သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်အခြေစိုက်စခန်းတခု KNLA နဲ့ PDF ပူးပေါင်းတပ်တွေသိမ်းပိုက်


စစ်တပ်အခြေစိုက် ရေတလျောက်စခန်းတခု KNLA နဲ့ PDF ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့ (စက်တင်ဘာ ၁၄၊ ၂၀၂၃)
စစ်တပ်အခြေစိုက် ရေတလျောက်စခန်းတခု KNLA နဲ့ PDF ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့ (စက်တင်ဘာ ၁၄၊ ၂၀၂၃)

ထိုင်း - မြန်မာနယ်စပ်က စစ်တပ်အခြေစိုက်စခန်းတခုဖြစ်တဲ့ ရေတလျောက်စခန်းကို KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ရေးအရ ဗျူဟာကျတဲ့တပ်စခန်းကနေ လက်နက်အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေထဲမှာရှိတဲ့ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီရဲ့ စစ်ရေးအရ ဗျူဟာကျတဲ့ ရေတလျောက်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ပါတယ်။ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈) နဲ့ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ စက်တင်ဘာ ၁၄ ရက်က သိမ်းယူခဲ့တာဖြစ်တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက VOA ကို ပြောပါတယ်.

"ရေတလျောက်စခန်းကို KNLAတပ်ရင်း ၁၈နဲ့ /PDF ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၄ရက်နေ့မနက် ၇ နာရီ ၅၅ လောက်က တိုက်ခိုက် သိမ်းပိုက်ရာမှာ နာရီဝက်အတွင်းမှာ လွယ်ကူစွာတိုက်ခိုက်သိမ်းပိုက်နိုင်တယ်။ စခန်းက လက်နက်ကြီးငယ်အမြောက်အများသိမ်းပိုက်နိုင်ခဲ့တယ်။ စကစဘက်က ၉ ဦးအသက်သေဆုံးတယ်။ ကျန်တဲ့သူတွေကတော့ စခန်းကိုစွန့်ခွါထွက်ပြေးသွားကြတယ်။ ကျနော်တို့ဘက်က ၃ ဦးဒဏ်ရာရတယ် တဦးကတော့ တိုင်းပြည်အတွက်အသက်ပေးသွားရတယ်"

ဒီစခန်းဟာ စစ်ရေးဗျူဟာအရ အရေးပါတဲ့စခန်းတခုဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်ကျည်ဆံတွေ အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်တပ်အခြေစိုက် ရေတလျောက်စခန်းတခု KNLA နဲ့ PDF ပူပေါင်းတပ်တွေသိမ်းပိုက်ခဲ့ (စက်တင်ဘာ ၁၄၊ ၂၀၂၃)
စစ်တပ်အခြေစိုက် ရေတလျောက်စခန်းတခု KNLA နဲ့ PDF ပူပေါင်းတပ်တွေသိမ်းပိုက်ခဲ့ (စက်တင်ဘာ ၁၄၊ ၂၀၂၃)

"စစ်ရေးဗျူဟာအရ အရေးပါတဲ့စခန်းဖြစ်တယ် ဒေါန တောင်ကြောတလျောက်မှာ ခြေကုတ်ယူထားတဲ့ အခြေချ စခန်းတခုဖြစ်ပါတယ်။ ကျနော်တို့ဘက်က လက်နယ်ငယ်တွေ MA 1 MA2 60 မမ တွေ RPG တလက် လက်နက်ခဲယမ်းတွေ စကားပြောစက်တွေ နင်းမိုင်းတွေလက်ပစ်ဗုံးတွေ ကျည်ဆံတွေက ထောင်ကျော်ပါတယ်။ အခြေချထားတဲ့ အထိုင်စခန်းတခုမှာ ရှိတဲ့လက်နက်အင်အားတွေပဲလေ"

စစ်ကောင်စီဘက်က ရေတလျောက်စခန်းလက်လွှတ်လိုက်ရတာနဲ့ပါတ်သက်လို့ စစ်ကောင်စီကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ စစ်ကောင်စီတပ်စခန်းတွေ တခုပြီးတခုလက်လွှတ်ရပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း ကရင်ပြည်နယ်အတွင်းမှာ လေကြောင်းကနေ တိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေနေ့စဉ်လိုလို ရှိနေပြီး ကရင်ပြည်နယ်အတွင်းက ဒေသခံတွေထိခိုက် သေဆုံးတာ ဒဏ်ရာရတာတွေလည်း မကြာခဏ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG