သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်တောင်တန်းမှာ ကမ္ဘာ့အကြီးဆုံးဆည် တရုတ်ဆောက်မည်


တရုတ်အနောက်ပိုင်း တိဘက်ဒေသမှာရှိပြီး ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်ဓာတ်ထုတ်တော့ဖို့ အတည်ပြုလိုက်တဲ့ Yarlung Zangbo တောင်ကြားမှာစီးဆင်းနေတဲ့ Yarlung Zangbo မြစ် (မတ် ၂၈၊ ၂၀၂၁)
တရုတ်အနောက်ပိုင်း တိဘက်ဒေသမှာရှိပြီး ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်ဓာတ်ထုတ်တော့ဖို့ အတည်ပြုလိုက်တဲ့ Yarlung Zangbo တောင်ကြားမှာစီးဆင်းနေတဲ့ Yarlung Zangbo မြစ် (မတ် ၂၈၊ ၂၀၂၁)

ကမ္ဘာ့အကြီးဆုံး ရေကာတာအသစ် တည်ဆောက်ဖို့ တရုတ်အစိုးရက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ တိဘက်တောင်တန်း အရှေ့ဘက်ခြမ်းကိုပတ်ပြီးဆောက်မယ့် ဒီဆည်ကြောင့် မြစ်အောက်ပိုင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတွေက ပြည်သူ သန်းပေါင်းများစွာကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

Yarlung Zangbo မြစ် အောက်ပိုင်းမှာ တည်ဆောက်မယ့် ဒီဆည်ကနေ ကီလိုဝပ် ၃၀၀ ဘီလီယံရှိတဲ့ လျှပ်စစ်ဓာတ်အားကို နှစ်စဉ် ထုတ်လုပ်ပေးနိုင်မယ်လို့ တရုတ်အစိုးရ အကြီးစားဆောက်လုပ်ရေး ကော်ပိုရေးရှင်းက ၂၀၂၀ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။​

ဒါကြောင့် အခုဆောက်မယ့် ရေကာတာအသစ်ဟာ လက်ရှိမှာ ကမ္ဘာ့အကြီးဆုံး ရေကာတာကြီးဖြစ်တဲ့ တရုတ်နိုင်ငံအလယ်ပိုင်းက Three Gorges Dam ကထွက်တဲ့ လျှပ်စစ်ဓာတ်အားထက် ၃ ဆကျော် ပိုထွက်ရှိမှာဖြစ်ပါတယ်။​

ဒီရေကာတာကြီးကို တည်ဆောက်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ ကာဘွန်ဓာတ်ငွေ့ လျှော့ချရေး အစီအစဉ်ကို အထောက်အကူပြုစေမှာဖြစ်တဲ့အပြင်​ ဆောက်လုပ်ရေးနဲ့ဆက်နွယ်တဲ့ အလုပ် အကိုင်တွေ၊ တိဘက်ဒေသခံပြည်သူတွေအတွက်လည်း အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ မနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ရေးသားထားပါတယ်။​

အခု ရေကာတာတည်ဆောက်မယ့် Yarlung Zangbo မြစ်ဟာ ကီလိုမီတာ ၅၀ အကွာအဝေးအတွင်း မီတာ ၂,၀၀၀ လောက် အနိမ့်ပိုင်းကို သိသိသာသာ စီးဆင်းသွားတဲ့အတွက် ရေအားလျှပ်စစ်ကို တမူထူးခြားစွာ ထုတ်ယူနိုင်မှာဖြစ်ပေမယ့် ဆောက်လုပ်ရေးပိုင်းမှာတော့ စိန်ခေါ်မှုတွေ အများအပြား ရှိနိုင်တယ်လို့ ဆိုပါတယ်။​

တိဘက်တောင်တန်းမှာ ကမ္ဘာ့အကြီးဆုံးဆည် တရုတ်ဆောက်မည်
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG