သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတလွှား လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာထိပ်ဆုံးကပါ


မန္တလေးမြို့မှာ CDM ပြုလုပ်တဲ့ ဝန်ထမ်းများ စုပေါင်းဆန္ဒပြ သပိတ်စစ်ကြောင်း။ (ယခင် မှတ်တမ်းရုပ်ပုံ)
မန္တလေးမြို့မှာ CDM ပြုလုပ်တဲ့ ဝန်ထမ်းများ စုပေါင်းဆန္ဒပြ သပိတ်စစ်ကြောင်း။ (ယခင် မှတ်တမ်းရုပ်ပုံ)

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အကြား အာရှနိုင်ငံ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်တဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ် ၁၆၀၀ ကျော် ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက အများဆုံး ဖြစ်တဲ့အကြောင်း အာရှ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ FORUM-ASIA အဖွဲ့က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံပြီးရင် ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အများဆုံး ဖြစ်တယ်လို့ အစီရင်ခံစာက ရေးပါတယ်။

လူ့အခွင့်အရေး ကာကွယ်သူ အနည်းဆုံး ၄၄၀၀ ကျော်။ သူတို့မိသားစုတွေအပါအဝင်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ အစိုးရနဲ့ အစိုးရနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်ခဲ့ရတဲ့အကြောင်း အစီရင်ခံစာက ရေးသားထားတာပါ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေပြီးရင် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားတဲ့ အခွင့်အရေး ချိုးဖေါက်မှုတွေ အများဆုံး တွေ့ရပြီး အများဆုံးကတော့ တရားဥပဒေကို အသုံးချပြီး ခြိမ်းခြောက် အကြပ်ကိုင်မှုမျိုးအပြင် ကိုယ်ကာယကို နာကျင်စေတဲ့ အကြမ်းဖက်မှုမျိုးတွေနဲ့ ပစ်မှတ်ထား သတ်ဖြတ်မှုတွေလည်း တယ်လို့ FORUM-ASIA အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကိုလည်း လူ့အခွင့်အရေးကို ကာကွယ်တဲ့ လှုပ်ရှားသူတွေအဖြစ် FORUM-ASIA အဖွဲ့က ထည့်သွင်းဖေါ်ပြထားပါတယ်။ ဒေသတွင်း လူ့အခွင့်အရေးချိုးဖေါက်မှု ဒဏ်ကို သတင်းမီဒီယာတွေမှာ အလုပ်လုပ်နေသူတွေ အများဆုံး ခံကြရတဲ့အကြောင်းကိုလည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG