သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေ ၁ သန်းနဲ့ ခွေး ၂ ကောင် ပြန်ပေးဆွဲသူတွေ ဆွစ်ရဲ ဖမ်းဆီး


Bolonka အမျိုးအစား ခွေးတွေက ခွေးငယ်မျိုး ဖြစ်ပြီး တကောင်ကို ဒေါ်လာ နှစ်ထောင်အထိ စျေးကွက်မှာ ရောင်းစျေးရှိပါတယ်။ (မှတ်တမ်း ပုံဟောင်း / File ဓာတ်ပုံ - ရုရှား tsvetnaya bolonka အမျိုး အိမ်မွေး အလှခွေးငယ် တကောင်ကို နယူးယောက်က ခွေးပြပွဲ တခုမှာ တွေ့ရစဥ်။ (AP ဓာတ်ပုံ/ Mary Altaffer)
Bolonka အမျိုးအစား ခွေးတွေက ခွေးငယ်မျိုး ဖြစ်ပြီး တကောင်ကို ဒေါ်လာ နှစ်ထောင်အထိ စျေးကွက်မှာ ရောင်းစျေးရှိပါတယ်။ (မှတ်တမ်း ပုံဟောင်း / File ဓာတ်ပုံ - ရုရှား tsvetnaya bolonka အမျိုး အိမ်မွေး အလှခွေးငယ် တကောင်ကို နယူးယောက်က ခွေးပြပွဲ တခုမှာ တွေ့ရစဥ်။ (AP ဓာတ်ပုံ/ Mary Altaffer)

ခွေးနှစ်ကောင်ကိုပြန်ပေးဆွဲပြီး  ဆွစ်ဖရန်စ်  ၁ သန်း (ဒေါ်လာ ၁.၁၃၅ သန်းခန့်) ငွေတောင်းခံတဲ့ အမှုမှာ ခွေးတွေကို ကယ်တင်နိုင်ခဲ့ပြီး သံသယ တရားခံတွေကို ဖမ်းဆီးထားကြောင်း ဆွစ်ဇာလန် ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။ 

စုံစမ်းစစ်ဆေးမှုအတွင်း ခိုးမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့ အသက် ၃၀ အရွယ် နော်ဝေအမျိုးသားတဦးကို ကြာသပတေးနေ့က ဇူးရစ်လေဆိပ်မှာ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နောက်ဆက်တွဲ ရရှိတဲ့သတင်းတွေနဲ့ အတူ ဥရောပနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရလဒ်အနေနဲ့ ပိုလန်နိုင်ငံက ရဲတွေက အသက် ၃၈ နှစ်အရွယ် နောက်ထပ် သံသယ တရားခံကို ဖမ်းဆီးကာ ပြန်ပေးဆွဲခံခဲ့ရတဲ့ Bolonkas အမျိုးအစား ခွေးနှစ်ကောင်ကို ပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။ ခွေးတွေဟာ ပိုင်ရှင်ထံကို သောကြာနေ့က ဘေးကင်းစွာနဲ့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Bolonka အမျိုးက ရုရှားမှာ ပေါက်ဖွားတဲ့ ခွေးငယ်မျိုး ဖြစ်ပြီး တကောင်ကို ဒေါ်လာ နှစ်ထောင်အထိ စျေးကွက်မှာ ရောင်းစျေးရှိပါတယ်။

ခွေးအပန်းဖြေ ကလပ် "ထူးခြားဆန်းပြားသတင်းများ"
please wait

No media source currently available

0:00 0:04:33 0:00

ဆွစ်ဇာလန်ရဲတပ်ဖွဲ့က နော်ဝေနိုင်ငံသား သံသယ ရှိသူကို ဆွစ်ဇာလန်မှာ ထိန်းသိမ်းထားပြီး ပိုလန် နိုင်ငံသား သံသယတရားခံကိုတော့ ပိုလန်အာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ဆွစ်ဇာလန်ရဲတပ်ဖွဲ့က ပြောပါတယ်။

အရင်သီတင်းပတ်ထဲမှာ ဇူးရစ်မြို့အနီး Schlieren က အသက် ၅၉ နှစ်အရွယ် အမျိုးသားတဦးရဲ့ အိမ်မှာ လူမရှိတုန်း ဒီခွေးနှစ်ကောင် ခိုးယူခံခဲ့ရပါတယ်။

အိမ်ရှင် ပြန်ရောက်ချိန်မှာ ခွေးတွေကပျောက်နေပြီး ပြန်လွှတ်ပေးဖို့ ပိုက်ဆံတောင်းတဲ့ စာတစောင်ကို တွေ့ရတယ်လို့ ဆိုပါတယ်။ ခွေးပိုင်ရှင်က ပြန်ပေးငွေ မပေးဘဲ ရဲကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်ရဲ့ ပုဂ္ဂလိက အချက်အလက် လုံခြုံရေး စည်းမျဉ်းတွေနဲ့အညီ ပိုင်ရှင်နာမည်ကိုတော့ ရဲက ထုတ်ပြန်ခြင်း မရှိပါဘူး။

ငွေ ၁ သန်းနဲ့ ခွေး ၂ ကောင် ပြန်ပေးဆွဲသူတွေ ဆွစ်ရဲ ဖမ်းဆီး
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG