သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခေါင်းဆောင်တွေ ဖမ်းဝရမ်း အာဂျင်တီးနားရှေ့နေ ရှင်းပြ

မှတ်တမ်းပုံဟောင်း_ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် June 23, 2021 (AP Photo/ Alexander Zemlianichenko, Pool)
မှတ်တမ်းပုံဟောင်း_ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် June 23, 2021 (AP Photo/ Alexander Zemlianichenko, Pool)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်အရာရှိ ၂၀ ကျော်ကို အာဂျင်တီးနား တရားရုံးက နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အကြောင်းအရင်းမှာ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ကျူးလွန်မှု သက်သေ အခိုင်အမာရှိနေတာကြောင့် ဖြစ်တယ်လို့ အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေက ဗွီအိုအေကို ပြောပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို အဓိက ပစ်မှတ်ထား ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အာဂျင်တီးနားတရားရုံးအမိန့်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာအကျိုးဆောင်ရှေ့နေလည်းဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ Tomas Quintana ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။

--------------------

မြန်မာခေါင်းဆောင်တွေ ဖမ်းဝရမ်း အာဂျင်တီးနားရှေ့နေ ရှင်းပြ
please wait

No media source currently available

0:00 0:04:44 0:00
တိုက်ရိုက် လင့်ခ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့အမှု စွဲချက် တင်ခံထားရတဲ့ အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အဓိကထား ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အာဂျင်တီးနားတရားရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အခြား စစ်ဘက်တာဝန်ရှိသူ အယောက် ၂၀ ကျော်အပါအ၀င် ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် တာ၀န်ယူခဲ့တဲ့ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါ၀င်ကြောင်း ရေးသားထားပါတယ်။ အခုလို အရပ်သားခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တဲ့ စာရင်းမှာ အာဂျင်တီးနားတရားရုံးက ထည့်သွင်းထားတာနဲ့ပတ်သက်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ Tomas Quintana က ဗွီအိုအေကို အခုလို ပြောပါတယ်။

"ရွာတွေကို မီးရှို့၊ အရပ်သားတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အသက်ရှင် ကျန်ရစ်သူတွေရဲ့ ထွက်ဆိုချက်တွေအရရော၊ အခြား စုံစမ်းစစ်ဆေးချက်တွေအရပါ စစ်တပ်က ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ အရပ်ဘက်ခေါင်းဆောင်တွေပါ ပါသလားဆိုတဲ့ မေးခွန်းဆိုရင်တော့ စစ်တပ် ပါ၀င်ပတ်သက်နေတယ်ဆိုတဲ့ အဖြေလိုမျိုး ပြတ်ပြတ်သားသား ပြောလို့ မရပါဘူး။ ၂၀၁၇ ခုနှစ်က လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့တယ်ဆိုတဲ့အချိန်မှာ အရပ်သားအစိုးရကာလ ဖြစ်နေတော့ အာဂျင်တီးနား တရားသူကြီးအမျိုးသမီး ဦးဆောင်တဲ့ အဖွဲ့ကနေ မြန်မာအရပ်ဘက်ခေါင်းဆောင်တွေမှာ တာ၀န်ရှိမရှိ စစ်ဆေးဖို့ အချိန်တန်ပြီဖြစ်တဲ့အတွက် ဖမ်းဝရမ်း စာရင်းမှာ တခါတည်း ထည့်သွင်းဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ "


အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တာဟာ အဓိက တိုးတက်မှုတခုဖြစ်ပေမဲ့ အခြားအရပ်သားခေါင်းဆောင်တွေ ပါ၀င်နေတဲ့အတွက် အချေအတင် မေးခွန်းထုတ်စရာ ရှိနေတာပါ။ ဒါနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ်က အာဂျင်တီးနားနိုင်ငံ Buenos Aires တရားရုံးမှာ အမှုကို ဦးတိုက် လျှောက်ထားခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)ရဲ့ သောကြာနေ့က ထုတ်ပြန်ချက်မှာတော့- ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ ပါ၀င်ပတ်သက်နေတယ်ဆိုတဲ့ သက်သေ အထောက်အထား အခိုင်အလုံ မရှိတဲ့အတွက် ဖမ်း၀ရမ်းထုတ်မယ့် စာရင်းမှာ ထည့်သွင်းခြင်း မပြုဖို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ တရားရုံးကို လျှောက်ထားခဲ့ပေမယ့် အာဂျင်တီးနား အစိုးရရှေ့နေတွေဘက်က လက်မခံပဲ ၂၀၂၄ ခုနှစ် ဇွန်လက တရားရုံးကို တင်သွင်းတဲ့ သူတို့လျှောက်ထားချက်တွေမှာ ထည့်သွင်းခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အာဂျင်တီးနား တရားရုံးရဲ့ ဖမ်းဝရမ်းကို ဘယ်လို အကောင်အထည်ဖေါ်မှာလဲလို့ Mr. Quintina ကို မေးကြည့်ရာမှာ
-
"ပထမအဆင့်- အာဂျင်တီးနား တရားရုံးကနေ INTERPOL အင်တာပိုလ် နိုင်ငံတကာရဲတပ်ဖွဲ့ကို သူတို့ ထုတ်ပြန်တဲ့ ဖမ်းဝရမ်း ပို့ပေးရမှာဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံတကာမှာ ဒီ ဖမ်းဝရမ်းနဲ့ပတ်သက်လို့ ကူညီဆောင်ရွက်ပေးဖို့ အင်တာပိုလ်အဖွဲ့က လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံအသီးသီးက ရဲတပ်ဖွဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ရှုပ်ထွေးတဲ့ လုပ်ငန်းစဥ်လည်းဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်နေတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျနော်တို့ အဖြေမရသေးပါဘူး။ နိုင်ငံတကာအနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ၊ တုံ့ပြန် ကြမလဲဆိုတာကတော့ အဓိကကိစ္စ ဖြစ်နေပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ အာဆီယံတို့လို မိတ်ဖက်အဖွဲ့အစည်းနိုင်ငံတွေဆီက ပံ့ပိုးကူညီမှုတွေရဖို့ အာဂျင်တီးနားအနေနဲ့ ချဥ်းကပ်ဆောင် ရွက်ဖို့ ရှိပါတယ်။"


BROUK ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိရေး နိုင်ငံတကာကြိုးပမ်းမှုတွေမှာ အလွန်အရေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။ တရား ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ စစ်ခေါင်းဆောင်တွေကို လက်တွေ့ ပြသလိုက်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထုတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရား၀င် တုံ့ပြန်ချက် ထုတ်ပြန်ခြင်း မရှိသေးပေမဲ့ ဗွီအိုအေရဲ့ စုံစမ်းမေးမြန်းမှုကို တုံ့ပြန်ထားတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဖြေကြားချက်မှာတော့ အာဂျင်တီးနားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး အာဂျင်တီးနား လုပ်ပိုင်ခွင့်နဲ့ပတ်သက်လို့ ဥပဒေနဲ့ ညီမညီ မေးခွန်းထုတ်သွားပါတယ်။

မြန်မာခေါင်းဆောင်တွေ ဖမ်းဝရမ်း အာဂျင်တီးနားရှေ့နေ ရှင်းပြ
please wait

No media source currently available

0:00 0:04:23 0:00

This item is part of

Forum

XS
SM
MD
LG