သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ဂိုဏ်းတွေ ထိုင်းမြန်မာနယ်စပ် တောင်ပိုင်းရွှေ့ပြောင်းတိုးချဲ့


မြန်မာနိုင်ငံထဲ အခြေစိုက်ပြီး ထိုင်းမြန်မာ နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အခုဆို နယ်စပ်တလျှောက် တောင်ဘက်ပိုင်းကို တိုးချဲ့လုပ်ကိုင်လာနေတယ်လို့ ထိုင်းအာဏာပိုင်တွေကရော ငွေလိမ်ဂိုဏ်းဝင်ဟောင်းတွေကပါ ပြောပါတယ်။

သူတို့ဟာ SIM ကပ်၊ Starlink ဂြိုဟ်တုဆက်သွယ်ရေးစနစ်၊ လျှပ်စစ်မီးနဲ့ လုပ်ငန်းလုပ်ကိုင်လိုသူတွေ ရှိနေသမျှ သူတို့ရဲ့လုပ်ငန်းကို လည်ပတ်နိုင်စွမ်း ရှိနေတာဖြစ်ပါတယ်။

ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီ ဥက္ကဌဖြစ်တဲ့ ပြည်သူ့ပါတီအမတ် Rangsiman Rome ကတော့ ထိုင်းနယ်စပ် မဲဆောက် တဘက်ကမ်းက မြန်မာနိုင်ငံ မြဝတီဒေသဟာ ကမ္ဘာ့ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ ကြီးစိုးရာနေရာ ဖြစ်နေပြီး အဓိက လုပ်ငန်းဌာနကြီး ၄၀ ထက် မနည်းမှာ လူပေါင်း ၃ သိန်းလောက် လုပ်ကိုင်နေမယ်လို့ ခန့်မှန်းကြောင်း VOA ကိုပြောပါတယ်။

ဒီငွေလိမ်ဂိုဏ်းတွေဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ လည်ပတ်နေတာဖြစ်ပြီး အခုဆို မဲဆောက် တောင်ဘက် အတော်လှမ်းတဲ့ ဆန်ခလဘူရီ ဘက်မှာ နေရာသစ် ပြောင်းရွှေ့လုပ်ကိုင်နေကြပြီလို့ ငွေလိမ်ဂိုဏ်းတွေမှာ ရောင်းစားခံရသူတွေရဲ့ အမှုကို လိုက်ပါဖြေရှင်းပေးနေရတဲ့ ဘန်ကောက်သံရုံးတခုရဲ့ တာဝန်ခံက ပြောပါတယ်။

နယ်စပ်တကြောမှာ ငွေလိမ်ဂိုဏ်းတွေအပြင် မူးယစ်ဆေးမှောင်ခို ရောင်းဝယ်မှုတွေနဲ့ ရာဇဝတ်ဂိုဏ်း အများအပြား ကြီးစိုးနေတာဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးအတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့လည်း ထိုင်းလွှတ်တော်အမတ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG