သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုဋေကြွယ်သူဌေးစာရင်းဝင်သွားတဲ့ တေလာဆွိဖ်


လော့အိန်ဂျယ်လိစ်မြို့တော်မှာကျင်းပတဲ့ အမေရိကန်ဘောလုံးဗိုလ်လုပွဲကို လာရောက်အားပေးခဲ့တဲ့ အဆိုတော် Taylor Swift (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄)
လော့အိန်ဂျယ်လိစ်မြို့တော်မှာကျင်းပတဲ့ အမေရိကန်ဘောလုံးဗိုလ်လုပွဲကို လာရောက်အားပေးခဲ့တဲ့ အဆိုတော် Taylor Swift (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄)

အမေရိကန်နာမည်ကျော် အဆိုတော် တေလာဆွိဖ် (Taylor Swift) ဟာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်း ဝင်သွားပါတယ်။ သူ့ကို ဖော့ဘ်စ် (Forbes) မဂ္ဂဇင်းရဲ့ ဧပြီလ ၂ ရက်နေ့ထုတ်ပြန်တဲ့ ကုဋေကြွယ်သူဌေးစာရင်းမှာ တေလာဆွိဖ် ပါဝင်တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် တေးရေး၊ တေးဆို တေလာဆွိဖ်ဟာ ဒီစာရင်းထဲဝင်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့ရဲ့ အသားတင်ကြွယ်ဝမှုပေါင်း ဒေါ်လာသန်း တထောင့် တရာ (၁.၁ ဘီလျံ) နဲ့ နံပတ် ၂,၅၄၅ ချိတ် ပါတယ်။

တေလာဆွိဖ်က သူ့ချမ်းသာကြွယ်ဝမှု အားလုံးဟာ သူ့အနုပညာ၊ သူ့ဂီတနဲ့ ဖျော်ဖြေမှုကနေ ရရှိတဲ့ ပထမဆုံး ဂီတအကျော်အမော်ဖြစ်တယ်လို့ ဖော့ဘ်စ်မဂ္ဂဇင်းက ပြောပါတယ်။ အခု ၂၀၂၄ ခုနှစ်မှာက သန်းထောင်ချီကြွယ်ဝသူတွေ တနည်းပြောရရင် ကုဋေကြွယ်သူဌေး အရေအတွက်က အရင်နှစ်တွေနဲ့ ယှဉ်ရင် အများဆုံးဖြစ်ပြီး မနှစ်ကထက် လူ ၁၄၁ ဦး တိုးလာတာပါ။ အနုပညာအသိုက်အဝန်း၊ ထင်ပေါ်ကျော်ကြားသူ အသိုက်အဝန်းကလည်း စာရင်းထဲမှာ ပိုပါလာပါတယ်။

တေလာဆွိဖ်က ဒီနှစ် ဂရမ်မီဆုပေးပွဲမှာလည်း အကြီးအကျယ် အောင်မြင်မှုရခဲ့ပြီး အကောင်းဆုံးတေးဓာတ်ပြားဆု ၄ ကြိမ် ပထမဆုံးရရှိသူ ဖြစ်ပါတယ်။ သူက လက်ရှိမှာ Eras ဂီတဖျော်ဖြေရေးခရီးစဉ်နဲ့ ကမ္ဘာအနှံ့ လိုက်ဖျော်ဖြေနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဖျော်ဖြေရေးခရီးစဉ်က ၂၀၂၃ နှစ်ကုန်အထိဆိုရင် လက်မှတ်ရောင်းရငွေပေါင်း ဒေါ်လာသန်း တထောင်ကျော် ရရှိထားပြီလို့ အချက်အလက်စာရင်းတွေ ပြုစုတဲ့ Pollstar က ပြောပါတယ်။

Forum

XS
SM
MD
LG