သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်သမားတွေ လက်ချက်ကြောင့် ရုရှားမှာ ခရစ်ယာန်ဘုန်းတော်ကြီး တပါးနဲ့ ရဲ ၁၅ ဦးသေဆုံး

ရုရှားနိုင်ငံ မြောက်ပိုင်း Caucasus ဒေသ Dagestan အရပ် မှာရှိတဲ့ ပစ်ခတ်မှုအခင်းဖြစ်ရာနေရာ (ဇွန် ၂၃၊ ၂၀၂၄)
ရုရှားနိုင်ငံ မြောက်ပိုင်း Caucasus ဒေသ Dagestan အရပ် မှာရှိတဲ့ ပစ်ခတ်မှုအခင်းဖြစ်ရာနေရာ (ဇွန် ၂၃၊ ၂၀၂၄)

ရုရှားနိုင်ငံ မြောက်ပိုင်း Caucasus ဒေသ Dagestan မြို့မှာရှိတဲ့ ဂျူးဘုရားကျောင်းတကျောင်း၊ Orthodox ခရစ်ယာန် ဘုရားကျောင်းတကျောင်းနဲ့ ရဲစခန်းတခုကို လက်နက်ကိုင် သေနတ်သမားတွေ မနေ့က တနင်္ဂနွေနေ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် Orthodox ခရစ်ယာန် ဘုန်းတော်ကြီးတပါးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၅ ယောက်ထက်မနည်း သေဆုံသွားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Dagestan နဲ့ မြို့နယ်အားလုံးအတွက် ဝမ်းနည်းဖွယ်နေ့ တနေ့ပါလို့ Dagestan ဒေသ အုပ်ချုပ်ရေးမှုး Sergei Melikov က ဒီနေ့ မနက်စော Telegram လူမှုကွန်ယက်မှာ ဗွီဒီယီုကတဆင့် ကြေညာပါတယ်။

လွန်ခဲ့တဲ့ သုံးလက အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တွေ မော်စကိုမြို့အနီးကဇာတ်ရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ လူပေါင်း ၁၄၅ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး မနေ့က တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာပါ။ Makhachkala နဲ့ Derbent မြို့တွေမှာ တချိန်တည်းလိုလို ကြိုတင်စီစဉ်တဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

ရုရှားနိုင်ငံ မြောက်ပိုင်း Caucasus ဒေသ Dagestan အရပ် မှာရှိတဲ့ ပစ်ခတ်မှုအခင်းဖြစ်ရာနေရာ (ဇွန် ၂၃၊ ၂၀၂၄)
ရုရှားနိုင်ငံ မြောက်ပိုင်း Caucasus ဒေသ Dagestan အရပ် မှာရှိတဲ့ ပစ်ခတ်မှုအခင်းဖြစ်ရာနေရာ (ဇွန် ၂၃၊ ၂၀၂၄)

တိုက်ပွဲတွေ မကြာခဏဖြစ်ပွားပြီး တည်ငြိမ်မှု မရှိတဲ့ Caucasus မြောက်ပိုင်း ဒေသမှာ မနေ့က တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကမှ သူတို့ လက်ချက်ဆိုပြီး ချက်ခြင်း ကြေညာတာမျိုးတော့ ထွက်မလာသေးပါဘူး။ ဒါပေမဲ့လည်း အုပ်ချုပ်ရေးမှုး Sergei Melikov ကတော့ ဘယ်သူ့လက်ချက်၊ ဘာကြောင့် တိုက်တယ်ဆိုတာ ကျနော်တို့ သိပါတယ်ဆိုပြီး ပြောဆိုခဲ့ပြီး အသေးစိတ်ကိုတော့ ထုတ်ဖေါ် ပြောဆို မသွားပါဘူး။
သေဆုံးခဲ့သူတွေထဲမှာ ရဲအရာရှိတွေအပြင် အရပ်သားတွေ တော်တော်များများ ပါဝင်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ သေဆုံးသွားတဲ့ Orthodox ခရစ်ယာန် ဘုန်းတော်ကြီးဟာ Derbent မြို့မှာ နှစ်ပေါင်း ၄၀ လောက်နေထိုင်ခဲ့တဲ့ ဘုန်းတော်ကြီးတပါး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG