သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဂါဇာဒေသခံ ၃ သိန်းခန့် နေရပ်ပြန်


အပစ်ရပ်စဲရေးသဘောတူညီချက်ရပြီးနောက် ပါလက်စတိုင်း စစ်ဘေးရှောင်တွေရဲ့ ခြေလျင်အိမ်ပြန်ခရီး။ (ဇန်နဝါရီ ၂၇၊ ၂၀၂၅)
အပစ်ရပ်စဲရေးသဘောတူညီချက်ရပြီးနောက် ပါလက်စတိုင်း စစ်ဘေးရှောင်တွေရဲ့ ခြေလျင်အိမ်ပြန်ခရီး။ (ဇန်နဝါရီ ၂၇၊ ၂၀၂၅)

အစ္စရေးနဲ့ဟာမတ်စ်ကြား အပစ်အခတ်ရပ်ရေးသဘောတူညီချက်ရပြီးနောက် အစ္စရေးက စစ်ဆေးရေး ဂိတ်တွေ ဖွင့်ပေးလိုက်တဲ့အတွက် ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရ သူတွေထဲက ပါလက်စတိုင်းသုံးသိန်းလောက် နေရပ်ပြန်လာကြတယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။

ဂါဇာမြောက်ပိုင်းကို ပြန်လာကြတဲ့စစ်ပြေးဒုက္ခသည်တွေဟာ အများအားဖြင့် တနိုင်တပိုင်ပစ္စည်းတွေ သယ်ယူပြီး ချေလျင်လျှောက်ပြန်လာကြတာဖြစ်ပါတယ်။ ဒီဒေသကလူတွေဟာ အစ္စရေး-ဟာမတ် စစ်ပွဲတွေစတင်ပြီး အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေစတင်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အောက်တိုဘာလ အစ္စရေးထိုးစစ်တွေ စတင်ချိန်မှာ ဒီဒေသက လူတသန်းလောက်ကိုရွှေ့ပြောင်းကြဖို့ အစ္စရေးကလည်းအမိန့်ထုတ်ခဲ့ပါတယ်။ အခုအချိန်အထိအစ္စရေးစစ်တပ်ကတော့ နေရပ်ပြန်ခွင့် ဆက်လက်ပိတ်ပင် ထားဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်ပိုင်းတုန်းကတော့ ဂါဇာဒေသရှင်းလင်းရေးအတွက် ပါလက်စတိုင်း ဒုက္ခသည်တွေကို အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတွေက ပိုပြီးလက်ခံယူစေချင်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောခဲ့ပါတယ်။ ဒီပြောဆိုချက်ကို ဂျော်ဒန်နဲ့ အီဂျစ်တို့ကတော့ပယ်ချခဲ့ပြီး အစ္စရေးလိုပဲ ပါလက်စတိုင်း ကိုလည်း တိုင်းပြည်တခုအဖြစ် ထူထောင်ပေးဖို့ကိုသာ လုပ်ဆောင်ရမှာလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အစ္စရေး-ဟာမတ်စ် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဟာမတ်စ်က ဖမ်းဆီးထားတဲ့ဓားစာခံတွေထဲက ၇ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် အစ္စရေးကလည်း ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ၃၀၀ ကိုပြန်လွှတ်ပေးခဲ့ပါတယ်။ နောက်ထပ် အပြန်အလှန်လွှတ်ပေးဖို့ ဒီရက်သတ္တပတ်နှောင်းပိုင်းမှာစီစဉ်ထားပါတယ်။

 အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဂါဇာဒေသခံ ၃ သိန်းခန့် နေရပ်ပြန်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG