သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်နဲ့ချီတဲ့ ဂါဇာမြို့ခံ ပါလက်စတိုင်းတွေ နေရပ်ပြန် 


စစ်ဘေးရှောင်ဖို့ နေရပ်စွန့်ခွါနေကြရတဲ့ ပါလက်စတိုင်းတွေ အပစ်ရပ်သဘောတူညီချက်ရပြီးနောက် ဂါဇာမြောက်ပိုင်းက နေရပ်ကိုပြန်နေကြစဥ်။ (ဇန်နဝါရီ ၂၇၊ ၂၀၂၅)
စစ်ဘေးရှောင်ဖို့ နေရပ်စွန့်ခွါနေကြရတဲ့ ပါလက်စတိုင်းတွေ အပစ်ရပ်သဘောတူညီချက်ရပြီးနောက် ဂါဇာမြောက်ပိုင်းက နေရပ်ကိုပြန်နေကြစဥ်။ (ဇန်နဝါရီ ၂၇၊ ၂၀၂၅)

ဟာမတ်စ်တွေနဲ့ စစ်ပွဲစတင်ချိန်ကပိတ်ထားခဲ့တဲ့ ဂါဇာဒေသမြောက်ပိုင်းကို အစ္စရေးတပ်ဖွဲ့တွေက ဝင်ခွင့်ပေးလိုက်တာကြောင့် ဒီနေ့အစောပိုင်းကစ ပါလက်စတိုင်းတွေ ဂါဇာမြို့ထဲ ပြန်လာနေကြပါပြီ။

ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ အစ္စရေးက မြေပြင်ရောဝေဟင်ကပါ စစ်ဆင်ခဲ့တာကြောင့် အကြီးအကျယ် ပျက်စီးထိခိုက်ခဲ့တဲ့ ဂါဇာမြိုဆီကို လူပေါင်းထောင်ချီ ပြန်လာနေပြီး အများစုက ခြေလျင်လျှောက်လာနေကြတာပါ။ စစ်ပွဲအတွင်း အစ္စရေးက ဘေးလွတ်ရာရှောင်ဖို့ အမိန့်ထုတ်ခဲ့တာကြောင့် ဂါဇာမြို့ခံတွေ အပြေးအလွှား ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်

အစ္စရေးနဲ့ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာမှာ ဟာမတ်စ်တွေ ဖမ်းဆီးထားတဲ့ဓားစာခံတချို့ကို ပြန်လွှတ်ပေးခဲ့သလို အစ္စရေးကလည်း ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပြီး စာနာမှုအကူအညီတွေ ပိုမိုရောက်ရှိလာချိန်မှာပဲ ပါလက်စတိုင်းတွေလည်း နေရပ်ပြန်လာနေတာ ဖြစ်ပါတယ်။ ဓားစာခံလွှတ်ပေးရေး ကြန့်ကြာမှု အတွက် အခြေအတင်ဖြစ်ခဲ့ရပြီးနောက် အမျိုးသမီးဓားစာခံ Arbel Yehoud နဲ့ နောက်နှစ်ယောက်ကို သောကြာနေ့ နောက်ဆုံးထား ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ကြားဝင်စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံက ဒီကနေ့ အစောပိုင်းမှာပဲ ကြေညာခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရုံးကလည်း ဓားစာခံ ၃ ယောက် လွှတ်ပေးမယ့် သဘောတူညီချက်ကို အတည်ပြုခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်မှာ လွှတ်ပေးမယ့် ဓားစာခံတွေရဲ့ စာရင်းနဲ့အခြေအနေကို ဟာမတ်စ်တွေက ပေးအပ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG