သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဇက်စတန်မှာ လေယာဉ်ပျက်ကျ ၃၈ ဦးသေဆုံး


ကာဇက်စတန်မှာပျက်ကျသွားတဲ့ အဇာဘိုင်ဂျန်လေကြောင်းလိုင်းလေယာဉ် (ဒီဇင်ဘာ ၂၅၊ ၂၀၂၄)
ကာဇက်စတန်မှာပျက်ကျသွားတဲ့ အဇာဘိုင်ဂျန်လေကြောင်းလိုင်းလေယာဉ် (ဒီဇင်ဘာ ၂၅၊ ၂၀၂၄)

အဇာဘိုင်ဂျန်လေကြောင်းလိုင်းက လေယာဥ်တစီး ကာဇက်စတန် မှာ ပျက်ကျသွားခဲ့တဲ့အတွက် လူ ၃၈ ယောက် သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကာဇက်စတန် မြို့ Aktau အနီးမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျခဲ့တာပါ။

အဇာဘိုင်ဂျန် တာဝန်ရှိသူတွေနဲ့ အစည်းအဝေးမှာ ဒုတိယ ဝန်ကြီးချုပ် ကားနတ် ဘိုဇမ်ဘေ့ဗ် Kanat Bozumbaev က အသေအပျောက်စာရင်းကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ လေယာဥ်ပေါ်မှာ လေယာဥ်အဖွဲ့သား ၅ ဦးအပါအဝင် ပါသွားသူ ၆၇ ယောက်ရှိပြီး လူ ၂၉ ယောက် ရှင်ခဲ့တယ်လို့ ကာဇက်စတန် အရေးပေါ် ဝန်ကြီးဌာနက တယ်လီဂရမ်လူမှု စာမျက်နှာမှာ သတင်း ထုတ်ပြန်ပါတယ်။ ဒီ ရှင်ကျန်ခဲ့သူတွေထဲမှာ ကလေး ၂ ယောက်လည်း ပါဝင်ကြပီး၊ ဆေးရုံတင်ထားတယ်လို့ ဝန်ကြီးဌာနက ရုရှား နိုင်ငံတော်ပိုင် သတင်းဌာန RIA Novosti ကို ပြောပါတယ်။

လေယာဥ်က အဇာဘိုင်ဂျန် မြို့တော် ဘာကုကနေ ရုရှားနိုင်ငံ ကော့ကေးဆပ် မြောက်ပိုင်း Grozny ကို ပျံသန်းသွားခဲ့တာပါ။ ဒါပေမဲ့ ငှက်က လေယာဥ်ကို ဝင်တိုက်ပြီးတဲ့အခါမှာတော့ လေယာဥ်မှူးတွေက အရေးပေါ် ဆင်းသက်ဖို့အတွက် Aktau မြို့ဘက်ကို လမ်းကြောင်း ပြောင်းခဲ့တာ ဖြစ်တယ်လို့ ရုရှား အရပ်ဘက်လေကြောင်း ဌာနကို ကိုးကားပြီး RIA Novosti က ပြောပါတယ်။ လိုင်းပေါ်မှာ ပျံ့နေပြီး၊ မိုဘိုင်းဖုန်းတွေနဲ့ ရိုက်ကူးတဲ့ ဗွီဒီယိုတွေမှာတော့ လေယာဥ်က စိုက်ဆင်းသွားပြီး၊ မြေပြင်ကို ပျက်အကျမှာ မီးလုံးကြီးတွေ တက်သွားတာ တွေ့ရပါတယ်။ ကာဇက်စတန် အရာရှိတွေ အပြောအရ၊ လေယာဥ်ပေါ် ပါသွားကြသူတွေထဲမှာ အဇာဘိုင်ဂျန်နိုင်ငံသား ၄၂ ယောက် ရုရှား ၁၆ ယောက် နဲ့ ကရစ်ဇက်စတန် နိုင်ငံသား ၃ ယောက်ပါဝင်ကြပါတယ်။

Forum

XS
SM
MD
LG