သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအပေါ် ကနေဒါ ဒဏ်ခတ်မှုသစ် ချမှတ်

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly။

မြန်မာနိုင်ငံ အေးချမ်း၊ လုံခြုံမှုနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်တဲ့ စစ်ကောင်စီ အကြီးတန်းအရာရှိကြီး ၁၃ ယောက်နဲ့ ကုမ္ပဏီ ၃ ခု ကို ကနေဒါက ဒဏ်ခတ်အရေးယူလိုက်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly က မတ်လ ၇ ရက်နေ့မှာ ကြေညာပါတယ်။

စနစ်တကျနဲ့ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ကျူးလွန်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်တပ်က လူပုဂ္ဂိုလ် တွေကို အရေးယူတာဖြစ်ပြီး သူတို့ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ ဆိုးဝါးတဲ့ ပြဿနာဖြစ်အောင် လုပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ပဋိပက္ခတွေကြောင့် နိုင်ငံတွင်း လူသားစာနာမှု အခြေအနေယိုယွင်း လာသလို အရပ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုပါ တိုးလာတယ်လို့ ဆိုပါတယ်။


ကုလသမဂ္ဂ စာရင်းတွေအရ ၂၀၂၁ စစ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း အကြမ်းဖက်မှုတွေ တိုးလာပြီး မနှစ်က ဒီဇင်ဘာ ၂ ရက် အထိဆို အရပ်သား သေဆုံးမှုဟာ ၆,၀၀၀ ကျော်နေပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် မနှစ်က ပထမ ၄ လအတွင်း ကလေးငယ် ၆၁ ယောက်အပါအဝင် အရပ်သား ၃၅၀ ကျော် သေဆုံးကာ ၇၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

တခြားနိုင်ငံတွေ အနေနဲ့လည်း အလားတူ အရေးယူကြဖို့ ကနေဒါက ဆက်လက် တိုက်တွန်းသလို မြန်မာစစ်ကောင်စီ ဆက်ရပ်တည်နိုင်မယ့် လက်နက်၊ နည်းပညာနဲ့ ငွေကြေးရစေမယ့် လုပ်ရပ်အားလုံးကို ရပ်ဆိုင်းဖို့လည်း နိုင်ငံတကာကို တောင်းဆိုခဲ့တာပါ။

ကနေဒါဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖေါက်သူတွေ တာဝန်ခံမှု တာဝန်ယူမှု ရှိလာစေဖို့ အပါအဝင် ရေရှည်ငြိမ်းချမ်းရေး ရစေဖို့ နိုင်ငံတကာမိတ်ဆွေတွေနဲ့ ဆက်ပြီး လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီအပေါ် ကနေဒါ ဒဏ်ခတ်မှုသစ် ချမှတ်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG