သံုးရလြယ္ကူေစသည့္ Link မ်ား

အကာအကြယ္မဲ့ အက်ပ္အတည္းေတြ ပိုၾကံဳလာရတဲ့ အမ်ိဳးသမီး အလုပ္သမားမ်ား


စစ္တပ္အာဏာသိမ္းၿပီး တႏွစ္ေက်ာ္လာခ်ိန္ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြကို အခြင့္ေကာင္းယူၿပီး ေခါင္းပံုျဖတ္တဲ့ အလုပ္ရွင္ေတြ ပိုမ်ားလာျပီး အကာအကြယ္ေပးတဲ့ ယႏၱရားေတြလည္း မရွိေတာ့တာေၾကာင့္ စက္မႈဇံု အလုပ္သမားေတြအတြက္ အက်ပ္အတည္းေတြ ပိုဆိုးလာတယ္လို႔ အမ်ိဳးသမီး စက္႐ံုအလုပ္သမားေတြနဲ႔ ကူညီေပးေနသူေတြက ေျပာပါတယ္။

[Zawgyi/Unicode]

အကာအကြယ္မဲ့ အက်ပ္အတည္းေတြ ပိုၾကံဳလာရတဲ့ အမ်ိဳးသမီး အလုပ္သမားမ်ား (အမ်ိဳးသမီးက႑)

စစ္တပ္အာဏာသိမ္းၿပီး တႏွစ္ေက်ာ္ ၾကာလာခ်ိန္မွာ ကိုဗစ္ကပ္ေဘးနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြကို အခြင့္ေကာင္းယူၿပီး ေခါင္းပံုျဖတ္ အျမတ္ထုတ္တဲ့ အလုပ္ရွင္ေတြ ပိုမ်ားလာျပီး အကာအကြယ္ေပးတဲ့ ယႏၱရားေတြလည္း မရွိေတာ့တာေၾကာင့္ စက္မႈဇံုေတြမွာ အလုပ္လုပ္ေနၾကတဲ့ အမ်ိဳးသမီးေတြ အတြက္ အက်ပ္အတည္းေတြ ပို ဆိုးလာေနတယ္လို႔ အမ်ိဳးသမီး စက္႐ံုအလုပ္သမားေတြနဲ႔ သူတို႔ကို ကူညီ ေပးေနသူေတြက ေျပာပါတယ္။ ေငြေၾကးေဖာင္းပြမႈနဲ႔အတူ ကုန္ေစ်းႏႈန္း အဆမတန္ တက္လာတာနဲ႔ အလုပ္အကိုင္ အခက္အခဲေတြၾကား အမ်ိဳးသမီး စက္႐ံု အလုပ္သမားေတြ ဘယ္လို ရင္ဆိုင္ ျဖတ္သန္းေနၾကရပါလဲ။ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

ကိုဗစ္ကပ္ေဘးကေန ျပန္ နာလန္ထူဖို႔ ႀကိဳးစားေနခ်ိန္မွာပဲ စစ္တပ္က အာဏာသိမ္း လိုက္တာေၾကာင့္ ျမန္မာႏိုင္ငံတြင္း စီးပြားေရး လုပ္ငန္းေတြ သိသိသာသာ ထိခိုက္ၿပီး ၂၀၂၁ ခုႏွစ္ ဒုတိယ ၃ လအတြင္း အလုပ္လက္မဲ့ဦးေရ ၂ သန္းနီးပါးေလာက္ ျဖစ္သြားခဲ့တယ္လို႔ ႏိုင္ငံတကာ အလုပ္သမား အဖြဲ႔ခ်ဳပ္ ILO အစီရင္ခံစာတခုက ေဖာ္ျပထားပါတယ္။ ဒီလို အလုပ္အကိုင္ ဆံုးရံႈးသူေတြထဲမွာ စက္မႈဇံု အလုပ္သမားေတြ အဓိက ပါ၀င္ျပီး အမ်ားစုက အမ်ိဳးသမီးေတြ ျဖစ္ပါတယ္။

အထူးသျဖင့္ အထည္ခ်ဳပ္ လုပ္ငန္းေတြမွာ အလုပ္ လုပ္ေနၾကတဲ့ အလုပ္သမားေတြရဲ႕ ၉၀ % ေလာက္က အမ်ိဳးသမီးေတြပါ။ ကိုဗစ္ကပ္ေဘးနဲ႔ စစ္တပ္ အာဏာသိမ္းမႈေနာက္ပိုင္း ကုန္ၾကမ္း ျပတ္လပ္တာနဲ႔ လံုျခံဳေရးအရ စိုးရိမ္မႈေတြေၾကာင့္ စက္႐ံု အမ်ားအျပား လုပ္ငန္း ရပ္ပစ္တာေတြ ရွိသလို၊ အမ်ိဳးသမီး အလုပ္သမားေတြ သိန္းနဲ႔ခ်ီ အလုပ္လက္မဲ့ ျဖစ္ခဲ့ရပါတယ္။

အလုပ္ ဆက္လုပ္ခြင့္ ရေနသူေတြ အတြက္လည္း အလုပ္ရွင္ေတြဘက္က ေခတ္ကာလ ကုန္ေစ်းႏႈန္းနဲ႔အညီ လိုက္ျပီး လုပ္ခလစာ မတိုးေပးတဲ့အျပင္ အခ်ိန္ပို၊ လုပ္အားပို ခုိင္းေစတာေတြ သိသိသာသာ ပိုၿပီး ၾကံဳလာရတယ္လို႔ ျမန္မာေပါင္ခ်ိန္ ဖိနပ္စက္႐ံုမွာ အလုပ္ လုပ္ေနတဲ့ မၿဖိဳးသီတာ၀င္းက ေျပာျပပါတယ္။

“၀န္ထမ္းတေယာက္က ၾကိဳးခ်ဳပ္တယ္ဆိုရင္ အရင္တုန္းက စက္ခ်ဳပ္ကို ႀကိဳး ၁၈၀ ေပးရတယ္ဆိုရင္ အခုဆိုရင္ ၂၀၀ ေတာင္းတာ။ ၾကိဳးခ်ဳပ္တဲ့ဟာကိုပဲ ၂၀၀ ခ်ဳပ္ေပး။ ေနာက္တပိြဳင့္ကလည္း ၂၀၀ ခ်ဳပ္ေပး။ ျပီးေတာ့မွ အဲ့ဒီ ၂၀၀ စီ ခ်ဳပ္လိုက္တဲ့ဟာေတြက ေနာက္ဆံုး ပါကင္မွာ ၁၈၀၊ ၂၀၀ အထိ သြားရတာ။ ညီမတို႔က ေျပာရမယ္ဆိုရင္ ဒီလို Target တိုးေတာင္းတာကိုေတာ့ မေျပာလိုဘူးေပါ့ေနာ္။ သူတို႔ေတာင္းရင္ ေတာင္းသေလာက္ကို ေပးႏုိင္ရင္ ဆုေၾကး ဆိုလည္း ဆုေၾကး ထုတ္ေပးသင့္တယ္ေပါ့။ အခုဟာက ဆုေၾကးလည္း မရ၊ ေထာက္ပံ့ေၾကးလည္း မရ။ ဘာမွမရတာကို က်မတို႔ အေနနဲ႔ကေတာ့ ေတာင္းဆိုတာေပါ့ေနာ္။ တခုခုဆိုရင္ သူတို႔က ၀န္ထမ္းေတြကို ဘာနဲ႔ေျခာက္လဲ ဆုိေတာ့ အျပစ္ၾကီးလက္မွတ္ေတြ ထုိးခိုင္းတယ္။”

လုပ္ခလစာ တိုးမေပးဘဲ ခုလို အလုပ္တိုး လုပ္ခုိင္းတာေတြ ရွိေပမဲ့လို႔၊ ဒါကို မေက်နပ္လို႔ တိုင္ၾကားရင္လည္း အလုပ္ျဖဳတ္ခံရတာေတြ ရွိတာေၾကာင့္ အလုပ္သမားအမ်ားစု ကေတာ့ ခုိင္းေစတဲ့အတိုင္း ဆက္ျပီး လုပ္ေနၾကရတယ္လို႔ ေျပာပါတယ္။

အလုပ္သမားေတြ ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြ မရတာေၾကာင့္ စုေပါင္း ေတာင္းဆိုႏိုင္ေအာင္ အလုုပ္သမား အဖြဲ႔ ဖြဲ႔ဖို႔ ၾကိဳးစားတဲ့အတြက္ အလုပ္ျဖဳတ္ခံခဲ့ရတယ္လို႔ ထံုဖူး အထည္ခ်ဳပ္စက္႐ံုမွာ အလုပ္ လုပ္ခဲ့တဲ့ အမ်ိဳးသမီးတဦးက ေျပာျပပါတယ္။

“ဘယ္လိုလဲဆိုေတာ့ ဗိုက္ၾကီးသည္ေတြ ဘာေတြဆိုရင္လည္း ဖူလံုေရး ေဆးခြင့္ေတြဘာေတြ မရဘူး။ အလုပ္သမား အခြင့္အေရးနဲ႔ ပတ္သက္ရင္ အဲ့စက္႐ံုက ဘာမွမေပးဘူး။ ညီမတို႔က အဲ့ဒါနဲ႔ ကိုယ့္အဖြဲ႔အစည္းေလးကိုယ္ ဖြဲ႔စည္းမယ္၊ အလုပ္သမားအဖြဲ႔အစည္းေလး ဖြဲ႔စည္းမယ္ဆိုျပီး သူငယ္ခ်င္းေတြ လုိက္ေျပာတယ္။ ဒီလိုမ်ိဳး အလုပ္သမားအဖြဲ႔အစည္း ရွိရင္ ငါတို႔အတြက္ စက္႐ံုမွာ အလုပ္တဲ့အခါ အခြင့္အေရးေတြ ရတယ္။ အဲ့ဒီလိုမ်ိဳး ေျပာျပတယ္။ အဲ့ဒါကို က်မတို႔က လိုက္ျပီးေတာ့ စည္း႐ံုးပါတယ္ ဆိုျပီးေတာ့ ညီမတို႔ကို သူတို႔စက္႐ံုကေန အလုပ္ ျဖဳတ္ဖို႔ လုပ္ပစ္လိုက္တာ။”

ျမန္မာႏိုင္ငံမွာ စစ္တပ္ အာဏာသိမ္းျပီးတဲ့ေနာက္ အလုပ္သမား သမဂၢေတြကို တရားမ၀င္ အသင္းေတြအျဖစ္ စစ္ေကာင္စီက ေၾကညာထားတာ ရွိသလို၊ အလုပ္သမားေရး လႈပ္ရွားသူေတြ ဖမ္းဆီး ခံရတာ၊ ထြက္ေျပး တိမ္းေရွာင္ရတာေတြ အမ်ားအျပား ရွိေနတာပါ။

ဒီလို အေျခအေနေတြကို သိတဲ့ လုပ္ငန္းရွင္တခ်ိဳ႕က စစ္တပ္ အာဏာသိမ္းမႈ ေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြကို အခြင့္ေကာင္းယူျပီး ေခါင္းပံုျဖတ္ အျမတ္ထုတ္ၾကတာေၾကာင့္ အလုပ္သမားေတြ အတြက္ ခုလို အက်ပ္အတည္းေတြ ပိုၿပီး ၾကံဳလာရတာလို႔ ျမန္မာႏိုင္ငံ အေထြေထြ အလုပ္သမား သမဂၢမ်ားအဖြဲ႔ခ်ဳပ္ (FGWM) ဥကၠ႒ မမိုးစႏၵာျမင့္က ေျပာပါတယ္။

“အဆိုးရြားဆံုး အခက္ခဲဆံုး အခ်ိန္ကို က်မတို႔ လုပ္ငန္းခြင္မွာရွိေနတဲ့ အလုပ္သမားတိုင္း ေပါ့ေနာ္။ အထည္ခ်ဳပ္လုပ္ငန္းခြင္မွာ ဆိုရင္ေတာ့ အမ်ိဳးသမီးေတြက မ်ားေတာ့ အမ်ိဳးသမီးတိုင္း ပိုၿပီးေတာ့ ခံစားေနရတာေပါ့ေနာ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အလုပ္ရွင္ေတြက အခုခ်ိန္မွာ အျပစ္မရွိဘဲနဲ႔ေတာင္မွ ႏွစ္ႀကီးသမား အလုပ္သမားေတြကို သူတို႔က ပံုမွန္ ေပးေနက်၊ ရသင့္ရထိုက္တဲ့ Skill level နဲ႔အညီ ေပးရမယ့္အရာေတြကို မေပးခ်င္ေတာ့ဘူးေပါ့ေနာ္။ ႏိုင္ငံေရး မတည္ၿငိမ္မႈေပၚကို အျမတ္ထုတ္ၿပီးေတာ့ မေပးခ်င္ေတာ့တဲ့အတြက္ကို သူတို႔က ေစ်းေပါေပါနဲ႔ ေန႔စား ၀န္ထမ္းေတြေပါ့ေနာ္။ အဲ့ဒါကလည္း ကၽြမ္းက်င္လုပ္သားေတြပဲ။ ေန႔စား၀န္ထမ္းေတြကို ခန္႔တာမ်ိဳး လုပ္ခ်င္ၾကေတာ့ အမ်ိဳးသမီး ကၽြမ္းက်င္ အလုပ္သမားေတြကို ဥပေဒမဲ့ အလုပ္ထုတ္ပစ္ၾကတယ္။ လူ႔အခြင့္အေရးေရာ အလုပ္သမား အခြင့္အေရးေရာ ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ၿပီးေတာ့ ႏိုင္ငံေရး မတည္ၿငိမ္တာကို အျမတ္ထုတ္ၿပီးေတာ့ အလုပ္ ထုတ္ပစ္ၾကတယ္။ ေလ်ာ္ေၾကးလည္း မေပးၾကဘူး။ မေပးၾကတဲ့အတြက္ အဲ့ဒီ ကၽြမ္းက်င္အလုပ္သမား အမ်ိဳးသမီးေတြက လုပ္ငန္းခြင္ကေန စြန္႔ခြာၿပီး အလုပ္လက္မဲ့ အေျခအေနကို ၾကံဳရတယ္။ ဒါဟာ အမ်ိဳးသမီးေတြ အေနနဲ႔ အိမ္ေထာင့္တာ၀န္ ထမ္းေနတဲ့ မိခင္ေတြေရာ၊ အျခားေသာ မိသားစုေတြေရာ၊ အမ်ိဳးသမီး လူငယ္ေတြေရာ အတြက္ အလုပ္အကိုင္ ခက္ခဲမႈကလည္း ေျပာစရာမလိုေအာင္ အဆိုးရြားဆံုး အေျခအေနကို ၾကံဳေတြ႕ေနရပါတယ္။ လုပ္ငန္းခြင္မွာ လုပ္ေနတဲ့ အလုပ္သမားေတြ အေနနဲ႔ ဆိုရင္လည္း ေခတ္ကာလ ကုန္ေစ်းႏႈန္းနဲ႔ သူတို႔ရရွိတဲ့ လုပ္ခလစာနဲ႔က၊ ကုန္ေစ်းႏႈန္းက ၃ ဆေလာက္ ျမင့္တက္ေနတဲ့အေပၚမွာ အလုပ္ရွိေနတဲ့ အလုပ္သမား အမ်ိဳးသမီးေတြ အတြက္ကလည္း ဘယ္လိုမွ မေလာက္ငွႏိုင္တဲ့ အေျခအေန၊ အက်ပ္အတည္းေတြ၊ စီးပြားေရး အက်ပ္အတည္းေတြလည္း ရင္ဆိုင္ၾကံဳေတြ႕ေနရပါတယ္။”

အလုပ္အကိုင္ အခက္အခဲ လို႔ဆိုတဲ့ေနရာမွာ အခုေနာက္ပိုင္း စက္႐ံုတခ်ိဳ႕က အလုပ္သမား ခန္႔တဲ့ေနရာမွာ အလုပ္သမားေတြရဲ႕ မွတ္ပံုတင္ပါ ဇာတိျမိဳ႕နယ္ ေဒသကို ၾကည့္ျပီး အလုပ္ ျငင္းပယ္တာေတြ ရွိေနျပီး အလုပ္သမား တခ်ိဳ႕အတြက္ အခက္အခဲ ပိုမ်ားေစတယ္လို႔ ထံုဖူး အထည္ခ်ဳပ္ စက္႐ံုက အလုပ္ျဖဳတ္ခံခဲ့ရတဲ့ အမ်ိဳးသမီးက ေျပာပါတယ္။

“ပဲခူးတိုင္းဘက္တို႔၊ ဧရာ၀တီတိုင္း ဘက္ကလား။ စစ္ကိုင္းတိုင္းဘက္ကလား အဲ့ဒီလိုမ်ိဳး ေမးတယ္ေလ။ အဲ့ဒီလိုဆိုရင္ မေခၚဘူး။ မေခၚေတာ့ ညီမတို႔က ေမးတယ္ေလ ဘာလို႔မေခၚတာလဲ ဆိုေတာ့။ အဲ့ဘက္က စစ္တပ္ကို ေတာ္လွန္ေနတဲ့သူေတြ ျဖစ္တဲ့အတြက္ အဲ့ဒီလူေတြကို စက္႐ံုက လက္မခံဘူးတဲ့။ ျပႆနာျဖစ္ရင္ သူတို႔ မေျဖရွင္းေပး ႏုိင္ဘူးေပါ့ အစ္မရယ္။ အဲ့ဒီလိုမ်ိဳးေတြ သူတို႔က ေျပာပါတယ္။”

အလုပ္ရွင္နဲ႔ အလုပ္သမားၾကား အခြင့္အေရးဆုိင္ရာ ျပႆနာေတြ၊ ပဋိပကၡေတြ ကေတာ့ အရင္ကတည္းက ရွိလာခဲ့ဖူးပါတယ္။ ဒါေပမဲ့ အရင္က ပဋိပကၡေတြမွာ အလုပ္သမား သမဂၢေတြက ဦးေဆာင္ျပီး သက္ဆိုင္ရာ အလုပ္ရွင္၊ အလုပ္သမားနဲ႔ အုပ္ခ်ဳပ္သူ အစိုးရတာ၀န္ရွိ သူေတြပါ ပါ၀င္ျပီး သံုးပြင့္ဆိုင္ ၫွိႏိႈင္း ေျဖရွင္းတာေတြ လုပ္ႏိုင္ခဲ့ေပမဲ့လို႔၊ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္းမွာေတာ့ ဒီလို အေျခအေနေတြလည္း ပ်က္သြားခဲ့တာပါ။

အခုဆိုရင္ အလုပ္သမားေတြအတြက္ အလုပ္အကိုင္ အခက္အခဲေတြ၊ အလုပ္သမား အခြင့္အေရး ခ်ိဳးေဖာက္ခံရတာေတြ သိသိသာသာ ပိုဆိုးလာေပမဲ့လို႔ ဒါကို ကူညီ ကာကြယ္ေပးႏိုင္တဲ့ အဖြဲ႔အစည္းေတြ၊ အလုပ္သမားသမဂၢေတြကို စစ္ေကာင္စီက ပစ္မွတ္ထား ႏွိမ္နင္းတာ ရွိတာေၾကာင့္ အလုပ္သမားေတြ အတြက္ကေတာ့ နစ္နာ ဆံုး႐ံႈးမႈေတြ၊ အကာအကြယ္မဲ့တဲ့ အေျခအေနေတြ ပိုျပီး ၾကံဳလာတယ္လို႔ မမိုးစႏၵာျမင့္ က ေျပာပါတယ္။

