သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္မွာ အိမ္လုပ္ဗံုးစမ္းသပ္သူမ်ား ဖမ္းမိ


ေဟာင္ေကာင္ဆႏၵျပပြဲျမင္ကြင္း။ (ဒီဇင္ဘာ ၁၃၊ ၂၀၁၉)

(Zawgyi / Unicode)

ေဟာင္ေကာင္က လူျပတ္တဲ့ေနရာတခုမွာ လက္လုပ္ဗုံးေတြ စမ္းသပ္ခဲ့တဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး သံသယရွိသူ လူ ၃ ဦးကို ဒီကေန႔ ဖမ္းဆီးလိုက္တယ္လို႔ ေဟာင္ေကာင္ရဲတို႔က ေျပာပါတယ္။

သူတို႔နဲ႔အတူ ေပါက္ကြဲေရး ဓာတုပစၥည္းေတြ၊ က်ည္ကာအက်ႌေတြနဲ႔ ဓာတ္ေငြ႔ကာ မ်က္ႏွာဖုံးေတြအျပင္ အေ၀းထိန္း ရီမုတ္ကြန္ထ႐ိုးေတြကိုပါ ဖမ္းမိတယ္လို႔ ရဲတို႔က ေျပာပါတယ္။

ဇြန္လကတည္းက စတင္လာတဲ့ အစိုးရဆန္႔က်င္ ဆႏၵျပပြဲေတြမွာ ေပါက္ကြဲေရးပစၥည္းေတြ ဖမ္းဆီးမိေနတာျဖစ္ၿပီး ဒီကေန႔ျဖစ္ရပ္ကေတာ့ ေနာက္အက်ဆုံး ဖမ္းဆီးမႈလည္း ျဖစ္ပါတယ္။

ရာဇ၀တ္မႈ က်ဴးလြန္ထားသူအျဖစ္ သံသယရွိထားသူေတြကို ေဟာင္ေကာင္ကေန တ႐ုတ္ျပည္မႀကီးဆီ လႊဲေျပာင္းၿပီး တရားရင္ဆုိင္ေစမယ့္ ဥပေဒမူၾကမ္း တင္သြင္းခဲ့တဲ့ကိစၥကို အေျခခံၿပီး ၿပီးခဲ့တဲ့ ဇြန္လက စတင္ေပၚေပါက္ခဲ့တဲ့ ေဟာင္ေကာင္အစိုးရ ဆန္႔က်င္ဆႏၵျပပြဲအတြင္း ေဖာက္ကြဲေရးပစၥည္းေတြကို ရဲေတြက ရွာေဖြဖမ္းဆီးေနတာပါ။

တနလၤာေန႔တုန္းကေတာ့ အိမ္႐ုိက္သံေတြနဲ႔ ပတ္ထားတဲ့ လက္လုပ္ဗုံး ၂ လုံးကို ရဲေတြ ႐ွင္းလင္းခဲ့ရတယ္လို႔ ေျပာပါတယ္။ အဲဒီဗုံးအမ်ားစုကိုေတာ့ ေဟာင္ေကာင္ရဲေတြကို တုိက္ခိုက္ဖို႔ ရည္ရြယ္တာ ျဖစ္ပုံရတယ္ဆိုၿပီး ရဲေတြက သံသယရွိေနတာပါ။

ကမၻာတ၀ွမ္းက စစ္ေသြးႂကြေတြ အသုံးျပဳတဲ့ အင္အားျပင္း TATP လက္လုပ္ေဖာက္ခြဲေရးပစၥည္း ၂ ကီလိုဂရမ္ကိုလည္း ၿပီးခဲ့တဲ့ ဇူလိုင္လမွာ ရဲတို႔က သိမ္းဆည္းရမိခဲ့တာပါ။ လတ္တေလာ ဖမ္းဆီးမိတဲ့ အျခားျဖစ္ရပ္တခ်ိဳ႕မွာလည္း ေပါက္ကြဲေရးပစၥည္းတခ်ိဳ႕ သိမ္းဆည္းရမိခဲ့ပါေသးတယ္။

-----------------------------------

(Unicode)

ဟောင်ကောင်မှာ အိမ်လုပ်ဗုံးစမ်းသပ်သူများ ဖမ်းမိ

ဟောင်ကောင်က လူပြတ်တဲ့နေရာတခုမှာ လက်လုပ်ဗုံးတွေ စမ်းသပ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သံသယရှိသူ လူ ၃ ဦးကို ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင်ရဲတို့က ပြောပါတယ်။

သူတို့နဲ့အတူ ပေါက်ကွဲရေး ဓာတုပစ္စည်းတွေ၊ ကျည်ကာအင်္ကျီတွေနဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေအပြင် အဝေးထိန်း ရီမုတ်ကွန်ထရိုးတွေကိုပါ ဖမ်းမိတယ်လို့ ရဲတို့က ပြောပါတယ်။

ဇွန်လကတည်းက စတင်လာတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ ပေါက်ကွဲရေးပစ္စည်းတွေ ဖမ်းဆီးမိနေတာဖြစ်ပြီး ဒီကနေ့ဖြစ်ရပ်ကတော့ နောက်အကျဆုံး ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။

ရာဇဝတ်မှု ကျူးလွန်ထားသူအဖြစ် သံသယရှိထားသူတွေကို ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပြီး တရားရင်ဆိုင်စေမယ့် ဥပဒေမူကြမ်း တင်သွင်းခဲ့တဲ့ကိစ္စကို အခြေခံပြီး ပြီးခဲ့တဲ့ ဇွန်လက စတင်ပေါ်ပေါက်ခဲ့တဲ့ ဟောင်ကောင်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ဖောက်ကွဲရေးပစ္စည်းတွေကို ရဲတွေက ရှာဖွေဖမ်းဆီးနေတာပါ။

တနင်္လာနေ့တုန်းကတော့ အိမ်ရိုက်သံတွေနဲ့ ပတ်ထားတဲ့ လက်လုပ်ဗုံး ၂ လုံးကို ရဲတွေ ရှင်းလင်းခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီဗုံးအများစုကိုတော့ ဟောင်ကောင်ရဲတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်တာ ဖြစ်ပုံရတယ်ဆိုပြီး ရဲတွေက သံသယရှိနေတာပါ။

ကမ္ဘာတဝှမ်းက စစ်သွေးကြွတွေ အသုံးပြုတဲ့ အင်အားပြင်း TATP လက်လုပ်ဖောက်ခွဲရေးပစ္စည်း ၂ ကီလိုဂရမ်ကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရဲတို့က သိမ်းဆည်းရမိခဲ့တာပါ။ လတ်တလော ဖမ်းဆီးမိတဲ့ အခြားဖြစ်ရပ်တချို့မှာလည်း ပေါက်ကွဲရေးပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG