သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ် အင်တာနက်ဖြတ်တောက်မှု ထပ်တိုးလုပ်ဖို့ ထိုင်းနိုင်ငံ စဉ်းစားနေ


မြဝတီမြို့ ရွှေကုက္ကိုလ် ဇုန်(၅)မှာရှိတဲ့ YATAI Freedom Go Kart လုပ်ငန်းပိုင် Site 5 ပြိုင်ကားကွင်း မြင်ကွင်း။ (Photo: YATAI Go Kart)
မြဝတီမြို့ ရွှေကုက္ကိုလ် ဇုန်(၅)မှာရှိတဲ့ YATAI Freedom Go Kart လုပ်ငန်းပိုင် Site 5 ပြိုင်ကားကွင်း မြင်ကွင်း။ (Photo: YATAI Go Kart)

မြန်မာနယ်ခြား အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေ နှိမ်နှင်းရေးအတွက် အင်တာနက် ပိတ်ပင် ဖြတ်တောက်တာတွေကို ဒီလကုန်မှာ နောက်ထပ် တိုးလုပ်ဖို့ ထိုင်း အာဏာပိုင်တွေ စဉ်းစားနေတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ရှေ့သီတင်းပတ် ထိုင်းနယ်စပ် မဲဆောက်မြို့ကို ကော်မတီအဖွဲ့တဖွဲ့ စေလွှတ်ပြီး နယ်စပ်ဒေသမှာ အင်တာနက် တိုးပြီး ဖြတ်တောက်မယ်ဆိုရင် ဒေသခံတွေအပေါ် သက်ရောက်နိုင်ခြေကို လေ့လာဖို့လည်း ထိုင်းတာဝန်ရှိသူတွေ စီစဉ်နေပါတယ်။
မြန်မာနယ်ခြား အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေကို နှိမ်နှင်းဖို့ နယ်စပ်ဒေသ ၅ ခုကို ဖေဖေါ်ဝါရီလ ပထမပတ်ကတည်းကစပြီး ထိုင်းနိုင်ငံက လျှပ်စစ်၊ အင်တာနက်နဲ့ စက်သုံးဆီတွေ ပေးပို့တာတွေ ဖြတ်တောက်ထားပါတယ်။
ဒီအတောအတွင်း ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးအလိမ်ခံရသူတွေကို ကာကွယ်နိုင်အောင် ကူညီပေးဖို့ Facebook နဲ့ TikTok အပါအဝင် လူမှုကွန်ယက်က ကိုယ်စားလှယ်တွေကို ထိုင်း အောက်လွှတ်တော် တယ်လီ ဆက်သွယ်ရေး၊ ဒီဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းရေးရာ ကော်မတီ ဥက္ကဋ္ဌ Siam Hathasongkorh က တိုက်တွန်းနေပါတယ်။ အွန်လိုင်းကနေဖြစ်စေ ဖုန်းနဲ့ ဖြစ်စေ သံသယဖြစ်ဖွယ် လူတွေ ဆက်သွယ်စကားပြောတာမျိုးကို ပြန်လည်တုံ့ပြန်ဖြေကြားတာတွေ မလုပ်ဖို့လည်း ထိုင်းပြည်သူတွေကို ကော်မတီ ဥက္ကဋ္ဌက သတိပေးနေပါတယ်။

Forum

XS
SM
MD
LG