“စစ္အာဏာသိမ္းမႈ ကာလ ေရာက္လာတဲ့အခါက်ေတာ့ က်မတို႔လို အဖြဲ႔ခ်ဳပ္ေတြကလည္း စစ္အာဏာရွင္ လက္ေအာက္ကေန မတရားပုဒ္မေတြ၊ ဖမ္းဆီးမႈေတြနဲ႔ က်မတို႔က ထြက္ေျပး တိမ္းေရွာင္ေနရတာေတြလည္း ရွိသလို၊ ဖမ္းဆီး ေထာင္ခ် ခံေနရတာေတြလည္း ရွိၾကတယ္။ ဆိုေတာ့ ဒီကာလမွာေတာ့ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္တဲ့ အခြင့္အေရးေတြ ဆိုတာက လံုး၀ကို မရွိေတာ့ဘူး။ နစ္နာဆံုး႐ႈံးမႈေတြ မ်ားစြာနဲ႔ ၾကံဳေနရတယ္။ ေျပာရမယ္ဆိုလို႔ရွိရင္ စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားတဲ့ လိႈင္သာယာ၊ ေရႊျပည္သာ လို ေနရာမ်ိဳးေတြမွာ ဆိုရင္ အမ်ိဳးသမီးေတြ အတြက္ ပိုၿပီး မလံုျခံဳတဲ့ ပတ္၀န္းက်င္ေတြမွာ အလုပ္သြား အလုပ္ျပန္ သြားလာရမႈေတြမွာ မတရားၿခိမ္းေျခာက္ ခံရတာေတြ၊ ေစာ္ကား ျပဳမူခံရတာေတြ။ ၿပီးလို႔ရွိရင္ ႏွိပ္စက္မႈေတြ၊ မုဒိန္းက်င့္မႈေတြေၾကာင့္ တခ်ိဳ႕ စက္႐ံုေတြမွာ အသက္ဆံုး႐ံႈးရတဲ့ အမ်ိဳးသမီးေတြလည္း ရွိၾကတယ္။ ဒါေပမဲ့ က်မတို႔က အဲ့လို အသက္ေသသြားတဲ့ အမ်ိဳးသမီးေတြ၊ မုဒိန္းက်င့္ခံရတယ္ ဆိုတဲ့ အသံေတြ က်မတို႔ ၾကားတယ္။ ဒါေပမဲ့ အဲ့ဒီေနာက္ကို လိုက္ဖို႔မွာ ဘယ္ေလာက္ေတာင္မွ ဖိအားေပးမႈေတြ၊ စိုးရိမ္မႈေတြ၊ ေၾကာက္လန္႔မႈေတြ ရွိလဲဆိုရင္ လံုး၀ကို အစေပ်ာက္တယ္။ က်မတို႔ အသံၾကားတယ္။ သတင္းတိတိက်က် ရေပမဲ့ ကာယကံရွင္ေတြ ေနာက္ကို က်မတို႔ ေသေသခ်ာခ်ာ မလိုက္ႏိုင္ဘူး။ အဆက္အသြယ္ မရႏိုင္တဲ့ အေျခအေနမ်ိဳး နဲ႔ေတာင္ က်မတို႔ ၾကံဳလာရတာမ်ိဳးေတြ ရွိတယ္။ ဒါက အလုပ္သြား အလုပ္ျပန္ စက္႐ံု ၀န္ထမ္းေတြမွာ မလံုျခံဳတဲ့ အမ်ိဳးသမီးေတြရဲ႕ အစစအရာရာ ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာေရာ ႏိုင့္ထက္စီးနင္း ခံေနရတဲ့အေျခအေနေပါ့။”

ဒီလို အေျခအေနေတြ ၾကားမွာပဲ လက္တေလာ ေငြေၾကး ေဖာင္းပြမႈနဲ႔အတူ ကုန္ေစ်းႏႈန္းေတြ အဆမတန္ တက္လာတဲ့အခါ အရင္နဲ႔မတူတဲ့ အက်ပ္အတည္းေတြ ပိုျပီး ၾကံဳလာရတယ္လို႔ ျမန္မာေပါင္ခ်ိန္ စက္႐ံုက မၿဖိဳးသီတာ၀င္း က ေျပာပါတယ္။

“အရင္တုန္းကဆိုလို႔ရွိရင္ ညီမတို႔ လစာနဲ႔ အိမ္ကိုလည္း ေလာက္ေလာက္ငွငွ ေပးလို႔ရတယ္။ ညီမတို႔ဆိုရင္ အိမ္ငွားျပီး ေနရတာေလ။ အိမ္လခေတြ ေပးလို႔ရတယ္။ အခုဆိုလို႔ရွိရင္ ညီမတို႔မွာ အိမ္လခေတာင္ အႏိုင္ႏုိင္ေပါ့ေနာ္။ တခါတေလ အိမ္လခကို ခုခ်ိန္ထိ လ တ၀က္ေတာင္ မေပးႏိုင္ေသးတာေတြ ရွိတယ္။ တသိန္း ဆိုရင္ ၅ ေသာင္းပဲ ေပးရေသးတယ္။ က်န္တဲ့ ၅ ေသာင္း အိမ္ရွင္ကို မေပးရေသးဘူး။ အဲ့လို အခက္အခဲေတြလည္း ရွိတယ္။ ဆန္ေတြ ဆီေတြ ၀ယ္တဲ့အခါ ဆိုရင္လည္း အရင္တုန္းက ႏွစ္ပိႆာ သံုးပိႆာ ၀ယ္ႏုိ္င္တယ္ဆိုရင္ အခု တပိႆာေလာက္နဲ႔ တင္းတိမ္ ရတာမ်ိဳးေတြ ရွိတယ္။ ျပီးရင္ အရင္က ပိုက္ဆံမေခ်းဘဲ တလလံုး ဒီလစာေလးနဲ႔ အဆင္ေျပေအာင္ ေနႏိုင္ေပမဲ့ အခုဆိုရင္ မေခ်းလို႔မရေတာ့ဘူး။ ဆိုေတာ့ ေခ်းလိုက္၊ လကုန္ရင္ ျပန္ဆပ္လိုက္နဲ႔ အဲ့ဒီလိုမ်ိဳးေပါ့ စားေသာက္စရိတ္ကအစ အကုန္လံုး ရွားပါးေနတယ္။ လမ္းမွာဆိုရင္လည္း အခု လုယက္မႈေတြက အရမ္းမ်ားတယ္။ ညီမ ဆိုရင္ ဟိုတေလာတုန္းက ဖုန္းေတာင္ အလုပ္ခံလိုက္ရ ေသးတယ္။ လမ္းမွာ ဖုန္းမေျပာရဲတဲ့ အေနအထားတခုေတာင္ ျဖစ္သြားတယ္။ လမ္းမွာ ဖုန္းလာျပီဆို ဘယ္ဖုန္းပဲျဖစ္ျဖစ္ မကိုင္ရဲေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ဖုန္း အလုခံရမွာ ေၾကာက္တာရယ္။ ျပီးရင္ တခ်ိဳ႕ဆိုရင္ ေရႊျပည္သာဘက္မွာ၊ ေတာ္၀င္လမ္းဘက္မွာ ဆိုရင္ ကားေပၚကို ဓားျပတိုက္တာ။ အဲ့လိုမ်ိဳးေတြေတာင္ ျဖစ္တယ္။ လစာ ထုတ္ရက္မွာေလ။ အဲ့လိုမ်ိဳးေတြေတာင္ ျဖစ္တဲ့အခါ က်ေတာ့ ညီမတို႔အတြက္က သြားလာမႈေတြလည္း လံုျခံဳမႈ မရွိေတာ့ဘူး။ ေနထုိင္ အစားအေသာက္ေတြ ကအစ က်ပ္တည္းတဲ့ဘ၀ကို ေရာက္ေနတာေပါ့ေနာ္။ သိသိသာသာၾကီးကို ေျပာင္းလဲသြားတာေပါ့ေနာ္။”

ဒီလို သိသိသာသာ ေျပာင္းလဲသြားတဲ့ အေျခအေနေအာက္မွာ အလုပ္သမား အမ်ားစုကေတာ့ တက္လာတဲ့ ကုန္ေစ်းႏႈန္းနဲ႔အၿပိဳင္ ရပ္တည္ ေနထိုင္ စားေသာက္ႏိုင္ဖို႔အတြက္ လုပ္အားခလစာ တိုးေပး ေစခ်င္သလို၊ လံုျခံဳေဘးကင္းတဲ့ လုပ္ငန္းခြင္မွာ အလုပ္ လုပ္ခြင့္ ျပန္ရခ်င္ျပီလို႔ ေျပာၾကပါတယ္။

ဒါပေမဲ့ ဒီလို ျပန္ရဖို႔မွာေတာ့ ႏုိင္ငံေရး အက်ပ္အတည္းေတြ ေျပလည္ျပီး တိုင္းျပည္ တည္ျငိမ္ေအးခ်မ္းဖို႔ လိုအပ္သလို၊ အလုပ္သမားေတြရဲ႕ အခြင့္အေရး အပါအ၀င္ အေျခခံ လူ႔အခြင့္အေရးကို ေလးစား လိုက္နာတဲ့ အုပ္ခ်ဳပ္မႈစနစ္တရပ္ ရွိမွသာ ျဖစ္ႏုိင္လိမ့္မယ္ ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

=============================

[Unicode]

အကာအကွယ်မဲ့ အကျပ်အတည်းတွေ ပိုကြုံလာရတဲ့ အမျိုးသမီး အလုပ်သမားများ (အမျိုးသမီးကဏ္ဍ)

စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော် ကြာလာချိန်မှာ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ အလုပ်ရှင်တွေ ပိုများလာပြီး အကာအကွယ်ပေးတဲ့ ယန္တရားတွေလည်း မရှိတော့တာကြောင့် စက်မှုဇုံတွေမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ အတွက် အကျပ်အတည်းတွေ ပို ဆိုးလာနေတယ်လို့ အမျိုးသမီး စက်ရုံအလုပ်သမားတွေနဲ့ သူတို့ကို ကူညီ ပေးနေသူတွေက ပြောပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့အတူ ကုန်ဈေးနှုန်း အဆမတန် တက်လာတာနဲ့ အလုပ်အကိုင် အခက်အခဲတွေကြား အမျိုးသမီး စက်ရုံ အလုပ်သမားတွေ ဘယ်လို ရင်ဆိုင် ဖြတ်သန်းနေကြရပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကိုဗစ်ကပ်ဘေးကနေ ပြန် နာလန်ထူဖို့ ကြိုးစားနေချိန်မှာပဲ စစ်တပ်က အာဏာသိမ်း လိုက်တာကြောင့် မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ငန်းတွေ သိသိသာသာ ထိခိုက်ပြီး ၂၀၂၁ ခုနှစ် ဒုတိယ ၃ လအတွင်း အလုပ်လက်မဲ့ဦးရေ ၂ သန်းနီးပါးလောက် ဖြစ်သွားခဲ့တယ်လို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO အစီရင်ခံစာတခုက ဖော်ပြထားပါတယ်။ ဒီလို အလုပ်အကိုင် ဆုံးရှုံးသူတွေထဲမှာ စက်မှုဇုံ အလုပ်သမားတွေ အဓိက ပါဝင်ပြီး အများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။

အထူးသဖြင့် အထည်ချုပ် လုပ်ငန်းတွေမှာ အလုပ် လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ ၉၀ % လောက်က အမျိုးသမီးတွေပါ။ ကိုဗစ်ကပ်ဘေးနဲ့ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကုန်ကြမ်း ပြတ်လပ်တာနဲ့ လုံခြုံရေးအရ စိုးရိမ်မှုတွေကြောင့် စက်ရုံ အများအပြား လုပ်ငန်း ရပ်ပစ်တာတွေ ရှိသလို၊ အမျိုးသမီး အလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

အလုပ် ဆက်လုပ်ခွင့် ရနေသူတွေ အတွက်လည်း အလုပ်ရှင်တွေဘက်က ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့အညီ လိုက်ပြီး လုပ်ခလစာ မတိုးပေးတဲ့အပြင် အချိန်ပို၊ လုပ်အားပို ခိုင်းစေတာတွေ သိသိသာသာ ပိုပြီး ကြုံလာရတယ်လို့ မြန်မာပေါင်ချိန် ဖိနပ်စက်ရုံမှာ အလုပ် လုပ်နေတဲ့ မဖြိုးသီတာဝင်းက ပြောပြပါတယ်။

“ဝန်ထမ်းတယောက်က ကြိုးချုပ်တယ်ဆိုရင် အရင်တုန်းက စက်ချုပ်ကို ကြိုး ၁၈၀ ပေးရတယ်ဆိုရင် အခုဆိုရင် ၂၀၀ တောင်းတာ။ ကြိုးချုပ်တဲ့ဟာကိုပဲ ၂၀၀ ချုပ်ပေး။ နောက်တပွိုင့်ကလည်း ၂၀၀ ချုပ်ပေး။ ပြီးတော့မှ အဲ့ဒီ ၂၀၀ စီ ချုပ်လိုက်တဲ့ဟာတွေက နောက်ဆုံး ပါကင်မှာ ၁၈၀၊ ၂၀၀ အထိ သွားရတာ။ ညီမတို့က ပြောရမယ်ဆိုရင် ဒီလို Target တိုးတောင်းတာကိုတော့ မပြောလိုဘူးပေါ့နော်။ သူတို့တောင်းရင် တောင်းသလောက်ကို ပေးနိုင်ရင် ဆုကြေး ဆိုလည်း ဆုကြေး ထုတ်ပေးသင့်တယ်ပေါ့။ အခုဟာက ဆုကြေးလည်း မရ၊ ထောက်ပံ့ကြေးလည်း မရ။ ဘာမှမရတာကို ကျမတို့ အနေနဲ့ကတော့ တောင်းဆိုတာပေါ့နော်။ တခုခုဆိုရင် သူတို့က ဝန်ထမ်းတွေကို ဘာနဲ့ခြောက်လဲ ဆိုတော့ အပြစ်ကြီးလက်မှတ်တွေ ထိုးခိုင်းတယ်။”

လုပ်ခလစာ တိုးမပေးဘဲ ခုလို အလုပ်တိုး လုပ်ခိုင်းတာတွေ ရှိပေမဲ့လို့၊ ဒါကို မကျေနပ်လို့ တိုင်ကြားရင်လည်း အလုပ်ဖြုတ်ခံရတာတွေ ရှိတာကြောင့် အလုပ်သမားအများစု ကတော့ ခိုင်းစေတဲ့အတိုင်း ဆက်ပြီး လုပ်နေကြရတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရတာကြောင့် စုပေါင်း တောင်းဆိုနိုင်အောင် အလုပ်သမား အဖွဲ့ ဖွဲ့ဖို့ ကြိုးစားတဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ ထုံဖူး အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်ခဲ့တဲ့ အမျိုးသမီးတဦးက ပြောပြပါတယ်။

“ဘယ်လိုလဲဆိုတော့ ဗိုက်ကြီးသည်တွေ ဘာတွေဆိုရင်လည်း ဖူလုံရေး ဆေးခွင့်တွေဘာတွေ မရဘူး။ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ရင် အဲ့စက်ရုံက ဘာမှမပေးဘူး။ ညီမတို့က အဲ့ဒါနဲ့ ကိုယ့်အဖွဲ့အစည်းလေးကိုယ် ဖွဲ့စည်းမယ်၊ အလုပ်သမားအဖွဲ့အစည်းလေး ဖွဲ့စည်းမယ်ဆိုပြီး သူငယ်ချင်းတွေ လိုက်ပြောတယ်။ ဒီလိုမျိုး အလုပ်သမားအဖွဲ့အစည်း ရှိရင် ငါတို့အတွက် စက်ရုံမှာ အလုပ်တဲ့အခါ အခွင့်အရေးတွေ ရတယ်။ အဲ့ဒီလိုမျိုး ပြောပြတယ်။ အဲ့ဒါကို ကျမတို့က လိုက်ပြီးတော့ စည်းရုံးပါတယ် ဆိုပြီးတော့ ညီမတို့ကို သူတို့စက်ရုံကနေ အလုပ် ဖြုတ်ဖို့ လုပ်ပစ်လိုက်တာ။”

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အလုပ်သမား သမဂ္ဂတွေကို တရားမဝင် အသင်းတွေအဖြစ် စစ်ကောင်စီက ကြေညာထားတာ ရှိသလို၊ အလုပ်သမားရေး လှုပ်ရှားသူတွေ ဖမ်းဆီး ခံရတာ၊ ထွက်ပြေး တိမ်းရှောင်ရတာတွေ အများအပြား ရှိနေတာပါ။

ဒီလို အခြေအနေတွေကို သိတဲ့ လုပ်ငန်းရှင်တချို့က စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ကြတာကြောင့် အလုပ်သမားတွေ အတွက် ခုလို အကျပ်အတည်းတွေ ပိုပြီး ကြုံလာရတာလို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောပါတယ်။

“အဆိုးရွားဆုံး အခက်ခဲဆုံး အချိန်ကို ကျမတို့ လုပ်ငန်းခွင်မှာရှိနေတဲ့ အလုပ်သမားတိုင်း ပေါ့နော်။ အထည်ချုပ်လုပ်ငန်းခွင်မှာ ဆိုရင်တော့ အမျိုးသမီးတွေက များတော့ အမျိုးသမီးတိုင်း ပိုပြီးတော့ ခံစားနေရတာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ အလုပ်ရှင်တွေက အခုချိန်မှာ အပြစ်မရှိဘဲနဲ့တောင်မှ နှစ်ကြီးသမား အလုပ်သမားတွေကို သူတို့က ပုံမှန် ပေးနေကျ၊ ရသင့်ရထိုက်တဲ့ Skill level နဲ့အညီ ပေးရမယ့်အရာတွေကို မပေးချင်တော့ဘူးပေါ့နော်။ နိုင်ငံရေး မတည်ငြိမ်မှုပေါ်ကို အမြတ်ထုတ်ပြီးတော့ မပေးချင်တော့တဲ့အတွက်ကို သူတို့က ဈေးပေါပေါနဲ့ နေ့စား ဝန်ထမ်းတွေပေါ့နော်။ အဲ့ဒါကလည်း ကျွမ်းကျင်လုပ်သားတွေပဲ။ နေ့စားဝန်ထမ်းတွေကို ခန့်တာမျိုး လုပ်ချင်ကြတော့ အမျိုးသမီး ကျွမ်းကျင် အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်ပစ်ကြတယ်။ လူ့အခွင့်အရေးရော အလုပ်သမား အခွင့်အရေးရော ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီးတော့ နိုင်ငံရေး မတည်ငြိမ်တာကို အမြတ်ထုတ်ပြီးတော့ အလုပ် ထုတ်ပစ်ကြတယ်။ လျော်ကြေးလည်း မပေးကြဘူး။ မပေးကြတဲ့အတွက် အဲ့ဒီ ကျွမ်းကျင်အလုပ်သမား အမျိုးသမီးတွေက လုပ်ငန်းခွင်ကနေ စွန့်ခွာပြီး အလုပ်လက်မဲ့ အခြေအနေကို ကြုံရတယ်။ ဒါဟာ အမျိုးသမီးတွေ အနေနဲ့ အိမ်ထောင့်တာဝန် ထမ်းနေတဲ့ မိခင်တွေရော၊ အခြားသော မိသားစုတွေရော၊ အမျိုးသမီး လူငယ်တွေရော အတွက် အလုပ်အကိုင် ခက်ခဲမှုကလည်း ပြောစရာမလိုအောင် အဆိုးရွားဆုံး အခြေအနေကို ကြုံတွေ့နေရပါတယ်။ လုပ်ငန်းခွင်မှာ လုပ်နေတဲ့ အလုပ်သမားတွေ အနေနဲ့ ဆိုရင်လည်း ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့ သူတို့ရရှိတဲ့ လုပ်ခလစာနဲ့က၊ ကုန်ဈေးနှုန်းက ၃ ဆလောက် မြင့်တက်နေတဲ့အပေါ်မှာ အလုပ်ရှိနေတဲ့ အလုပ်သမား အမျိုးသမီးတွေ အတွက်ကလည်း ဘယ်လိုမှ မလောက်ငှနိုင်တဲ့ အခြေအနေ၊ အကျပ်အတည်းတွေ၊ စီးပွားရေး အကျပ်အတည်းတွေလည်း ရင်ဆိုင်ကြုံတွေ့နေရပါတယ်။”

အလုပ်အကိုင် အခက်အခဲ လို့ဆိုတဲ့နေရာမှာ အခုနောက်ပိုင်း စက်ရုံတချို့က အလုပ်သမား ခန့်တဲ့နေရာမှာ အလုပ်သမားတွေရဲ့ မှတ်ပုံတင်ပါ ဇာတိမြို့နယ် ဒေသကို ကြည့်ပြီး အလုပ် ငြင်းပယ်တာတွေ ရှိနေပြီး အလုပ်သမား တချို့အတွက် အခက်အခဲ ပိုများစေတယ်လို့ ထုံဖူး အထည်ချုပ် စက်ရုံက အလုပ်ဖြုတ်ခံခဲ့ရတဲ့ အမျိုးသမီးက ပြောပါတယ်။

“ပဲခူးတိုင်းဘက်တို့၊ ဧရာဝတီတိုင်း ဘက်ကလား။ စစ်ကိုင်းတိုင်းဘက်ကလား အဲ့ဒီလိုမျိုး မေးတယ်လေ။ အဲ့ဒီလိုဆိုရင် မခေါ်ဘူး။ မခေါ်တော့ ညီမတို့က မေးတယ်လေ ဘာလို့မခေါ်တာလဲ ဆိုတော့။ အဲ့ဘက်က စစ်တပ်ကို တော်လှန်နေတဲ့သူတွေ ဖြစ်တဲ့အတွက် အဲ့ဒီလူတွေကို စက်ရုံက လက်မခံဘူးတဲ့။ ပြဿနာဖြစ်ရင် သူတို့ မဖြေရှင်းပေး နိုင်ဘူးပေါ့ အစ်မရယ်။ အဲ့ဒီလိုမျိုးတွေ သူတို့က ပြောပါတယ်။”

အလုပ်ရှင်နဲ့ အလုပ်သမားကြား အခွင့်အရေးဆိုင်ရာ ပြဿနာတွေ၊ ပဋိပက္ခတွေ ကတော့ အရင်ကတည်းက ရှိလာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရင်က ပဋိပက္ခတွေမှာ အလုပ်သမား သမဂ္ဂတွေက ဦးဆောင်ပြီး သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အုပ်ချုပ်သူ အစိုးရတာဝန်ရှိ သူတွေပါ ပါဝင်ပြီး သုံးပွင့်ဆိုင် ညှိနှိုင်း ဖြေရှင်းတာတွေ လုပ်နိုင်ခဲ့ပေမဲ့လို့၊ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ဒီလို အခြေအနေတွေလည်း ပျက်သွားခဲ့တာပါ။

အခုဆိုရင် အလုပ်သမားတွေအတွက် အလုပ်အကိုင် အခက်အခဲတွေ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေ သိသိသာသာ ပိုဆိုးလာပေမဲ့လို့ ဒါကို ကူညီ ကာကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေကို စစ်ကောင်စီက ပစ်မှတ်ထား နှိမ်နင်းတာ ရှိတာကြောင့် အလုပ်သမားတွေ အတွက်ကတော့ နစ်နာ ဆုံးရှုံးမှုတွေ၊ အကာအကွယ်မဲ့တဲ့ အခြေအနေတွေ ပိုပြီး ကြုံလာတယ်လို့ မမိုးစန္ဒာမြင့် က ပြောပါတယ်။

“စစ်အာဏာသိမ်းမှု ကာလ ရောက်လာတဲ့အခါကျတော့ ကျမတို့လို အဖွဲ့ချုပ်တွေကလည်း စစ်အာဏာရှင် လက်အောက်ကနေ မတရားပုဒ်မတွေ၊ ဖမ်းဆီးမှုတွေနဲ့ ကျမတို့က ထွက်ပြေး တိမ်းရှောင်နေရတာတွေလည်း ရှိသလို၊ ဖမ်းဆီး ထောင်ချ ခံနေရတာတွေလည်း ရှိကြတယ်။ ဆိုတော့ ဒီကာလမှာတော့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ဆိုတာက လုံးဝကို မရှိတော့ဘူး။ နစ်နာဆုံးရှုံးမှုတွေ များစွာနဲ့ ကြုံနေရတယ်။ ပြောရမယ်ဆိုလို့ရှိရင် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ လို နေရာမျိုးတွေမှာ ဆိုရင် အမျိုးသမီးတွေ အတွက် ပိုပြီး မလုံခြုံတဲ့ ပတ်ဝန်းကျင်တွေမှာ အလုပ်သွား အလုပ်ပြန် သွားလာရမှုတွေမှာ မတရားခြိမ်းခြောက် ခံရတာတွေ၊ စော်ကား ပြုမူခံရတာတွေ။ ပြီးလို့ရှိရင် နှိပ်စက်မှုတွေ၊ မုဒိန်းကျင့်မှုတွေကြောင့် တချို့ စက်ရုံတွေမှာ အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးတွေလည်း ရှိကြတယ်။ ဒါပေမဲ့ ကျမတို့က အဲ့လို အသက်သေသွားတဲ့ အမျိုးသမီးတွေ၊ မုဒိန်းကျင့်ခံရတယ် ဆိုတဲ့ အသံတွေ ကျမတို့ ကြားတယ်။ ဒါပေမဲ့ အဲ့ဒီနောက်ကို လိုက်ဖို့မှာ ဘယ်လောက်တောင်မှ ဖိအားပေးမှုတွေ၊ စိုးရိမ်မှုတွေ၊ ကြောက်လန့်မှုတွေ ရှိလဲဆိုရင် လုံးဝကို အစပျောက်တယ်။ ကျမတို့ အသံကြားတယ်။ သတင်းတိတိကျကျ ရပေမဲ့ ကာယကံရှင်တွေ နောက်ကို ကျမတို့ သေသေချာချာ မလိုက်နိုင်ဘူး။ အဆက်အသွယ် မရနိုင်တဲ့ အခြေအနေမျိုး နဲ့တောင် ကျမတို့ ကြုံလာရတာမျိုးတွေ ရှိတယ်။ ဒါက အလုပ်သွား အလုပ်ပြန် စက်ရုံ ဝန်ထမ်းတွေမှာ မလုံခြုံတဲ့ အမျိုးသမီးတွေရဲ့ အစစအရာရာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော နိုင့်ထက်စီးနင်း ခံနေရတဲ့အခြေအနေပေါ့။”

ဒီလို အခြေအနေတွေ ကြားမှာပဲ လက်တလော ငွေကြေး ဖောင်းပွမှုနဲ့အတူ ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာတဲ့အခါ အရင်နဲ့မတူတဲ့ အကျပ်အတည်းတွေ ပိုပြီး ကြုံလာရတယ်လို့ မြန်မာပေါင်ချိန် စက်ရုံက မဖြိုးသီတာဝင်း က ပြောပါတယ်။

“အရင်တုန်းကဆိုလို့ရှိရင် ညီမတို့ လစာနဲ့ အိမ်ကိုလည်း လောက်လောက်ငှငှ ပေးလို့ရတယ်။ ညီမတို့ဆိုရင် အိမ်ငှားပြီး နေရတာလေ။ အိမ်လခတွေ ပေးလို့ရတယ်။ အခုဆိုလို့ရှိရင် ညီမတို့မှာ အိမ်လခတောင် အနိုင်နိုင်ပေါ့နော်။ တခါတလေ အိမ်လခကို ခုချိန်ထိ လ တဝက်တောင် မပေးနိုင်သေးတာတွေ ရှိတယ်။ တသိန်း ဆိုရင် ၅ သောင်းပဲ ပေးရသေးတယ်။ ကျန်တဲ့ ၅ သောင်း အိမ်ရှင်ကို မပေးရသေးဘူး။ အဲ့လို အခက်အခဲတွေလည်း ရှိတယ်။ ဆန်တွေ ဆီတွေ ဝယ်တဲ့အခါ ဆိုရင်လည်း အရင်တုန်းက နှစ်ပိဿာ သုံးပိဿာ ဝယ်နိုင်တယ်ဆိုရင် အခု တပိဿာလောက်နဲ့ တင်းတိမ် ရတာမျိုးတွေ ရှိတယ်။ ပြီးရင် အရင်က ပိုက်ဆံမချေးဘဲ တလလုံး ဒီလစာလေးနဲ့ အဆင်ပြေအောင် နေနိုင်ပေမဲ့ အခုဆိုရင် မချေးလို့မရတော့ဘူး။ ဆိုတော့ ချေးလိုက်၊ လကုန်ရင် ပြန်ဆပ်လိုက်နဲ့ အဲ့ဒီလိုမျိုးပေါ့ စားသောက်စရိတ်ကအစ အကုန်လုံး ရှားပါးနေတယ်။ လမ်းမှာဆိုရင်လည်း အခု လုယက်မှုတွေက အရမ်းများတယ်။ ညီမ ဆိုရင် ဟိုတလောတုန်းက ဖုန်းတောင် အလုပ်ခံလိုက်ရ သေးတယ်။ လမ်းမှာ ဖုန်းမပြောရဲတဲ့ အနေအထားတခုတောင် ဖြစ်သွားတယ်။ လမ်းမှာ ဖုန်းလာပြီဆို ဘယ်ဖုန်းပဲဖြစ်ဖြစ် မကိုင်ရဲတော့ဘူး။ ဘာလို့လဲဆိုတော့ ဖုန်း အလုခံရမှာ ကြောက်တာရယ်။ ပြီးရင် တချို့ဆိုရင် ရွှေပြည်သာဘက်မှာ၊ တော်ဝင်လမ်းဘက်မှာ ဆိုရင် ကားပေါ်ကို ဓားပြတိုက်တာ။ အဲ့လိုမျိုးတွေတောင် ဖြစ်တယ်။ လစာ ထုတ်ရက်မှာလေ။ အဲ့လိုမျိုးတွေတောင် ဖြစ်တဲ့အခါ ကျတော့ ညီမတို့အတွက်က သွားလာမှုတွေလည်း လုံခြုံမှု မရှိတော့ဘူး။ နေထိုင် အစားအသောက်တွေ ကအစ ကျပ်တည်းတဲ့ဘဝကို ရောက်နေတာပေါ့နော်။ သိသိသာသာကြီးကို ပြောင်းလဲသွားတာပေါ့နော်။”

ဒီလို သိသိသာသာ ပြောင်းလဲသွားတဲ့ အခြေအနေအောက်မှာ အလုပ်သမား အများစုကတော့ တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့အပြိုင် ရပ်တည် နေထိုင် စားသောက်နိုင်ဖို့အတွက် လုပ်အားခလစာ တိုးပေး စေချင်သလို၊ လုံခြုံဘေးကင်းတဲ့ လုပ်ငန်းခွင်မှာ အလုပ် လုပ်ခွင့် ပြန်ရချင်ပြီလို့ ပြောကြပါတယ်။

ဒါပမေဲ့ ဒီလို ပြန်ရဖို့မှာတော့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ လိုအပ်သလို၊ အလုပ်သမားတွေရဲ့ အခွင့်အရေး အပါအဝင် အခြေခံ လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့ အုပ်ချုပ်မှုစနစ်တရပ် ရှိမှသာ ဖြစ်နိုင်လိမ့်မယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG