သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါကစၥတန္ အေသခံဗံုးခြဲမႈ ၈ ဦးေသဆံုး


ပါကစၥတန္ အေသခံဗံုးခြဲမႈ ၈ ဦးေသဆံုး

(Zawgyi/Unicode)

ပါကစၥတန္ႏုိင္ငံ အေနာက္ေတာင္ပိုင္းမွာ တနလာၤေန႔က လူအုပ္တြင္း အေသခံဗံုးခြဲ တိုက္ခုိက္မႈေၾကာင့္ အနည္းဆံုး ၈ ဦး ေသဆံုးၿပီး လူ ၂၀ ေလာက္ ဒဏ္ရာ ရရွိခဲ႔ပါတယ္။ ဘာလူခ်စၥတန္ ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Quetta မွာ ျဖစ္ခဲ႔တဲ႔ တိုက္ခုိက္မႈနဲ႔ ပတ္သက္ၿပီး ဘယ္သူကမွ သူတို႔ လက္ခ်က္လို႔ ေျပာဆိုထားတာ မရွိပါဘူး။

အစၥလာမၼစ္ တက္ၾကြလႈပ္ရွားသူေတြရဲ႕ လူထု စုေ၀းပြဲကို ၀င္ေရာက္မယ့္ အေသခံ ဗံုးခြဲသမားကို လံုၿခံဳေရး အေစာင့္ေတြက ၾကားျဖတ္ တားဆီးဖို႔ လုပ္ခ်ိန္က အေသခံ ဗံုး ေဖာက္ခြဲလိုက္တာ ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႔ အႀကီးအကဲ Abdul Razaq Cheema က သတင္းေထာက္ေတြကို ေျပာပါတယ္။

ေသဆံုးခဲ႔သူေတြထဲမွာ လံုျခံဳေရး ၀န္ထမ္း သံုးဦးလည္း ပါ၀င္တယ္လို႔ ရဲခ်ဳပ္က ေျပာပါတယ္။ ထင္ရွားတဲ႔ စစ္ေသြးၾကြ ေခါင္းေဆာင္ တဦး ဖမ္းဆီးထိန္းသိမ္းထားတာကေန ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း ပါကစၥတန္ ျပည္ထဲေရး ၀န္ႀကီး Ijaz Shar က အတည္ျပဳ ေျပာဆိုလိုက္တဲ႔ တနလာၤေန႔မွာဘဲ အေသခံ ဗံုးခြဲ တိုက္ခုိက္မႈ ျဖစ္ခဲ႔တာပါ။

ပါကစၥတန္ တာလီဘန္ စစ္ေသြးၾကြ အဖြဲ႔ရဲ႕ ေျပာခြင့္ရေဟာင္း Ehsanullah Ehsan က သူ႔ကို ဖမ္းထားရာကေန ထြက္ေျပးလြတ္ေျမာက္လာေၾကာင္း ေျပာဆုိထားတဲ႔ ဗီြဒီယို တခုကို လူမႈကြန္ယက္မီဒီယာမွာ တင္ခဲ႔ၿပီး ရက္ပိုင္း အၾကာမွာဘဲ ျပည္ထဲေရး ၀န္ႀကီးက အခုလို အတည္ျပဳခဲ႔တာ ျဖစ္ပါတယ္။

ပါကစၥတန္ အေသခံဗံုးခြဲမႈ ၈ ဦးေသဆံုး
please wait

No media source currently available

0:00 0:00:31 0:00
တိုက္႐ိုက္ လင့္ခ္


................

ပါကစ္စတန် အသေခံဗုံးခွဲမှု ၈ ဦးသေဆုံး

(Unicode)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တနလာၤနေ့က လူအုပ်တွင်း အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး လူ ၂၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘာလူချစ္စတန် ပြည်နယ်ရဲ့ မြို့တော် Quetta မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့ လက်ချက်လို့ ပြောဆိုထားတာ မရှိပါဘူး။

အစ္စလာမ္မစ် တက်ကြွလှုပ်ရှားသူတွေရဲ့ လူထု စုဝေးပွဲကို ဝင်ရောက်မယ့် အသေခံ ဗုံးခွဲသမားကို လုံခြုံရေး အစောင့်တွေက ကြားဖြတ် တားဆီးဖို့ လုပ်ချိန်က အသေခံ ဗုံး ဖောက်ခွဲလိုက်တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Abdul Razaq Cheema က သတင်းထောက်တွေကို ပြောပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ လုံခြုံရေး ဝန်ထမ်း သုံးဦးလည်း ပါဝင်တယ်လို့ ရဲချုပ်က ပြောပါတယ်။ ထင်ရှားတဲ့ စစ်သွေးကြွ ခေါင်းဆောင် တဦး ဖမ်းဆီးထိန်းသိမ်းထားတာကနေ ထွက်ပြေး လွတ်မြောက်သွားကြောင်း ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Ijaz Shar က အတည်ပြု ပြောဆိုလိုက်တဲ့ တနလာၤနေ့မှာဘဲ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ပါကစ္စတန် တာလီဘန် စစ်သွေးကြွ အဖွဲ့ရဲ့ ပြောခွင့်ရဟောင်း Ehsanullah Ehsan က သူ့ကို ဖမ်းထားရာကနေ ထွက်ပြေးလွတ်မြောက်လာကြောင်း ပြောဆိုထားတဲ့ ဗွီဒီယို တခုကို လူမှုကွန်ယက်မီဒီယာမှာ တင်ခဲ့ပြီး ရက်ပိုင်း အကြာမှာဘဲ ပြည်ထဲရေး ဝန်ကြီးက အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG