သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ တေလာဆွိဖ် ဖျော်ဖြေဖို့ စိတ်ကူး


"Eras" ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာတွေ့ရတဲ့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Taylor Swift (ယခင်ပုံဟောင်း)
"Eras" ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာတွေ့ရတဲ့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Taylor Swift (ယခင်ပုံဟောင်း)

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Taylor Swift တေလာဆွိဖ်က တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ ဖျော်ဖြေပွဲလုပ်ဖို့ ဖြစ်နိုင်မဖြစ်နိုင် အလားအလာနဲ့ပတ်သက်ပြီး တေလာဆွိဖ်ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ "ကနဦး ဆွေးနွေးမှုတွေ" ပြုလုပ်ခဲ့တယ်လို့ တရုတ်သတင်းဌာန The Paper က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ရေးသားဖော်ပြပါတယ်။

တေလာဆွိဖ်ရဲ့ "Eras" ကမ္ဘာလှည့်ဖျော်ဖြေပွဲက မနှစ်က ပြီးဆုံးသွားခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့တဲ့ ပထမဆုံး ဖျော်ဖြေပွဲဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲတွေက အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ စီးပွားရေးအကျိုးအမြတ်အများကြီး ရစေခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တေလာဆွိဖ်က သူ့ရဲ့ ပရိသတ်တွေ အများကြီးရှိတဲ့ တရုတ်နိုင်ငံမှာ မဖျော်ဖြေရသေးပါဘူး။

ရှန်ဟိုင်းယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဌာန ဒုတိယညွှန်ကြားရေးမှူး ဇန်ချီက သူတို့မြို့တော်မှာ တေလာဆွိဖ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းဌာနကို ပြောပါတယ်။ "နောက်ဆုံး ဖျော်ဖြေပွဲ လုပ်ဖြစ်မလားဆိုတာကတော့ ဈေးကွက်အခြေအနေနဲ့ ရှန်ဟိုင်းမြို့ရဲ့ ဆွဲဆောင်မှုပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာ အလားအလာရှိတယ်လို့ ကျွန်တော်တို့ အကောင်းဘက်က ရှုမြင်ပါတယ်" လို့ ဒေသတွင်းနိုင်ငံရေးပွဲတခုမှာ သူက ပြောကြားသွားပါတယ်။ တေလာဆွိဖ်ရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ ချက်ချင်းတုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

Forum

XS
SM
MD
LG