ဘောလတစ်ပင်လယ် ထဲက ဆွီဒင်ရေပိုင်နက် ထဲမှာ ဆက်သွယ်ရေး ကေဘယ်လိုင်း ၂ ခု အဖြတ်အတောက် ခံခဲ့ရပြီးတဲ့ နောက် တလ ကျော်လောက် အကြာမှာ အခု ခရစ်စမတ်နေ့က ဖင်လန်ကနေ အက်စ်တိုးနီးယားကို လျှပ်စစ်ပေးနေတဲ့ Estlink 2 ရေအောက် ကေဘယ်လ်လိုင်း ပင်မလိုင်းကနေ အဖြတ်တောက်ခံ ခဲ့ရတာ ဖြစ်ပါတယ်။
အခုလို တမင် အဖျက်အဆီး ခံရတာအတွက် စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်း အဖြစ် ရုရှားဆိပ်ကမ်းကနေ ထွက်ခွါလာတဲ့ Eagle S ရေနံတင် သဘောင်္ကို စုံစမ်းစစ်ဆေးနေကြောင်း ဖင်လန်အာဏာပိုင် တွေက ကြာသပတေးနေ့က ကြေညာပါတယ်။
ဖင်လန်သမ္မတ Alexander Stubb က အခုအခြေနေကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပြီး၊ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို ပြင်ပက လာရောက်မဖျက် ဆီးနိုင်အောင် သတိကြီးကြီးထားပြီး NATO နဲ့ အတူ ဆက်ပြီး လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်း သောကြာနေ့က ပြောပါတယ်။
ဒီရေနံတင် သဘောင်္ဟာ ယူကရိန်းကို ကျူးကျော်တဲ့အတွက် ဒဏ်ခတ် အရေးယူတာ ခံနေရတဲ့ ရုရှားအတွက် ရေနံတင်ပို့မှု လုပ်ရာမှာ သုံးတယ်လို့ သံသယရှိနေကြတာ ဖြစ်ပါတယ်။ ပစိဖိတ်တောင်ပိုင်း Cook Islands အလံတင် ဒီရေနံတင် သင်္ဘောရဲ့ ကျောက်ဆူးက ကေဘယ်လ် လိုင်းကို ပျက်စီးစေတယ်လို့ ရဲတွေက သံသယ ရှိနေတာပါ။
NATO အကြီးအကဲ Rutte က ဖင်လန် သမ္မတ နဲ့ ဆက်သွယ်ပြောဆိုခဲ့ပြီး NATO တပ်တွေ ဘောလတစ်ပင်လယ် မှာ တိုးမြှင့် ချထားမှာ ဖြစ်ပြီး ဖင်လန်နဲ့ တသားထည်းရပ်တည်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Forum