သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှုဖြစ်နိုင်ခြေကြောင့် Taylor Swift ဗီယင်နာပွဲစဉ်များဖျက်သိမ်း


ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာတွေ့ရတဲ့ အမေရိကန်အဆိုတော် Taylor Swift ရဲ့နိုင်ငံတကာလှည့်တေးဂီတဖျော်ဖြေပွဲ "The Eras Tour" (သြဂုတ်လ ၃၊ ၂၀၂၄)
ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာတွေ့ရတဲ့ အမေရိကန်အဆိုတော် Taylor Swift ရဲ့နိုင်ငံတကာလှည့်တေးဂီတဖျော်ဖြေပွဲ "The Eras Tour" (သြဂုတ်လ ၃၊ ၂၀၂၄)

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်မှုတခုကို ဖော်ထုတ်ဖမ်းဆီးရမိပြီး ဗီယင်နာမှာ ကျင်းပဖို့ ရှိတဲ့ Taylor Swift တေးဂီတဖျော်ဖြေပွဲ သုံးခုလုံးကို ဖျက်သိမ်းလိုက်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ကမ္ဘာကျော် ပေါ့အဆိုတော် Taylor Swift ရဲ့ နိုင်ငံတကာလှည့် တေးဂီတဖျော်ဖြေပွဲ အစိတ်အပိုင်းအဖြစ် ဗီယင်နာမြို့မှာ အခု ကြာသာပတေး၊သောကြာနဲ့ စနေနေ့တွေမှာ ဖျော်ဖြေဖို့ရှိနေတာပါ။ ပွဲလုပ်မယ့်ကဇာတ်ရုံကို အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဉ်တခုကို အာဏာပိုင်တွေက ဖော်ထုတ်ဖမ်းဆီးရမိပြီး အားလုံး ဘေးကင်းလုံခြုံရေးအတွက် သုံးပွဲလုံးကို ဖျက်သိမ်းလိုက်ရတယ်လို့ ပွဲစီစဉ်သူကကြေညာပြီး လက်မှတ်တွေကိုတော့ ငွေပြန်အမ်းမယ်လို့ ဆိုပါတယ်။

အဲဒီပွဲစဉ်တွေကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သံသယနဲ့ လူနှစ်ဦးကို ဩစတြီးယားအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဖမ်းဆီးခဲ့တာပါ။

၁၉ နှစ်အရွယ် အဓိကသံသယရှိရသူကို ဗီယင်နာမြို့တောင်ပိုင်းက Ternitz မှာ ဖမ်းဆီးရမိပြီး နောက်တဦးကိုတော့ မြို့တော်ဗီယင်နာမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်လာနိုင်ခြေ ပြင်ဆင်ဆောင်ရွက်မှုကို သတင်းရရှိပြီး အသက် ၁၉ နှစ်အရွယ် သံသယရှိသူဟာ ဗီယင်နာမှာလုပ်မယ့် Taylor Swift ပွဲကို ပစ်မှတ်ထားတာတွေ့ရတယ်လို့ ဩစတြီးယား ပြည်ထဲရေး အများပြည်သူလုံခြုံရေးဆိုင်ရာ ညွန်ကြားရေးမှူးက ပြောပါတယ်။ ၁၉ နှစ်အရွယ် အဲဒီသံသယရှိသူဟာ IS အဖွဲ့ကို သစ္စာခံထားသူလို့လည်း သူက ပြောပါတယ်။ ဓါတုပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

ဗီယင်နာမြို့ ရဲချုပ်ကတော့ အန္တရာယ်ရှိမှုမှန်သမျှကို အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ပြီဆိုပေမယ့် လုံခြုံရေးကိုတော့ တိုးမြှင့်ထားတယ်လို့ ပြောပါတယ်။ ပွဲစီစဉ်သူတွေကတော့ လက်မှတ်တွေကို ဆယ်ရက်အတွင်း ပြန်ငွေချေပေးပါ့မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဗီယင်နာမှာလုပ်မယ့်ပွဲကိုTaylor Swift ပရိသတ် တသိန်း ခုနစ်သောင်း (၁၇၀,၀၀၀) လာမယ်လို့ ခန့်မှန်းထားတာပါ။

Forum

XS
SM
MD
LG