သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော် Taylor Swift စင်္ကာပူပွဲစဉ် ဝေဖန်ခံရ


စင်္ကာပူနိုင်ငံ National Stadium မှာကျင်းပတဲ့ Taylor Swift ဂီတဖျော်ဖြေပွဲအတွင်းတွေ့ရတဲ့ ပရိတ်သတ်များ (မတ် ၂၊ ၂၀၂၄)
စင်္ကာပူနိုင်ငံ National Stadium မှာကျင်းပတဲ့ Taylor Swift ဂီတဖျော်ဖြေပွဲအတွင်းတွေ့ရတဲ့ ပရိတ်သတ်များ (မတ် ၂၊ ၂၀၂၄)

အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift အရှေ့တောင်အာရှတိုက်တခုလုံးမှာ စင်္ကာပူတနိုင်ငံထဲမှာ ဖျော်ဖြေခွင့်ရှိရမယ်ဆိုတဲ့ သဘောတူညီချက်ဟာ တခြား အိမ်နီးချင်းနိုင်ငံတွေအပေါ် ရန်လိုတဲ့သဘောနဲ့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က ရှင်းလင်းပြောဆိုပါတယ်။

အဲဒီသဘောတူညီချက်ဟာ တကယ့်ကို အောင်မြင်မှုဖြစ်စေခဲ့တဲ့ သဘောတူညီချက်ဖြစ်ပြီး တခြားနိုင်ငံတွေကို ထိခိုက်မှုရှိတယ်လို့ သူ့အနေနဲ့ မမြင်ကြောင်း သြစတြေးလျနိုင်ငံ၊​ Melbourne မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် Lee Hsien Loong က ပြောပါတယ်။

စင်္ကာပူနိုင်ငံ National Stadium မှာကျင်းပတဲ့ Taylor Swift ဂီတဖျော်ဖြေပွဲအတွင်းတွေ့ရတဲ့ ပရိတ်သတ်များ (မတ် ၂၊ ၂၀၂၄)
စင်္ကာပူနိုင်ငံ National Stadium မှာကျင်းပတဲ့ Taylor Swift ဂီတဖျော်ဖြေပွဲအတွင်းတွေ့ရတဲ့ ပရိတ်သတ်များ (မတ် ၂၊ ၂၀၂၄)

စင်္ကာပူက အကျိုးအမြတ်များတဲ့ Taylor Swift Eras Tour ဖျော်ဖြေပွဲကနေ အမြတ်ထုတ်ပြီး အရှေ့တောင်အာရှတစ်ခွင်က ပရိသတ်တွေကို ဆွဲဆောင်နေတယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေက စိတ်အနှောက်အယှက်ဖြစ်နေကြတာပါ။ စင်္ကာပူအစိုးရက ဖျော်ဖြေရေး သဘောတူညီချက် စည်းကမ်းတွေကို တိတိကျကျ မဖော်ပြထားဘူးလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ Taylor Swift ဟာ မတ်လ ၃ ရက်ကနေ ၁၀ ရက်နေ့ထိ စင်္ကာပူနိုင်ငံမှာ ဖျော်ဖြေနေတာမှာ သူ့ဖျော်ဖြေပွဲရှိတဲ့နေရာတွေဟာ စီးပွားအကျိုးအမြတ်များစွာဖြစ်ထွန်းတဲ့အတွက် အများစုက လာရောက်ဖျော်ဖြေစေလိုနေကြတာပါ။

ထိုင်းဝန်ကြီးချုပ်ကလည်း သူ့တနိုင်ငံထဲမှာသာ ဖျော်ဖြေခွင့်ရှိရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ စင်္ကာပူက ခွင့်ပြုချက်ပေးဖို့ သဘောတူခဲ့တာဖြစ်ကြောင်း ပြောဆိုထားသလို ဖိလစ်ပိုင်လွှတ်တော်အမတ်တဦးကလည်း စင်္ကာပူရဲ့လုပ်ရပ်ဟာ အိမ်နီးချင်းကောင်းနိုင်ငံတွေရဲ့ လုပ်ရပ်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။​

ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာ ပွဲစဉ် ၁၅၂ ခုပါဝင်တဲ့ Taylor Swift ရဲ့ The Eras Tour ဖျော်ဖြေရေး ခရီးစဉ်ကို၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်က အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ် Glendale မြို့ကစခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက် ကနေဒါနိုင်ငံ၊ Vancouver မြို့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG