သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အသေခံဗုံးခွဲ ၁၅ ဦးသေ


ပါကစ္စတန်နိုင်ငံ၊ Baluchistan ပြည်နယ် Quetta မြို့က အသေခံဖေါက်ခွဲ တိုက်ခိုက်မှု
ပါကစ္စတန်နိုင်ငံ၊ Baluchistan ပြည်နယ် Quetta မြို့က အသေခံဖေါက်ခွဲ တိုက်ခိုက်မှု

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှာ စနေနေ့ညနေက အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၁၅)ဦး သေဆုံးသွားပြီး ၊ အဲဒီထဲမှာ စစ်သားရော အရပ်သားပါ ပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Baluchistan ပြည်နယ်ရဲ့မြို့တော် Quetta မှာ ဖေါက်ခွဲရေးပစ္စည်းသယ်လာတဲ့ ဆိုင်ကယ်မောင်းသမားက တပ်ဖွဲ့ဝင်တွေပါတဲ့ စစ်ကားကို ဝင်တိုက်ခဲ့ပြီး အသေခံဗုံးခွဲ ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေနဲ့ အာဏာပိုင်တွေက ပြောတာပါ။ လုံခြုံရေး တင်းကြပ်ထားတဲ့ မြို့တော်မှာ အခုလို ဖေါက်ခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၃၂)ဦး ဒဏ်ရာရသွားတယ်လို့ ပြည်နယ်အစိုးရရဲ့ပြည်ထဲရေးဝန်ကြီး Sarafarz Bugti ကပြောပါ တယ်။ ဒဏ်ရာရသူထဲက အများစုဟာ စိုးရိမ်ဖွယ်အခြေနေ ရှိပါတယ်။

အသေခံတိုက်ခိုက်မှုဟာ မီးလောင်စေတဲ့ ဖေါက်ခွဲရေးပစ္စည်းတွေ သုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြ ထားပြီး၊ အနီနားက အခြားကားတွေကိုလဲ လောင်ကျွမ်းစေခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့် တနင်္လာနေ့မှာ ပါကစ္စတန် လွတ်လပ်ရေးနေ့ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို အသေခံဖေါက်ခွဲ တိုက်ခိုက်မှု ဖြစ်လာတာပါ။

ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ ကြေညာတာမျိုး မရှိသေးပါဘူး။ ပါကစ္စတန်နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို များသောအားဖြင့် ပါကစ္စတန်-တာလီဘန်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ အစွန်းရောက်တွေက ပြုလုပ်လေ့ ရှိပါတယ်။

ပါကစ္စတန်အသေခံဗုံးခွဲ ၁၅ ဦးသေ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG