သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အကြမ်းဖက်မှုတိုက်ဖျက်ရေးရုံးပေါက်ကွဲမှု ၁၇ ဦးထက်မနည်းသေဆုံး


Pakistan Blast
Pakistan Blast


ဧပြီ ၂၅၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အဆောက်အအုံတခုထဲမှာ တနင်္လာနေ့က ပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၅၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူအများစုက ရဲအရာရှိတွေ ဖြစ်ပါတယ်။

ခိုင်ဘာပထန်ခွာ (Khyber Pakhtunkhwa) ပြည်နယ် ဆွတ်တောင်ကြား (Swat Valley) ခရိုင်ကရုံးမှာ ကနဦးပေါက်ကွဲမှုအပြီး ပိုမို ပြင်းထန်တဲ့ ပေါက်ကွဲမှု နောက်တကြိမ်ထပ်ဖြစ်ခဲ့တာလို့ အကြီးတန်းရဲအရာရှိတဦးက ပြောပါတယ်။ ဒီပေါက်ကွဲမှုတွေအတွက် အဖွဲ့တခုခုက သူတို့လက်ချက်လို့ ထုတ်ဖော် ကြေညာတာမျိုး မရှိသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ဒေသမှာ အရင်ကလည်း ပါကစ္စတန် တာလီဘန် စစ်သွေးကြွအဖွဲ့က အလားတူတိုက်ခိုက်မှုတွေ လုပ်လေ့ရှိပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ အကြမ်းဖက် နှိပ်နင်းရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပါတယ်။ အထူးသဖြင့် မနှစ်က အစိုးရနဲ့အပစ်ရပ်ကြေညာချက်ကို ပယ်ဖျက်ပြီးတဲ့နောက်မှာ ဆွတ်တောင်ကြားဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေကလည်း မြင့်တက်လာနေပါတယ်။

တဘက်မှာလည်း အခု ပေါက်ကွဲမှုတွေက တိုက်ခိုက်ခံရတယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရဘူးဆိုပြီး ဒေသခံ တာဝန်ရှိစစ်ဆေးသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ စစ်သွေးကြွတွေဆီကသိမ်းဆည်းရမိတဲ့ မော်တာကျည်တွေ၊ အခြားလက်နက်ခဲယမ်းတွေသိမ်းထားတဲ့ မြေအောက်ခန်းမှာ ဖြစ်ပြီး လျှပ်စစ်ဝါယာရှော့ဖြစ်တာ ဒါမှမဟုတ် အလိုအလျောက်ပေါက်ကွဲမှု တချို့ ဖြစ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးဌာန လက်ထောက် အကြီးအကဲကတော့ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ “ပေါ့လျော့မှု” လို့ ပြောထားပါတယ်။

တဘက်မှာလည်း Tehreek-e-Taliban Pakistan လို့ လူသိများတဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့ဟာ ၂၀၂၁ ခုနှစ်မှာ အိမ်နီးချင်း အာဖဂန်နစ္စတန်မှာ တာလီဘန် အဖွဲ့ တကျော့ပြန် အာဏာရပြီးကတည်း ပါကစ္စတန်ရဲ့နေရာအတော်များများမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ပိုပြီးတိုက်ခိုက်လာနေတာပါ။ ဒီအဖွဲ့ရဲ့
ခေါင်းဆောင်တွေနဲ့ တိုက်ခိုက်ရေးသမားအများအပြားကိုလည်း အာဖဂန် တာလီဘန်တွေက အာဖဂန်နစ္စတန်နယ်စပ်မှာ ခိုအောင်း အခြေချခွင့်ပေးထားပါတယ်။

တောင်အာဖရိကနိုင်ငံ ICC မှ နုတ်ထွက်မည်
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG