ဓာတ်ပုံသတင်း "၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ"

၉
ရွေးကောက်ပွဲနေ့က နယူးယောက်မြို့၊ ဘရွန့်စ်ခရိုင် တရားရုံးချုပ်မှာ ရွေးကောက်ပွဲအကူ လုပ်အားပေးတွေ မဲစာရွက်တွေ စစ်ဆေးနေကြတာဖြစ်ပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

၁၀
အလက်ဘားမားပြည်နယ်၊ ဘာမင်ဟမ်မြို့ ဘရုခ်ဟီးလ်စ်ဘုရားကျောင်း မဲရုံမှာ မဲဆန္ဒရှင်တွေ မိုးထဲလေထဲတန်းစီစောင့်ပြီး မဲပေးခဲ့ကြပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

၁၁
ရီပတ်ဘလီကန်ပါတီ ဒုသမ္မတလောင်း အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်ဟာ သားသမီးတွေနဲ့အတူ စင်စီနာတီမြို့ St. Anthony of Padua Maronite ကက်သလစ်ဘုရားကျောင်းမှာ မဲပေးဖို့ ရောက်လာခဲ့ပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

၁၂
ဖလော်ရီဒါပြည်နယ် ပမ်းဘိချ်မြို့ မန်ဒယ်အပန်းဖြေစင်တာမှာရှိတဲ့ မဲရုံအပြင်ဘက်မှာတော့ ရီပါဘလစ်ကန်သမ္မတလောင်းဖြစ်သူ၊ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပုံတူ အရုပ်ကလေးကိုင်ထားတဲ့ သမ္မတထရမ့် ထောက်ခံသူတဦးကို တွေ့ရပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)