သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တာလီဘန်နဲ့တွေ့ဆုံဆွေးနွေး


အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်ခေါင်းဆောင်တွေနဲ့  ပါကစ္စတန်နိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တွေ တွေ့ဆုံနေစဉ် (ဒီဇင်ဘာ ၂၄၊ ၂၀၂၄)
အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်ခေါင်းဆောင်တွေနဲ့  ပါကစ္စတန်နိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တွေ တွေ့ဆုံနေစဉ် (ဒီဇင်ဘာ ၂၄၊ ၂၀၂၄)

အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်ခေါင်းဆောင်တွေနဲ့ ပါကစ္စတန်နိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တွေအာဖဂန်မြို့တော် Kabul မှာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အကြမ်းဖက်ဝါဒစွပ်စွဲချက်တွေကြောင့် တနှစ်ကြာရပ်နားထားတဲ့ဆွေးနွေးပွဲတွေ ပြန်စလိုက်တာလည်းဖြစ်ပါတယ်။

တာလီဘန်နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နဲ့ ပြည်ထဲရေးဝန်ကြီး Sirajuddin Haqqani အပါအဝင် တာလီဘန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က အာဖဂန်ဆိုင်ရာ ပါကစ္စတန်အထူးကိုယ်စားလှယ် Mohammad Sadiq ဦးဆောင်တဲ့အဖွဲ့ကို Kabul မြို့မှာ လက်ခံတွေ့ဆုံဆွေးနွေးကြတာပါ။ သံတမန်ရေး၊ ကုန်သွယ်ရေး နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းလာအောင် ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီး တာလီဘန်နိုင်ငံခြားရေးဌာနကထုတ်ပြန်ပါတယ်။

အာဖဂန်နဲ့ ပါကစ္စတန်နှစ်နိုင်ငံဟာ ကီလိုမီတာ ၂၆၀၀ လောက်နယ်နိမိတ်ချင်း ထိစပ်နေတာဖြစ်ပါတယ်။ ပါကစ္စတန်အစိုးရနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ဆန္ဒရှိကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကုန်သွယ်ရေးနဲ့ ကူးသန်းသွားလာရေးဆိုင်ရာ ကူးလူးဆက်ဆံမှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ နှစ်နိုင်ငံအစိုးရကြား အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ရမှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်သွားလာမှုတွေ လွယ်ကူချောမွေ့စေရေး အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြား တင်းမာနေတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့လည်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီး Muttaqi က ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်သံတမန် Sadiq ကလည်း သူ့ရဲ့တာဝန်ဟာ နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေး တွေ မြှင့်တင်နိုင်ဖို့ ဖြစ်ကြောင်း တာလီဘန်တို့ရဲ့ ကြေညာချက်မှာ ကိုးကားဖော်ပြထားပါတယ်။

ပါကစ္စတန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တာလီဘန်နဲ့တွေ့ဆုံဆွေးနွေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG