သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးအစည်းအဝေးတွေ မြန်မာစစ်ခေါင်းဆောင်တွေ တက်ခွင့် မပေးဖို့ အာဆီယံ ဆက်ဆုံးဖြတ်


မလေးရှားနိုင်ငံ Langkawi ကျွန်းတွင် ကျင်းပပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးပွဲ (ဇန်နဝါရီ၊ ၂၀၂၅)
မလေးရှားနိုင်ငံ Langkawi ကျွန်းတွင် ကျင်းပပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးပွဲ (ဇန်နဝါရီ၊ ၂၀၂၅)

မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးဘဲ ဆက်လက် တားမြစ်ဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်တဲ့အကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက ဒီနေ့ ပြောဆိုတာကို ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။


မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ဒီနှစ်ထဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီတင်းပတ်ကုန် သီးသန့် အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ဆုံးဖြတ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှု မရှိတဲ့အတွက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာ ကျင်းပတဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ခွင့်ပေးဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာပါ။


တချိန်တည်းမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်မယ့်အစား အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့ ဦးစားပေးသင့်တယ်လို့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ပြောဆိုပါတယ်။
တချိန်တည်းမှာ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတွေ အားလုံးအတွက် အဟုန့်အတားမရှိ အကူအညီပေးနိုင်ဖို့ လိုအပ်တဲ့အကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG