သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဖဂနစၥတန္ငလ်င္ ၂၆ ေယာက္ထက္မနည္း ေသဆုံး


အာဖဂနစၥတန္ငလ်င္ ၂၆ ေယာက္ထက္မနည္း ေသဆုံး

အာဖဂနစၥတန္ငလ်င္ ၂၆ ေယာက္ထက္မနည္း ေသဆုံး

{{Zawgyi/Unicode}}

အာဖဂန္နစၥတန္ႏိုင္ငံ အေနာက္ပိုင္းမွာ တနလာၤေန႔က ငလ်င္လႈပ္ခတ္ခဲ႔မႈေၾကာင့္ အနည္းဆံုး လူ ၂၆ ဦးထိ ေသဆံုးခဲ႔ပါတယ္။ Badghis ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Qala-e-Naw ၿမိဳ႕ အေရွ႕ဘက္ ၄ဝ ကီလိုမီတာေလာက္ကို ဗဟိုျပဳၿပီး ျပင္းအား ၅ ဒသမ ၃ ငလ်င္ လႈပ္ခတ္ခဲ႔တာ ျဖစ္ေၾကာင္း အေမရိကန္ ဘူမိေဗဒ တိုင္းတာေရးဌာနက ေဖာ္ျပပါတယ္။ ငလ်င္ဒဏ္သင့္ ေဒသမွာ အေရးေပၚ အကူအညီေတြ လိုအပ္ေနၿပီး ကုလသမဂၢဘက္က အေရးေပၚ အကူအညီတခ်ိဳ႕ ကနဦး ပို႔ေပးထားေၾကာင္းလည္း အဂၤါေန႔ ကုလသမဂၢ သတင္းစာ ရွင္းလင္းပြဲမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာပါတယ္။

ကနဦး အစီရင္ခံခ်က္ေတြအရ ၂၆ ဦး ေသဆံုးၿပီး ၄ ဦး ဒဏ္ရာရရွိေၾကာင္း၊ အိမ္ရာနဲ႔ခ်ီ ပ်က္စီးခဲ႔ေၾကာင္း၊ ငလ်င္မလႈပ္ခင္မွာ မိုးသည္းထန္ခဲ႔တာေၾကာင့္ ေျမသားအုတ္ခဲနဲ႔ တည္ေဆာက္ထားတဲ႔ အိမ္ေတြပိုၿပီး ပ်က္စီးလြယ္ခဲ႔တာျဖစ္ေၾကာင္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ေျပာဆိုခဲ႔တာပါ။ အိုးအိမ္ ဆံုးရံႈးရသူေတြကေတာ့ နီးစပ္ရာ ေဆြမ်ိဳးေတြ၊ မိတ္ေဆြေတြနဲ႔ အတူလက္ရွိ ေနထိုင္ေနၾကေၾကာင္းလည္း သူက ေျပာပါတယ္။

ေသဆံုးသူေတြထဲမွာ အမ်ိဳးသမီးေတြနဲ႔ ကေလးေတြလည္း ပါဝင္ေၾကာင္း ေဒသဆိုင္ရာ တာ၀န္ရွိသူေတြ ေျပာဆိုခ်က္ကို ကိုးကားၿပီး အာဖဂန္ရဲ႕ တရားဝင္ Bakhtar သတင္းေအဂ်င္စီက ေဖာ္ျပပါတယ္။ Qadis ခ႐ိုင္ထဲမွာ ပ်က္စီး ေသဆံုးမႈ အမ်ားဆံုး ျဖစ္ၿပီး အိမ္ေခါင္မိုးေတြ ပ်က္စီး ျပဳတ္က်ခဲ႔ပါတယ္။ ဆင္းရဲမြဲေတမႈနဲ႔ ရင္ဆိုင္ေနရတဲ႔ အာဖဂန္နစၥတန္ႏိုင္ငံမွာ ငလ်င္ဒဏ္နဲ႔လည္း မၾကာခန ၾကံဳေတြ႕ေနရပါတယ္။

......................................................

အာဖဂနစၥတန္ငလ်င္ ၂၆ ေယာက္ထက္မနည္း ေသဆုံး
please wait

No media source currently available

0:00 0:01:01 0:00
တိုက္႐ိုက္ လင့္ခ္

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ တနလာၤနေ့က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၂၆ ဦးထိ သေဆုံးခဲ့ပါတယ်။

{{Unicode}}

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ တနလာၤနေ့က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၂၆ ဦးထိ သေဆုံးခဲ့ပါတယ်။ Badghis ပြည်နယ်ရဲ့ မြို့တော် Qala-e-Naw မြို့ အရှေ့ဘက် ၄၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး ပြင်းအား ၅ ဒသမ ၃ ငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ဖော်ပြပါတယ်။ ငလျင်ဒဏ်သင့် ဒေသမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး ကုလသမဂ္ဂဘက်က အရေးပေါ် အကူအညီတချို့ ကနဦး ပို့ပေးထားကြောင်းလည်း အင်္ဂါနေ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

ကနဦး အစီရင်ခံချက်တွေအရ ၂၆ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း၊ အိမ်ရာနဲ့ချီ ပျက်စီးခဲ့ကြောင်း၊ ငလျင်မလှုပ်ခင်မှာ မိုးသည်းထန်ခဲ့တာကြောင့် မြေသားအုတ်ခဲနဲ့ တည်ဆောက်ထားတဲ့ အိမ်တွေပိုပြီး ပျက်စီးလွယ်ခဲ့တာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။ အိုးအိမ် ဆုံးရှုံးရသူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ အတူလက်ရှိ နေထိုင်နေကြကြောင်းလည်း သူက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ပြောဆိုချက်ကို ကိုးကားပြီး အာဖဂန်ရဲ့ တရားဝင် Bakhtar သတင်းအေဂျင်စီက ဖော်ပြပါတယ်။ Qadis ခရိုင်ထဲမှာ ပျက်စီး သေဆုံးမှု အများဆုံး ဖြစ်ပြီး အိမ်ခေါင်မိုးတွေ ပျက်စီး ပြုတ်ကျခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ငလျင်ဒဏ်နဲ့လည်း မကြာခန ကြုံတွေ့နေရပါတယ်။

XS
SM
MD
LG