စစ်ကောင်စီ - TNLA ဆွေးနွေးပွဲ အလားအလာ (သုံးသပ်ချက်)
- ဝင်းမင်း
ကိုးကန့်တပ်နဲ့ မြန်မာစစ်ကောင်စီ အပစ်ရပ်အပြီး၊ TNLA တအာင်းတပ်နဲ့လည်း မကြာခင် ဆက်ဆွေးနွေးဖို့ တရုတ်စီစဉ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တရုတ်နဲ့ မြန်မာစစ်ကောင်စီဘက်က ဒီဆွေးနွေးပွဲ ခပ်စောစောဖြစ်စေချင်ပုံရပေမဲ့၊ TNLA ဘက်ကတော့ အချိန်ယူချင်ပုံရတာကြောင့် နောက်လလယ်လောက်မှ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စောင့်ကြည့်အကဲခတ်သူတွေက ပြောပါတယ်။ တရုတ်နဲ့စစ်ကောင်စီ အမြန်ပြန်ပေးစေချင်တဲ့ လားရှိုးကိုလည်း ကိုးကန့်တပ်က ဇွန်လထိ အချိန်ယူထားချင်ပုံရတယ်လို့ နီးစပ်သူတွေပြောနေချိန်မှာ၊ တအာင်းတပ်နဲ့ ဆွေးနွေးမဲ့အလားလာကရော ဘယ်လိုရှိနေပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။
Forum