်ထွက်တာကို ကြားရုံပဲ ကြားခဲ့ပြီး တရားဝင် စာကိုတော့ မမြင်ရသေးဘူးလို့ Manab Zamin ဘင်္ဂါလီ သတင်းစာကို သမ္မတက ပြောကြားခဲ့တာကြောင့် ယူနွတ်အစိုးရရော၊ ကျောင်းသား လှုပ်ရှားသူတွေကပါ ဒေါသ ထွက်ခဲ့ကြတာပါ။

စာကို လက်ခံရရှိခဲ့တယ်လို့ ဩဂုတ်လ ၅ ရက်တုန်းက သမ္မတကိုယ်တိုင် ပြောခဲ့တဲ့ စကားနဲ့လည်း ဒါက ဆန့်ကျင်နေပါတယ်။ ဖွဲ့စည်းပုံအရ၊ ရွေးကောက်ခံ ဝန်ကြီးချုပ် နှုတ်ထွက်ရာမှာ သမ္မတထံ စာနဲ့တင်သွင်းရမှာ ဖြစ်သလို၊ သမ္မတကိုလည်း ပါလီမန်ကပဲ စွပ်စွဲ ပြစ်တင်နိုင်ပါတယ်။ ဩဂုတ်လ ၈ ရက်နေ့မှာ သမ္မတ ရှဟာဘူဒင်က ပါလီမန်ကို ဖျက်သိမ်းထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG