သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အနီးကပ်ဆက်သွယ် ဆောင်ရွက်ဖို့ မလေးရှားနဲ့ဂျပန်သဘောတူ

ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba (ဝဲ) နဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim (ယာ) တို့ မလေးရှားနိုင်ငံ၊ ပူထရာဂျာယာမြို့က ဝန်ကြီးချုပ်ရုံးခန်းမှာ တွေ့ဆုံကြစဥ်။ (ဇန်နဝါရီ ၁၀၊ ၂၀၂၅)
ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba (ဝဲ) နဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim (ယာ) တို့ မလေးရှားနိုင်ငံ၊ ပူထရာဂျာယာမြို့က ဝန်ကြီးချုပ်ရုံးခန်းမှာ တွေ့ဆုံကြစဥ်။ (ဇန်နဝါရီ ၁၀၊ ၂၀၂၅)

မြန်မာနိုင်ငံအရေးအပါအဝင် အရှေ့နဲ့တောင်တရုတ်ပင်လယ်အရေးကိစ္စတွေမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba တို့ ဒီနေ့ မလေးရှားနိုင်ငံမှာ တွေ့ဆုံကြချိန် သဘောတူခဲ့ကြပါတယ်။

ဒေသအတွင်း လုံခြုံရေးခိုင်မာအားကောင်းဖို့၊ ကုန်စည်ဖြန့်ဖြူးမှုကွင်းဆက်တွေမှာ ဥပဒေစိုးမိုးရေးနဲ့ မဟာဗျူဟာမြောက် လက်တွဲဘက် ဆက်ဆံရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ယောက် ကွာလာလမ်ပူမှာ တွေ့ဆုံဆွေးနွေးကြတာပါ။

အရှေ့နဲ့ တောင်တရုတ်ပင်လယ်အပြင် အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးကြတဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံအရေးကိစ္စကိုပါ ထည့်သွင်းဆွေးနွေးတာ ဖြစ်ပါတယ်။ မလေးရှားအပြင် အာဆီယံနိုင်ငံတွေနဲ့ သံတမန်ရေးအရ ပိုမိုခိုင်မာအောင် ဆက်ဆံသွားမယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ် Ishiba ကလည်း ပြောပါတယ်။ မလေးရှားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ရက်ပိုင်းအတွင်း ဒေသတွင်းအာရှနိုင်ငံတွေနဲ့ သံတမန်ရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ တိုးလုပ်နေပါတယ်။

မြန်မာ့အရေး အနီးကပ်ဆက်သွယ် ဆောင်ရွက်ဖို့ မလေးရှားနဲ့ဂျပန်သဘောတူ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG