သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တေလာဆွိဖ်ဖျော်ဖြေရေးခရီးရုပ်ရှင် Disney+ မှာ ပြသ

ဖေဖော်ဝါရီ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် Paradise မြို့မှာကျင်းပတဲ့ အမေရိကန်ဘောလုံးချန်ပီယံလုပွဲ Super Bowl ပွဲစဉ်အတွင်း ချစ်သူ Travis Kelce ကိုလာရောက်အားပေးတဲ့ အဆိုတော် Taylor Swift ကိုတွေ့ရစဉ်
ဖေဖော်ဝါရီ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် Paradise မြို့မှာကျင်းပတဲ့ အမေရိကန်ဘောလုံးချန်ပီယံလုပွဲ Super Bowl ပွဲစဉ်အတွင်း ချစ်သူ Travis Kelce ကိုလာရောက်အားပေးတဲ့ အဆိုတော် Taylor Swift ကိုတွေ့ရစဉ်

ကမ္ဘာမှာ အအောင်မြင်ဆုံး အမေရိကန်ပေါ့ပ်အဆိုတော် တေလာဆွိဖ်ရဲ့ Eras Tour အဲရာစ်ဖျော်ဖြေရေးခရီးစဉ် မှတ်တမ်းရုပ်ရှင်ကို နောက်လကစပြီး Disney+ ဒစ္စနီ ပလပ်စ် ရုပ်သံလိုင်းမှာ ပြသမှာဖြစ်ပါတယ်။ ရုံတင်ရုပ်ရှင်မှာတုန်းက မပါတဲ့ သီချင်း ၅ ပုဒ် ကိုပါထည့်သွင်းပေးထားတယ်လို့ ဝေါ့လ်ဒစ္စနီက ပြောပါတယ်။ "Taylor Swift: The Eras Tour" ကို Disney+ ဒစ္စနီ ပလပ်စ် ရုပ်သံလိုင်းမှာ မတ်လ ၁၅ ရက်နေ့က စပြီး သီးသန့်ပြသမှာပါ။ မနှစ်က ရုံတင်ရုပ်ရှင်မှာ မပါဝင်ပဲ အခု အသစ်ထပ်ထည့်ထားပေးမဲ့ သီချင်း ၅ ပုဒ်ထဲမှာတော့ Acoustic ဂစ်တာနဲ့ ဖျော်ဖြေထားတဲ့ "Cardigan" ဆိုတဲ့ သီချင်းလည်းပါဝင်တာပါ။ သူ့ရဲ့ ဖျော်ဖြေရေးခရီးစဉ််ကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားပြီး ရုံတင်ပြသတော့ ရုံတင်ဝင်ငွေ ဒေါ်လာ ၂၆၂ သန်းနီးပါး ရရှိခဲ့တာပါ။ ဒါဟာ ဂီတဖျော်ဖြေပွဲအကြောင်း ရုပ်ရှင်ကားသမိုင်းမှာ ဝင်ငွေအများဆုံးရတဲ့ ဇာတ်ကားဖြစ်ပါတယ်။

သူ့ဖျော်ဖြေရေးခရီးက စင်မြင့်ဂီတ‌ဖျော်ဖြေရေးခရီးစဉ်အနေနဲ့လည်း ကမ္ဘာမှာ အအောင်မြင်ဆုံး ဝင်ငွေအများဆုံးရတဲ့ ဖျော်ဖြေရေးခရီးစဉ်ဖြစ်ပါတယ်။ လက်မှတ်အရောင်းဝင်ငွေတင် ဒေါ်လာ သန်းတထောင်ကျော် ဝင်ငွေရှိနေပါပြီ။ သူက ပထမဆုံးထွက်တဲ့ သီချင်းခွေထဲက သီချင်းတွေကအစ အခုနောက်ဆုံးထွက်တဲ့ သီချင်းသစ်တွေအထိ သီချင်းမျိုးစုံ သီဆိုတာဖြစ်ပါတယ်။ ဒီဖျော်ဖြေရေးခရီးစဉ်ကလည်း မပြီးဆုံးသေးပဲ တလောလေးကပဲ ဂျပန်နိုင်ငံမှာ သွားဆိုခဲ့တာပါ။

တေလာဆွိဖ်ရဲ့ အခုနောက်ဆုံးရထားတဲ့ အောင်မြင်မှုအသစ်ကတော့ ဂရမ်မီဂီတဆုချီးမြှင့်ပွဲမှာ အကောင်းဆုံးတေးဓာတ်ပြားဆု ထပ်ရရှိခဲ့လို့ သူက ဂရမ်မီသမိုင်းမှာ သူ့အရင် ဘယ်သူမှမရဘူးတဲ့ စတုတ္ထအကြိမ်မြောက်အဖြစ်နဲ့ ဒီဆုကို ထပ်ရတာပါ။ သူတယောက်တည်း အခုလို အကောင်းဆုံးတေးဓာတ်ပြားဆု ၄ ခါရတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG