သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာရှိ ကုလကူညီရေးအဖွဲ့ ရပ်ဆိုင်းရတော့မည်


ကုလသမဂ္ဂ UNRWA ရဲ့ကူညီထောက်ပံ့မှု လက်ခံရှိသူတစ်ဦး
ကုလသမဂ္ဂ UNRWA ရဲ့ကူညီထောက်ပံ့မှု လက်ခံရှိသူတစ်ဦး

ပါလက်စတိုင်းတွေကို အထောက်အကူပေးတဲ့ ကုလသမဂ္ဂ UNRWA ကို တားမြစ်ပိတ်ပစ်မယ့် ဥပဒေကို အစ္စရေးက ပြန်လည် ရုတ်သိမ်းပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။

ဒီဥပဒေကို အစ္စရေးလွှတ်တော်က အင်္ဂါနေ့မှာ အတည်ပြုပေးလိုက်ပြီလို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးက ပြောကြားခဲ့တာပါ။ဇန်နဝါရီ ၃၀ ကြာသပတေးနေ့မှာ စတင် အသက်ဝင်မှာ ဖြစ်တဲ့ ဒီဥပဒေက UNRWA ကို အစ္စရေးနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်ခွင့် တားမြစ်မယ့် အပြင် အစ္စရေးအရာရှိတွေနဲ့ UNRWA ကြား ဘယ်ဆက်သွယ်မှု မျိုးကိုမဆို တားမြစ်ထားတာ ဖြစ်ကြောင်း သံအမတ်ကြီး Danny Danon က ပြောပါတယ်။

ဒါ့အပြင် အစ္စရေးမှာ ဒီအဖွဲ့နဲ့ သက်ဆိုင်တဲ့ ကိုယ်စားလှယ်ရုံးထားခွင့်ကိုရော၊ လှုပ်ရှားမှု ဝန်ဆောင်မှုတွေ ကိုပါ တားမြစ်တာ ဖြစ်ပါတယ်။ ဒီကုလအဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ကိုယ်စားလုပ်ဆောင်မှုတွေအားလုံးကို အစ္စရေးက ရပ်ဆိုင်းမှာ ဖြစ်တဲ့ အတွက် ဒီကုလ အဖွဲ့ အနေနဲ့ ဂျေရူစလင် အရှေ့ပိုင်းက သူ့ဌာနချုပ်နဲ့ တခြား လုပ်ဆောင်မှု အားလုံးကို ရပ်ပစ်ရမှာ ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။

ဒီကုလအဖွဲ့ကို တားမြစ်ပိတ်ပင်ကြောင်း အစ္စရေးလွှတ်တော်က အောက်တိုဘာ ၂၈ ရက်မှာ အတည်ပြု ပေးခဲ့တာပါ။ ၂၀၂၃ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေ အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်က ဒီအဖွဲ့က ဝန်ထမ်း တချို့ ပါဝင် လှုပ်ရှား ခဲ့တယ်လို့ အစ္စရေးက ပြောကြားခဲ့သလို ကုလသမဂ္ဂကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီး ဒီအဖွဲ့က ဝန်ထမ်း ၉ ဦးကို အလုပ်ဖြုတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အစ္စရေးရဲ့ တားမြစ်မှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ကြတာပါ။ UNRWA အကြီးအကဲ ကတော့ ဒီဥပဒေအတိုင်း လုပ်ဆောင်မှုဟာ အခြေနေကို ဆိုးဝါးစေမယ် လို့ဝေဖန်ပါတယ်။

အခုအချိန်ဟာ အစ္စရေး- ဟားမတ်စ် အပစ်ရပ်ထားတဲ့ ကာလဖြစ်ပြီး လူသားစာနာမှု အဖွဲ့တွေက သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေ အတွက်ထောက်ပံ့မှုတွေ လုပ်နေချိန်မှာ ပါလက်စတိုင်းတွေ အားထားတဲ့ ဒီကုလအဖွဲ့က ဘာမှ လုပ်မပေးနိုင်ပဲ ဖြစ်သွားတယ်လို့ ပြောပါတယ်။

ဂါဇာရှိ ကုလကူညီရေးအဖွဲ့ ရပ်ဆိုင်းရတော့မည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG