ဓာတ်ပုံသတင်း "၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ"

၅
မီချီဂန်ပြည်နယ်၊ ဂရန်းရက်ပစ်စ်မြို့၊ ဖိန့်လူသရန် ဘုရားကျောင်းအပြင်ဘက်မှာ လှုပ်ရှားသွားလာရအခက်အခဲရှိတဲ့ မဲဆန္ဒရှင် မေရီမီလာ မဲပေးဖို့အတွက် ရွေးကောက်ပွဲဝန်ထမ်း အိုဝင် အိုကီဖီနဲ့ ဘရန်ဒန် ရစ်ခေါ့ဖ်တို့ မဲရုံအပြင်ဘက်မှာပဲ ကူညီပေးခဲ့ပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

၆
မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့ အရှေ့ခြမ်းမဲရုံတရုံမှာ မဲပေးဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို နိုဝင်ဘာလ ၅ ရက် ရွေးကောက်ပွဲနေ့က တွေ့ရတာပါ။

၇
နယူးယောက်မြို့ မစ်ကီမန်တဲလ်ကျောင်းမှာ အမေဖြစ်တဲ့ အယ်လက်စစ် တေလာ မဲပေးတော့ အသက် ၂ နှစ်သမီး ဗက်စတာ အေဗာရီက အမေနဲ့တူတူ မဲကူပေးခဲ့တာပါ။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

၈
နယူးယောက်မြို့ ဘရွန့်စ်ခရိုင် တရားရုံးချုပ် မဲရုံမှာလည်း မဲဆန္ဒရှင်တွေ မဲလာပေးခဲ့ကြပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)