သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဒုက္ခသည်တွေကို နှင်ထုတ်မယ့်အစီအစဉ် ပြန်သုံးသပ်ဖို့ ပါကစ္စတန်ကို တိုက်တွန်း 


ပါကစ္စတန်နိုင်ငံ၊ ကာရာချိမြို့ကို ဝင်ရောက်လာကြတဲ့ အာဖဂန်ဒုက္ခသည်များ (စက်တင်ဘာ ၂၁၊ ၂၀၂၃)
ပါကစ္စတန်နိုင်ငံ၊ ကာရာချိမြို့ကို ဝင်ရောက်လာကြတဲ့ အာဖဂန်ဒုက္ခသည်များ (စက်တင်ဘာ ၂၁၊ ၂၀၂၃)

ပါကစ္စတန်နိုင်ငံအတွင်းရောက်နေတဲ့ အာဖဂန်ဒုက္ခသည် ၁ သန်း ၇ သိန်းအပါအဝင် တရားမဝင်ရောက်ရှိနေသူတွေကို တိုင်းပြည်ကနေနှင်ထုတ်မယ့်အစီစဉ်ကိုပြန်လည်စဉ်စားဖို့ အာဖဂန်တာလီဘန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အာဖဂန်ဒုက္ခသည်တွေအပါအဝင် တရားမဝင်ဝင်ရောက်နေထိုင်သူတွေ နိုဝင်ဘာလ ၁ ရက်နေ့ကစတင်ပြီး တိုင်းပြည်က နေစတင်ထွက်ခွါကြဖို့ ပါကစ္စတန်အစိုးရကအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်တနေ့မှာပဲ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihulla Mujahid က ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကိုကျော်လွန်ပြီး ပါကစ္စတန်နိုင်ငံအတွင်းတရားမဝင် ဆက်လက်နေထိုင်ပါက ဖမ်းဆီးထိန်းသိမ်းမယ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Sarfaraz Bugti က အင်္ဂါနေ့က အစ္စလမ်မာဘတ်မြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

“တာလီဘန်ဘက်ကပြောဆိုရာမှာတော့ အာဖဂန်ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ ပါကစ္စတန်ရဲ့ အပြုအမူဟာလက်ခံနိုင်စ ရာမရှိပါဘူး၊ အာဖဂန်တွေဟာပါကစ္စတန်ရဲ့လုံခြုံရေးကိစ္စတွေမှာပါ ဝင်ပတ်သက်ခြင်းမရှိပါဘူး၊ သူတို့ဆန္ဒအလျောက်တိုင်း ပြည်ကထွက်ခွါသွားတဲ့ အထိပါကစ္စတန်ကသည်းခံစောင့်ဆိုင်းသင့်ပါတယ်” လို့တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Mujahid က X လူမှုကွန်ယက်မှာရေးသားပါတယ်။

ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Bugti ကပြောဆိုရာမှာတော့ ပါကစ္စတန်မှာ ဒီနှစ်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှု ၂၄ ခုမှာ ၁၄ ခုက အာဖဂန်နိုင်ငံသားတွေဖြစ်ပြီး၊ မကြာသေးမီကမှ ပါကစ္စတန် စစ်စခန်းတခုကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့စစ်သွေး ကြွ ၁၁ ဦးအနက် ၈ ဦးကအာဖဂန်တွေဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG