သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

  ျမန္မာအမ်ိဳးသမီးေတြ အခြင္႔အရးခ်ိဳးေဖာက္ခံရမႈ ေဂ်ာ့ေတာင္း တကၠသိုလ္ အြန္လိုင္းေဆြးေႏြးပဲြ


  ျမန္မာအမ်ိဳးသမီးေတြ အခြင္႔အရးခ်ိဳးေဖာက္ခံရမႈ ေဂ်ာ့ေတာင္း တကၠသိုလ္ အြန္လိုင္းေဆြးေႏြးပဲြ

ျမန္မာႏိုင္ငံမွာ အာဏာသိမ္း စစ္ေကာင္စီ အုပ္ခ်ဳပ္ေနတဲ့ ကာလတေလွ်ာက္လုံး ဆိုးဝါးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို အထူးသျဖင့္ အမ်ဳိးသမီးေတြ နဲ႔ မိန္းကေလးငယ္ေတြဟာ ခံစားေနၾကရတဲ့အေၾကာင္း အြန္လိုင္း ေဆြးေႏြးပြဲတခုကို အေမရိကန္ ျပည္ေထာင္စုမွာ မေန႔က ျပဳလုပ္ခဲ့ပါတယ္။ ကိုခင္ေမာင္စိုးမင္း က ေျပာျပပါမယ္။ 

ျမန္မာအမ်ိဳးသမီးေတြ အခြင္႔အရးခ်ိဳးေဖာက္ခံရမႈ ေဂ်ာ့ေတာင္း တကၠသိုလ္ အြန္လိုင္းေဆြးေႏြးပဲြ

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ အာဏာသိမ္း စစ္ေကာင္စီ အုပ္ခ်ဳပ္ေနတဲ့ ကာလတေလွ်ာက္လုံး ဆိုးဝါးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို အထူးသျဖင့္ အမ်ဳိးသမီးေတြ နဲ႔ မိန္းကေလးငယ္ေတြဟာ ခံစားေနၾကရတဲ့အေၾကာင္း အြန္လိုင္း ေဆြးေႏြးပြဲတခုကို အေမရိကန္ ျပည္ေထာင္စု ၊ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာ မေန႔က ျပဳလုပ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံအတြင္းက လူအခြင့္အေရး လႈပ္ရွားသူ အမ်ဳိးသမီးေတြ နဲ႔ ႏိုင္ငံတကာ ပညာရွင္ေတြ တက္ေရာက္ၾကတဲ့ အဲဒီေဆြးေႏြးပြဲ အေၾကာင္းကို ကိုခင္ေမာင္စိုးမင္း က ေျပာျပပါမယ္။

A Critical Moment for Burma “ျမန္မာအတြက္ အတိမ္းအေစာင္းမခံတဲ့ ကာလ” ဆိုတဲ့ ေခါင္းစဥ္နဲ႔ အြန္လိုင္းေဆြးေႏြးပြဲမွာ အဓိကအားျဖင့္ ျမန္မာႏိုင္ငံက အမ်ဳိးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြအေပၚမွာ အာဏာသိမ္း စစ္ေကာင္စီ ရဲ႕ ရက္စစ္ႀကမ္းၾကမ္းမႈေတြ အေၾကာင္းကို ပါဝင္တက္ေရာက္ၾကသူေတြက ေျပာဆိုၾကပါတယ္။ အဲဒီ ေဆြးေႏြးပြဲမွာ Georgetown တကၠသိုလ္ အမ်ဳိးသမီးေရး၊ ၿငိမ္းခ်မ္းေရး နဲ႔ လုံၿခဳံေရးဆိုင္ရာ အမႈေဆာင္ ဒါရိုက္တာ Melanne Verveer က Morderater အျဖင့္ ဦးေဆာင္ ေဆြးေႏြးပါတယ္။

" ျမန္မာ အမ်ိဳးသမီးေတြ နဲ႔ မိန္းကေလးငယ္ေတြဟာ ဒီမိုကေရစီ အေရးလႈပ္ရွားမႈမွာ ေရွ႕တန္းကေန ပါဝင္ၾကပါတယ္။ သူတို႔ဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကရမွာ အင္မတန္ကို သတၱိေျပာင္ေျမာက္ၾကၿပီး ဦးေဆာင္မႈေနရာကေန ပါဝင္ၾကပါတယ္။ ျမန္မာႏိုင္ငံ ဒီမိုကေရစီေရး၊ လုံၿခဳံစိတ္ခ်ရတဲ့ အနာဂတ္ နဲ႔ သူတို႔ရဲ႕ ရပိုင္ခြင့္ေတြအတြက္ ႐ုန္းကန္လႈပ္ရွားေနၾကၿပီး အဲဒီအတြက္လည္း ႀကီးမားတဲ့ စြန႔္စားမႈနဲ႔အတူ အႏၲရာယ္ေတြလည္း ႀကဳံေတြၾကရပါတယ္။ အဲဒီအတြက္ သူတို႔ဟာ တာဝန္ခံမႈ၊ တရားမွ်တမႈေတြ ရရွိဖို႔အတြက္ ႏိုင္ငံတကာ က သူတို႔နဲ႔အတူ ေသြးစည္းညီၫြတ္မႈၾကဖို႔ ေတာင္းဆိုေနၾကပါတယ္"

ဒါအျပင္ အဲဒီေဆြးေႏြးပြဲမွာ ကုလသမဂၢဆုိင္ရာ အေမရိကန္ သံအမတ္ႀကီး Chris Lu လည္း တက္ေရာက္ၿပီး ျမန္မာႏိုင္ငံက ဆိုးဝါးလွတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ စိတ္အေႏွာက္အယွက္ျဖစ္ရေၾကာင္း ေျပာပါတယ္။

"အၾကမ္းဖက္ခံရသူ အားလုံးအတြက္ တရားမွ်တမႈရရွိဖို႔၊ တာဝန္ခံမႈ ရွိဖို႔ နဲ႔ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ဖို႔ အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ အဆက္မျပတ္ တိုက္တြန္းေနပါတယ္။ ျမန္မာ၊ ဘဂၤလားေဒ့ရွ္ နဲ႔ တျခားေဒသေတြက ပဋိပကၡ အၾကပ္အတည္းေၾကာင့္ ထိခိုက္ခံရသူေတြအားလုံးကို အကူအညီေပးႏိုင္ဖို႔အတြက္ ေဒၚလာသန္းေပါင္း တေထာင္ ခုႏွစ္ရာ ေက်ာ္ ကူညီေထာက္ပံ့ထားပါတယ္ ။အသက္ေတြ ကယ္ဆယ္ဖို႔အတြက္ လူသားခ်င္းစာနာမႈ အကူအညီ အဲဒီေဒသမွာ အေမရိကန္ က အမ်ားဆုံး ကူညီေနပါတယ္။

အဲဒီေဆြးေႏြးပြဲကို ၾကားကာလ အမ်ဳိးသား ညီညြတ္ေရး အစိုးရ NUG ရဲ႕ အမ်ဳိးသမီး၊ ကေလးသူငယ္ နဲ႔ လူငယ္ေရးရာ ဝန္ႀကီး ေနာ္စူဆန္နာ လွလွစိုး လည္း တက္ေရာက္ၿပီး စစ္ေကာင္စီ လက္ေအာက္ ျမန္မာႏိုင္ငံ ရဲ႕ အေျခအေနေတြကိုရွင္းျပပါတယ္။

" စစ္ေကာင္စီ ဟာ ေန႔စဥ္ေန႔တိုင္း သတ္ျဖတ္မႈေတြ၊ တိုက္ခိုက္မႈေတြ၊ ႀကိဳးေပးသတ္တာေတြ နဲ႔ ေက်ာင္းသား ကေလးငယ္ေတြကို သတ္ျဖတ္ခံရလို႔ မိခင္ေတြရဲ႕ ရင္ကြဲမႈေတြကို က်မတို႔ ၾကားေန သိေနၾကရပါတယ္။ ဒါေတြဟာ မႏွစ္ ၂ဝ၂၁ ေဖေဖာ္ဝါရီ စစ္အာဏာသိမ္းၿပီး တိုင္းျပည္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားကတည္းကတိုင္ က်မတို႔ႏိုင္ငံမွာ တကယ္ကို ျဖစ္ပ်က္ေနတာပါပဲ"

ေဆြးေႏြးပြဲမွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြရဲ႕ ေက်းရြာေတြကို မီးရိႈ႕တာ၊ ေလေၾကာင္းကေန တိုက္ခိုက္မႈေၾကာင့္ မူႀကိဳေက်ာင္းသားငယ္ေလးေတြ ေသဆုံးကုန္တာ အပါအဝင္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ဗြီဒီယုိနဲ႔ ျပသခဲ့ပါတယ္။

ဒါအျပင္ ေဆြးေႏြးပြဲကို ျမန္မာ အမ်ဳိးသမီးေရး လႈပ္ရွားသူေတြျဖစ္ၾကတဲ့ WPN အမ်ဳိးသမီး ၿငိမ္းခ်မ္ေရး ကြန္ယက္ ရဲ႕ ဒါရိုက္တာ မေဝေဝႏု၊ ျမန္မာႏိုင္ငံ အမ်ဳိးသမီးအဖြဲ႔ခ်ဳပ္ WLB နဲ႔ Sister 2 Sister အဖြဲ႔က Thinzar Shunlei တို႔လည္း လူ႔အခြင့္အေရး၊ လူသားခ်င္းစာနာမႈ ကိစၥေတြကို ေဆြးေႏြးၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................................

မြန်မာအမျိုးသမီးတွေ အခွင့်အရးချိုးဖောက်ခံရမှု ဂျော့တောင်း တက္ကသိုလ် အွန်လိုင်းဆွေးနွေးပွဲ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်နေတဲ့ ကာလတလျှောက်လုံး ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထူးသဖြင့် အမျိုးသမီးတွေ နဲ့ မိန်းကလေးငယ်တွေဟာ ခံစားနေကြရတဲ့အကြောင်း အွန်လိုင်း ဆွေးနွေးပွဲတခုကို အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမြို့တော်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးတွေ နဲ့ နိုင်ငံတကာ ပညာရှင်တွေ တက်ရောက်ကြတဲ့ အဲဒီဆွေးနွေးပွဲ အကြောင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

A Critical Moment for Burma “မြန်မာအတွက် အတိမ်းအစောင်းမခံတဲ့ ကာလ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ အဓိကအားဖြင့် မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ်မှာ အာဏာသိမ်း စစ်ကောင်စီ ရဲ့ ရက်စစ်ကြမ်းကြမ်းမှုတွေ အကြောင်းကို ပါဝင်တက်ရောက်ကြသူတွေက ပြောဆိုကြပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ Georgetown တက္ကသိုလ် အမျိုးသမီးရေး၊ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ အမှုဆောင် ဒါရိုက်တာ Melanne Verveer က Morderater အဖြင့် ဦးဆောင် ဆွေးနွေးပါတယ်။

" မြန်မာ အမျိုးသမီးတွေ နဲ့ မိန်းကလေးငယ်တွေဟာ ဒီမိုကရေစီ အရေးလှုပ်ရှားမှုမှာ ရှေ့တန်းကနေ ပါဝင်ကြပါတယ်။ သူတို့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရမှာ အင်မတန်ကို သတ္တိပြောင်မြောက်ကြပြီး ဦးဆောင်မှုနေရာကနေ ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လုံခြုံစိတ်ချရတဲ့ အနာဂတ် နဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ရုန်းကန်လှုပ်ရှားနေကြပြီး အဲဒီအတွက်လည်း ကြီးမားတဲ့ စွန့်စားမှုနဲ့အတူ အန္တရာယ်တွေလည်း ကြုံတွေကြရပါတယ်။ အဲဒီအတွက် သူတို့ဟာ တာဝန်ခံမှု၊ တရားမျှတမှုတွေ ရရှိဖို့အတွက် နိုင်ငံတကာ က သူတို့နဲ့အတူ သွေးစည်းညီညွတ်မှုကြဖို့ တောင်းဆိုနေကြပါတယ်"

ဒါအပြင် အဲဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Chris Lu လည်း တက်ရောက်ပြီး မြန်မာနိုင်ငံက ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ပြောပါတယ်။

"အကြမ်းဖက်ခံရသူ အားလုံးအတွက် တရားမျှတမှုရရှိဖို့၊ တာဝန်ခံမှု ရှိဖို့ နဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အဆက်မပြတ် တိုက်တွန်းနေပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တခြားဒေသတွေက ပဋိပက္ခ အကြပ်အတည်းကြောင့် ထိခိုက်ခံရသူတွေအားလုံးကို အကူအညီပေးနိုင်ဖို့အတွက် ဒေါ်လာသန်းပေါင်း တထောင် ခုနှစ်ရာ ကျော် ကူညီထောက်ပံ့ထားပါတယ် ။အသက်တွေ ကယ်ဆယ်ဖို့အတွက် လူသားချင်းစာနာမှု အကူအညီ အဲဒီဒေသမှာ အမေရိကန် က အများဆုံး ကူညီနေပါတယ်။

အဲဒီဆွေးနွေးပွဲကို ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ အမျိုးသမီး၊ ကလေးသူငယ် နဲ့ လူငယ်ရေးရာ ဝန်ကြီး နော်စူဆန်နာ လှလှစိုး လည်း တက်ရောက်ပြီး စစ်ကောင်စီ လက်အောက် မြန်မာနိုင်ငံ ရဲ့ အခြေအနေတွေကိုရှင်းပြပါတယ်။

" စစ်ကောင်စီ ဟာ နေ့စဉ်နေ့တိုင်း သတ်ဖြတ်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ ကြိုးပေးသတ်တာတွေ နဲ့ ကျောင်းသား ကလေးငယ်တွေကို သတ်ဖြတ်ခံရလို့ မိခင်တွေရဲ့ ရင်ကွဲမှုတွေကို ကျမတို့ ကြားနေ သိနေကြရပါတယ်။ ဒါတွေဟာ မနှစ် ၂ဝ၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ထိန်းချုပ်ဖို့ ကြိုးစားကတည်းကတိုင် ကျမတို့နိုင်ငံမှာ တကယ်ကို ဖြစ်ပျက်နေတာပါပဲ"

ဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကျေးရွာတွေကို မီးရှို့တာ၊ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် မူကြိုကျောင်းသားငယ်လေးတွေ သေဆုံးကုန်တာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဗွီဒီယိုနဲ့ ပြသခဲ့ပါတယ်။

ဒါအပြင် ဆွေးနွေးပွဲကို မြန်မာ အမျိုးသမီးရေး လှုပ်ရှားသူတွေဖြစ်ကြတဲ့ WPN အမျိုးသမီး ငြိမ်းချမ်ရေး ကွန်ယက် ရဲ့ ဒါရိုက်တာ မဝေဝေနု၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် WLB နဲ့ Sister 2 Sister အဖွဲ့က Thinzar Shunlei တို့လည်း လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု ကိစ္စတွေကို ဆွေးနွေးကြပါတယ်။

XS
SM
MD
LG