သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် နယ်စပ်မှာ ထိုင်းလေယာဉ်တွေ ကင်းလှည့်


KNLA PDF ပူးပေါင်းတပ်ဖွဲ့ ( Photo: Cobra Column)
KNLA PDF ပူးပေါင်းတပ်ဖွဲ့ ( Photo: Cobra Column)

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ မြန်မာစစ်တပ်အကြား မနေ့က မနက်က တိုက်ပွဲတွေ ဖြစ်ပွားပြီး ဒေသခံတွေ ထိုင်းနယ်စပ်ကို ထွက်ပြေးကြတဲ့အတွက် ထိုင်းလေတပ်က F-16 တိုက်လေယာဉ် နှစ်စီး နယ်စပ်ကို ကင်းလှည့်ဖို့ စေလွှတ်ခဲ့ပါတယ်။ KNLA နဲ့ မြန်မာစစ်တပ်အကြား အပြန်အလှန် ဒရုန်းယာဉ်တွေနဲ့ ဗုံးတွေကြဲပြီး တိုက်ခိုက်ကြတဲ့အကြောင်း သီနေရှင်း သတင်းစာမှာ ရေးပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ ခလရ ၃၁၊ ပူလူတူစစ်စခန်းကို KNLA ကရင်လွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းယာဉ်တွေသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဒေသခံသတင်းတွေမှာ ဖေါ်ပြပါတယ်။


မြန်မာစစ်တပ်ဘက်က YAK-130 တိုက်လေယာဉ် စေလွှတ်ပြီး KNLA ထိန်းချုပ်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရတဲ့ သတင်းတွေတော့ ထွက်မလာသေးပါဘူး။


တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်အတွင်းက ဒေသခံ တရာလောက် ထိုင်းနယ်စပ်ကို ထွက်ပြေးကြတဲ့အကြောင်း သတင်းစာမှာရေးပါတယ်။ ထိုင်းနိုင်ငံဘက်က ရဲတပ်ဖွဲ့၊ စစ်တပ်တွေ စေလွှတ်ပြီး လုံခြုံရေး တာဝန်ယူဖို့နဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် လိုအပ်တာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားတဲ့အကြောင်း သီနေရှင်း သတင်းစာမှာ ရေးပါတယ်။

ကရင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် နယ်စပ်မှာ ထိုင်းလေယာဉ်တွေ ကင်းလှည့်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG